ဟေရှာယ 24
24
ကမ္ဘာမြေကြီးကိုဒဏ်ခတ်မည်
1ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ကို ကွဲပြားစေတော်မူ၏။ 2ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့လည်းကောင်း၊ သခင်သည် ကျွန်ကဲ့သို့လည်းကောင်း၊ သခင်မသည် ကျွန်မကဲ့သို့လည်းကောင်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့လည်းကောင်း၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့လည်းကောင်း၊ အတိုးစားသောသူသည် အတိုးပေးသော သူကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။ 3တစ်ပြည်လုံး လွတ်လပ်၍ ရှင်းရှင်းပျက်စီးရလိမ့်မည် ဟူသောအရာကို ထာဝရဘုရား မိန့်တော်မူ၏။ 4ပြည်တော်သည် ငြိုငြင်ညှိုးငယ်ခြင်းရှိ၏။ လောကသည် အားလျော့၍ ညှိုးငယ်ခြင်းရှိ၏။ ဘုန်းကြီးသော ပြည်သားတို့သည် အားလျော့ကြ၏။ 5ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကိုပြောင်းလဲခြင်း၊ ထာဝရသစ္စာတော်ကို ဖျက်ခြင်းအကြောင်းကြောင့်၊ ပြည်တော်သည် ညစ်ညူးခြင်းရှိ၏။ 6ထိုကြောင့်၊ ကျိန်တော်မူသော အကျိန်သည် ပြည်တော်ကိုလွှမ်းမိုးပြီ။ ပြည်သားတို့အပေါ်မှာ အပြစ်ရောက်လေပြီ။ ထိုကြောင့် ပြည်သားတို့သည် ပူလောင်ကြသဖြင့်၊ ကျန်ကြွင်းသောသူတို့သည် နည်းကြ၏။ 7သစ်သောစပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ်နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်းသောသူအပေါင်းတို့သည် ညည်းတွားကြ၏။ 8သာယာသောပတ်သာအသံ ငြိမ်းပြီ။ ဝမ်းမြောက်သောသူ၏ အသံမရှိ။ သာယာသောစောင်းသံလည်း ငြိမ်းပြီ။ 9သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပါးစပ်ခါးကြလိမ့်မည်။ 10လွတ်လပ်သောမြို့သည် ပြိုပျက်လေပြီ။ အဘယ်သူမျှ မဝင်စေခြင်းငှာ၊ အိမ်များကို ပိတ်ထားကြပြီ။ 11စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည်တမ်းခြင်းရှိ၏။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ကွယ်ပြီ။ တစ်ပြည်လုံး၌ သာယာသောအသံငြိမ်းပြီ။ 12ဆိတ်ညံခြင်းသည် မြို့ထဲမှာကျန်ရစ်၏၊ မြို့တံခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ကြပြီ။
13ထိုသို့ ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကိုလှုပ်၍ အသီးကို ရသကဲ့သို့လည်းကောင်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန်ကို ကောက်ရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ 14ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တစ်ဖက်မှ မြည်ကြလိမ့်မည်။ 15သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘုရားကိုလည်းကောင်း၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကိုလည်းကောင်း ချီးမွမ်းကြလော့။ 16သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူစေသတည်းဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည်ကြားရ၏။ ငါမူကား၊ အလွန်ဆင်းရဲ၏။ အလွန်ဆင်းရဲ၏။ အမင်္ဂလာရှိ၏။ လုယက်သောသူတို့သည် လုယက်လျက်နေကြ၏။ လုယက်သောသူတို့သည် ကြမ်းတမ်းစွာ လုယက်ကြ၏။ 17အို ပြည်သား၊ သင်သည် ကြောက်လန့်ဖွယ်သောအရာ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။ 18ကြောက်လန့်ဖွယ်သောအရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီးအမြစ်လည်း လှုပ်ရှားလေ၏။ 19ပြည်တော်သည် တစ်ပြည်လုံး ပြုတ်လေပြီ။ ပြည်တော်သည် အကုန်အစင် ပြိုပျက်လေပြီ။ ပြည်တော်သည် အလွန်တုပ်လှုပ်လျက် ရှိလေ၏။ 20ပြည်တော်သည် ယစ်မူးသောသူကဲ့သို့ တလူးလည်လည်ရှိ၏။ ပုခက်ကဲ့သို့ လှုပ်ရှား၏။ မိမိအပြစ်သည် မိမိအပေါ်မှာလေးသဖြင့်၊ ပြည်တော်သည် လဲလိမ့်မည်။ နောက်တစ်ဖန်မထရ။
21ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအရပ်၌ မြင့်သောအလုံးအရင်းကိုလည်းကောင်း၊ မြေပေါ်မှာမြေကြီး ရှင်ဘုရင်တို့ကိုလည်းကောင်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်။ 22သူတို့သည် တွင်းထဲမှာ တစ်စုတည်းစုဝေး၍ ချည်နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကိုခံလျက် နေရကြလိမ့်မည်။ များစွာသော နေ့ရက်ကာလလွန်ပြီးမှ၊ စစ်ကြောခြင်းကို ခံရကြလိမ့်မည်။ 23လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည်လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ဇိအုန်တောင်ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ရှေ့တွင် ဘုန်းကြီးတော်မူလတ္တံ့။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 24: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: