YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 24

24
က​မ္ဘာ​မြေ​ကြီး​ကို​ဒဏ်​ခတ်​မည်
1ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို လွတ်​လပ်​စေ၍ ပယ်​ရှင်း​မှောက်​ထား​သ​ဖြင့်၊ ပြည်​သား​တို့​ကို ကွဲ​ပြား​စေ​တော်​မူ၏။ 2ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည် ဆင်း​ရဲ​သား​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​သည် ကျွန်​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​မ​သည် ကျွန်​မ​ကဲ့​သို့​လည်း​ကောင်း၊ ရောင်း​သော​သူ​သည် ဝယ်​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ကြွေး​ရှင်​သည် ကြွေး​တင်​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ အ​တိုး​စား​သော​သူ​သည် အ​တိုး​ပေး​သော သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။ 3တစ်​ပြည်​လုံး လွတ်​လပ်၍ ရှင်း​ရှင်း​ပျက်​စီး​ရ​လိမ့်​မည် ဟူ​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 4ပြည်​တော်​သည် ငြို​ငြင်​ညှိုး​ငယ်​ခြင်း​ရှိ၏။ လော​က​သည် အား​လျော့၍ ညှိုး​ငယ်​ခြင်း​ရှိ၏။ ဘုန်း​ကြီး​သော ပြည်​သား​တို့​သည် အား​လျော့​ကြ၏။ 5ပြည်​သား​တို့​သည် တ​ရား​တော်​ကို လွန်​ကျူး​ခြင်း၊ အ​မိန့်​တော်​ကို​ပြောင်း​လဲ​ခြင်း၊ ထာ​ဝ​ရ​သ​စ္စာ​တော်​ကို ဖျက်​ခြင်း​အ​ကြောင်း​ကြောင့်၊ ပြည်​တော်​သည် ညစ်​ညူး​ခြင်း​ရှိ၏။ 6ထို​ကြောင့်၊ ကျိန်​တော်​မူ​သော အ​ကျိန်​သည် ပြည်​တော်​ကို​လွှမ်း​မိုး​ပြီ။ ပြည်​သား​တို့​အ​ပေါ်​မှာ အ​ပြစ်​ရောက်​လေ​ပြီ။ ထို​ကြောင့် ပြည်​သား​တို့​သည် ပူ​လောင်​ကြ​သ​ဖြင့်၊ ကျန်​ကြွင်း​သော​သူ​တို့​သည် နည်း​ကြ၏။ 7သစ်​သော​စ​ပျစ်​ရည်​သည် ငြို​ငြင်​လေ၏။ စ​ပျစ်​နွယ်​ပင်​သည်​လည်း အား​လျော့​လေ၏။ စိတ်​ရွှင်​လန်း​သော​သူ​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ၏။ 8သာ​ယာ​သော​ပတ်​သာ​အ​သံ ငြိမ်း​ပြီ။ ဝမ်း​မြောက်​သော​သူ၏ အ​သံ​မ​ရှိ။ သာ​ယာ​သော​စောင်း​သံ​လည်း ငြိမ်း​ပြီ။ 9သီ​ချင်း​ဆို​လျက် စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။ သေ​ရည်​သေ​ရက်​ကို သောက်​သော​သူ​တို့​သည် ပါး​စပ်​ခါး​ကြ​လိမ့်​မည်။ 10လွတ်​လပ်​သော​မြို့​သည် ပြို​ပျက်​လေ​ပြီ။ အ​ဘယ်​သူ​မျှ မ​ဝင်​စေ​ခြင်း​ငှာ၊ အိမ်​များ​ကို ပိတ်​ထား​ကြ​ပြီ။ 11စ​ပျစ်​ရည်​ပြတ်​သော​ကြောင့် လမ်း​ခ​ရီး​တို့၌ မြည်​တမ်း​ခြင်း​ရှိ၏။ ဝမ်း​မြောက်​ခြင်း​လည်း အ​ကြွင်း​မဲ့​ကွယ်​ပြီ။ တစ်​ပြည်​လုံး၌ သာ​ယာ​သော​အ​သံ​ငြိမ်း​ပြီ။ 12ဆိတ်​ညံ​ခြင်း​သည် မြို့​ထဲ​မှာ​ကျန်​ရစ်၏၊ မြို့​တံ​ခါး​ကို​လည်း ရိုက်​ခတ်၍ ဖြို​ဖျက်​ကြ​ပြီ။
13ထို​သို့ ပြည်​တော်​အ​လယ်၊ ပြည်​သား​တို့​တွင် ဖြစ်​ရ​သော်​လည်း သံ​လွင်​ပင်​ကို​လှုပ်၍ အ​သီး​ကို ရ​သ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို သိမ်း​ယူ​သော​နောက်၊ အ​ကြွင်း​အ​ကျန်​ကို ကောက်​ရ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ 14ထို​သူ​တို့​သည် ကြွေး​ကြော်၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​သော​အ​သံ​နှင့် ပင်​လယ်​တစ်​ဖက်​မှ မြည်​ကြ​လိမ့်​မည်။ 15သို့​ဖြစ်၍၊ အ​ရှေ့​မျက်​နှာ​အ​ရပ်​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ပင်​လယ်​တစ်​ဖက် တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၌၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​လည်း​ကောင်း ချီး​မွမ်း​ကြ​လော့။ 16သန့်​ရှင်း​တော်​မူ​သော​သူ​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု မြေ​ကြီး​စွန်း​မှ သီ​ချင်း​ဆို​သံ​ကို ငါ​တို့​သည်​ကြား​ရ၏။ ငါ​မူ​ကား၊ အ​လွန်​ဆင်း​ရဲ၏။ အ​လွန်​ဆင်း​ရဲ၏။ အ​မင်္ဂ​လာ​ရှိ၏။ လု​ယက်​သော​သူ​တို့​သည် လု​ယက်​လျက်​နေ​ကြ၏။ လု​ယက်​သော​သူ​တို့​သည် ကြမ်း​တမ်း​စွာ လု​ယက်​ကြ၏။ 17အို ပြည်​သား၊ သင်​သည် ကြောက်​လန့်​ဖွယ်​သော​အ​ရာ မြေ​တွင်း၊ ကျော့​ကွင်း​ထဲ​သို့ ရောက်​လေ​ပြီ။ 18ကြောက်​လန့်​ဖွယ်​သော​အ​ရာ​မှ ပြေး​သော​သူ​သည် မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ လွတ်​သော​သူ​သည် ကျော့​ကွင်း၌ ကျော့​မိ​လိမ့်​မည်။ ကောင်း​ကင်​ပြွန်​ဝ​ပွင့်​လျက်​ရှိ၍၊ မြေ​ကြီး​အ​မြစ်​လည်း လှုပ်​ရှား​လေ၏။ 19ပြည်​တော်​သည် တစ်​ပြည်​လုံး ပြုတ်​လေ​ပြီ။ ပြည်​တော်​သည် အ​ကုန်​အ​စင် ပြို​ပျက်​လေ​ပြီ။ ပြည်​တော်​သည် အ​လွန်​တုပ်​လှုပ်​လျက် ရှိ​လေ၏။ 20ပြည်​တော်​သည် ယစ်​မူး​သော​သူ​ကဲ့​သို့ တ​လူး​လည်​လည်​ရှိ၏။ ပု​ခက်​ကဲ့​သို့ လှုပ်​ရှား၏။ မိ​မိ​အ​ပြစ်​သည် မိ​မိ​အ​ပေါ်​မှာ​လေး​သ​ဖြင့်၊ ပြည်​တော်​သည် လဲ​လိမ့်​မည်။ နောက်​တစ်​ဖန်​မ​ထ​ရ။
21ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည်၊ မြင့်​သော​အ​ရပ်၌ မြင့်​သော​အ​လုံး​အ​ရင်း​ကို​လည်း​ကောင်း၊ မြေ​ပေါ်​မှာ​မြေ​ကြီး ရှင်​ဘု​ရင်​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​စစ်​ကြော​တော်​မူ​လိမ့်​မည်။ 22သူ​တို့​သည် တွင်း​ထဲ​မှာ တစ်​စု​တည်း​စု​ဝေး၍ ချည်​နှောင်​ခြင်း၊ ထောင်​ထဲ​မှာ ချုပ်​ထား​ခြင်း​ကို​ခံ​လျက် နေ​ရ​ကြ​လိမ့်​မည်။ များ​စွာ​သော နေ့​ရက်​ကာ​လ​လွန်​ပြီး​မှ၊ စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ 23လ​သည်​လည်း မျက်​နှာ​ပျက်​လိမ့်​မည်။ နေ​သည်​လည်း အ​ရှက်​ကွဲ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဇိ​အုန်​တောင်​ပေါ်​မှာ ယေ​ရု​ရှ​လင်​မြို့၌ မင်း​ပြု၍၊ အ​သက်​ကြီး​သူ​တို့​ရှေ့​တွင် ဘုန်း​ကြီး​တော်​မူ​လ​တ္တံ့။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 24: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ