ဟေရှာယ 31
31
အဲဂုတ္တုပြည်သားသည်ဘုရားမဟုတ်
1စစ်ကူတောင်းအံ့သောငှာ အဲဂုတ္တုပြည်သို့သွား၍၊ မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကိုလည်းကောင်း၊ အားကြီးသော မြင်းစီးသူရဲတို့ကိုလည်းကောင်း ခိုလှုံလျက်၊ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်လင့်၊ ထာဝရဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ၏။ 2ထိုဘုရားသည် ဉာဏ်တော်ကျယ်၍၊ သူတို့အပေါ်မှာ ဘေးကို သက်ရောက်စေတော်မူမည်။ စကားတော်မပျက်ဘဲ၊ ဆိုးသော လူမျိုးကိုလည်းကောင်း၊ မတရားသဖြင့် ပြုသောသူတို့ဘက်မှာနေသော သူတို့ကိုလည်းကောင်း တစ်ဖက်၌ ထတော်မူမည်။ 3အဲဂုတ္တုပြည်သားတို့သည် ဘုရားမဖြစ်၊ လူသက်သက် ဖြစ်ကြ၏။ သူတို့မြင်းသည်လည်း ဝိညာဉ်မဖြစ်၊ အသားသက်သက် ဖြစ်၏။ ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူသောအခါ၊ မစတတ်သောသူသည် လဲလိမ့်မည်။ မစအပ်သောသူလည်း ဆုံးလိမ့်မည်။ အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ 4ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင်ပေါ်မှာ နေသောအခါ၊ သိုးထိန်းအလုံးအရင်း၏ ဆီးတားအော်ဟစ်ခြင်းကို မကြောက်၊ သူတို့ပြုသော အသံဗလံအားဖြင့် အရှုံးမခံသကဲ့သို့၊ ထိုနည်းတူ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တော်တည်းဟူသော ဇိအုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှာ ဆင်းသက်တော်မူလိမ့်မည်။ 5ငှက်သည် သားငယ်ကို အုပ်တတ်သကဲ့သို့၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရှုရှလင်မြို့ကို ကွယ်ကာတော်မူမည်။ ကွယ်ကာစောင့်မ၍ အပြစ်မပေး၊ ကယ်တင်တော်မူမည်။
6အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် အလွန် လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာကြလော့။ 7အကယ်စင်စစ် လူအပေါင်းတို့သည် မိမိလက်ဖြင့် အသီးအသီးလုပ်သော ငွေရုပ်တု၊ ရွှေရုပ်တုတည်းဟူသော၊ ပြစ်မှားရာအရာများကို ထိုကာလ၌ ပစ်လိုက်ကြလိမ့်မည်။ 8အာရှုရိလူသည်လည်း၊ ကြီးမြတ်သောသူ၏ ဓားမဟုတ်သော ဓားဖြင့် ဆုံးလိမ့်မည်။ ယုတ်သောသူ၏ ဓားမဟုတ်သောဓားသည် သူ့ကိုဖျက်ဆီးလိမ့်မည်။ သူသည်လည်း ဓားဘေးမှပြေး၍၊ သူရဲတို့သည် ကျွန်ခံရကြလိမ့်မည်။ 9သူသည်လည်း ကြောက်လန့်သဖြင့်၊ မိမိခိုင်ခံ့သော မြို့ကိုလွန်သွား၍၊ သူ၏မှူးမတ်တို့သည် နိမိတ်ကိုမြင်လျှင် စိတ်ပျက်ကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာ မီးလျှံ၊ ယေရှုရှင်မြို့၌ မီးဖိုရှိသော ထာဝရဘုရားမိန့်တော်မူသတည်း။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 31: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: