YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 30

30
အဲ​ဂု​တ္တု​ပြည်​နှင့်​မ​ဟာ​မိတ်​မ​ပြု​ရ
1ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပုန်​ကန်​သော​အ​မျိုး​သား​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့​သည် ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ အ​ချင်း​ချင်း​တိုင်​ပင်​ကြ၏။ ငါ့​ဝိ​ညာဉ်​အ​ခွင့်​မ​ရှိ​ဘဲ မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​ထပ်​ထပ်​အ​ပြစ် ရောက်​ကြ၏။ 2ဖာ​ရော​ဘု​ရင်၏​ဘုန်း​ကို​အ​မှီ​ပြု၍၊ အဲ​ဂု​တ္တု​အ​ရိပ်​ကို ခို​လှုံ​ခြင်း​ငှာ၊ ငါ့​နှုတ်​ထွက်​ကို အ​ခွင့်​မ​ပန်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​သို့ ရောက်​အောင် သွား​ကြ၏။ 3သို့​ဖြစ်၍ သင်​တို့​သည် ဖာ​ရော​ဘု​ရင်၏ ဘုန်း​ကို​အ​မှီ​ပြု​သော​ကြောင့် ရှက်​ကြောက်​ကြ​လိမ့်​မည်။ အဲ​ဂု​တ္တု​အ​ရိပ်​ကို ခို​လှုံ​သော​ကြောင့် မျက်​နှာ​ပျက်​ကြ​လိမ့်​မည်။ 4သူ​တို့​မင်း​တို့​သည် ဇော​န​မြို့၌ ရှိ​ကြ​ပြီ။ သံ​တ​မန်​တို့​သည် ဟာ​နက်​မြို့​သို့ ရောက်​ကြ​ပြီ။ 5အ​သုံး​မ​ဝင်၊ အ​ကူ​အ​ညီ​မ​ပေး၊ ကျေး​ဇူး​မ​ပြု​နိုင်​ဘဲ ရှက်​ကြောက်​ခြင်း၊ အ​သ​ရေ​ပျက်​ခြင်း အ​ကြောင်း​သာ​ဖြစ်​သော လူ​မျိုး​ကို သူ​တို့​ရှိ​သ​မျှ​သည် ရှက်​ကြောက်​ကြ၏။ 6ခြင်္သေ့​မ၊ ခြင်္သေ့​ပျို၊ မြွေ​ဆိုး၊ ပျံ​တတ်​သော​မီး​မြွေ များ​သ​ဖြင့်၊ အ​လွန်​ခဲ​ယဉ်း၍ ဆင်း​ရဲ​သော​ပြည်​ကို လျှောက်​လျက်၊ တောင်​မျက်​နှာ​သို့​သွား​သော တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ တင်​သော​ဝန်​များ​ကို ကြည့်​ရှု​ကြ​လော့။ မြည်း​ပ​ခုံး​ပေါ်​မှာ ဥ​စ္စာ​ပ​စ္စည်း​များ​ကို​လည်း​ကောင်း၊ ကု​လား​အုတ်၏​ဘို့​ပေါ်​မှာ ဘ​ဏ္ဍာ​များ​ကို​လည်း​ကောင်း တင်၍၊ ကျေး​ဇူး​မ​ပြု​နိုင်​သော လူ​မျိုး​ထံ​သို့ ဆောင်​သွား​ကြ​သည်​တ​ကား။ 7အဲ​ဂု​တ္တု​ပြည်​သည် အ​ချည်း​နှီး​သက်​သက်၊ အ​ကျိုး​မ​ပေး​နိုင်။ ထို​ကြောင့်၊ မ​လှုပ်​ဘဲ​နေ​တတ်​သော ရာ​ခပ်​ဟု ငါ​သ​မုတ်​ပေ၏။
ပုန်ကန်တတ်သော​လူ​မျိုး
8သင်​သည် ယ​ခု​သွား၍ သူ​တို့​ရှေ့​မှာ​သင်​ပုန်း၌ ရေး​ထား​ရ​သော​အ​ချက်၊ နောင်​ကာ​လ အ​စဉ်​အ​ဆက်​တည်​စေ​ခြင်း​ငှာ၊ စာ​စီ၍ မှတ်​သား​ရ​သော အ​ချက်​ဟူ​မူ​ကား၊ 9ဤ​လူ​မျိုး​သည် ပုန်​ကန်​တတ်၏။ ဖောက်​ပြန်​သော​အ​မျိုး​သား၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို နာ​ယူ​ခြင်း​ငှာ အ​လို​မ​ရှိ​သော အ​မျိုး​သား​ဖြစ်​ကြ၏။ 10သူ​တို့​က​လည်း၊ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ပါ​နှင့်​ဟု ဗျာ​ဒိတ်​ခံ​သော သူ​တို့​အား​လည်း​ကောင်း၊ မှန်​သော​စ​ကား​ကို ငါ​တို့​အား မ​ဟော​ပါ​နှင့်။ ချော့​မော့​သော​စ​ကား​ကို ပြော​ကြ​ပါ။ လှည့်​စား​သော​စ​ကား​ကို ဟော​ကြ​ပါ။ 11လမ်း​လွှဲ​ကြ​ပါ။ မှန်​သော​လမ်း​ကို ရှောင်​ကြ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို ငါ​တို့​ရှေ့​မှာ ကွယ်​ထား​ကြ​ပါ​ဟု ပ​ရော​ဖက်​တို့​အား​လည်း​ကောင်း ဆို​တတ်​ကြ၏။ 12သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် နှုတ်​က​ပတ်​တော်​ကို​ပယ်၍၊ လိမ်​ကောက် ယို​ယွင်း​ခြင်း​ကို​သာ မှီ​ဝဲ​ခို​လှုံ​သော​ကြောင့်၊ 13သင်​တို့​အ​ပြစ်​သည် ပြို​ကျ​လု​သော အုတ်​ရိုး​ပျက်​ကဲ့​သို့​လည်း​ကောင်း၊ မြင့်​သော​အုတ်​ထ​ရံ၌ မ​ညီ​မ​ညွတ် ထွက်​ဝင်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ထို​ထ​ရံ​သည် အ​လျင်​တ​ဆော ချက်​ချင်း ပြို​ပျက်​တတ်၏။ 14မြေ​အိုး​ကွဲ​သ​ကဲ့​သို့ ကွဲ​ရ​လိမ့်​မည်။ ကွဲ​ရာ​တွင်​လည်း မီး​ဖို​ထဲ​က မီး​ခဲ​ခံ​စ​ရာ​ဖို့၊ ရေ​ကန်​ထဲ​က ရေ​ခပ်​စ​ရာ​ဖို့ အိုး​ခြမ်း​တစ်​ခု​မျှ မ​ရှိ​စေ​ခြင်း​ငှာ၊ နှ​မြော​ခြင်း​မ​ရှိ​ဘဲ ခွဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။
15ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ ငြိမ်​ဝပ်​စွာ​နေ​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ငြိမ်​ဝပ်​စွာ​နေ​ခြင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ခွန်​အား​အ​စွမ်း​ကို ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် ထို​သို့​သော အ​လို​မ​ရှိ​ကြ။ 16ငါ​တို့​သည် ထို​သို့​မ​နေ၊ မြင်း​စီး၍ ပြေး​မည်​ဟု ဆို​သော​ကြောင့်၊ သူ​တစ်​ပါး​တို့​သည် သင်​တို့​ကို ပြေး​စေ​မည်။ ငါ​တို့​သည် လျင်​မြန်​စွာ စီး​သွား​မည်​ဟု ဆို​သော​ကြောင့်၊ သင်​တို့​ကို လိုက်​သော​သူ​တို့​သည် လျင်​မြန်​ကြ​လိမ့်​မည်။ 17သင်​တို့​သည် တောင်​ထိပ်​ပေါ်​မှာ စိုက်​သော မှတ်​တိုင်​ကဲ့​သို့​လည်း​ကောင်း၊ ကုန်း​ပေါ်​မှာ​ထူ​သော အ​လံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​သည်​တိုင်​အောင်၊ တစ်​ယောက်​သော​သူ​သည် ခြိမ်း​လျှင်၊ တစ်​ထောင်​သော​သူ​တို့​သည် ပြေး​ကြ​လိမ့်​မည်။ ငါး​ယောက် ခြိမ်း​လျှင်၊ တစ်​သောင်း​ပြေး​ကြ​လိမ့်​မည်။
18သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​လို​သော​ငှာ မျှော်​လင့်​တော်​မူ​မည်။ က​ရု​ဏာ​ပြု​လို​သော​ငှာ ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။
ဇိ​အုန်​မြို့​အ​တွက်​က​တိ​တော်
19ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ဇိ​အုန်​အ​မျိုး၊ သင်​သည် အ​စဉ် ငို​ကြွေး​ရ​မည်​မ​ဟုတ်။ သင်​အော်​ဟစ်​သံ​ကို နား​ထောင်၍ ကယ်​မ​သ​နား​တော်​မူ​လိမ့်​မည်။ ထို​အ​သံ​ကို ကြား​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။ 20ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဒု​က္ခ​မုန့်​ကို​ကျွေး၍၊ ဆင်း​ရဲ​ခြင်း​ရေ​ကို တိုက်​တော်​မူ​သော်​လည်း၊ သင်၏​ဆ​ရာ​တို့​သည် နောက်​တစ်​ဖန် ပုန်း​ရှောင်၍ မ​နေ​ရ​ကြ။ ကိုယ်​မျက်​စိ​နှင့် ကိုယ်​ဆ​ရာ​တို့​ကို မြင်​ရ​လိမ့်​မည်။ 21သင်​သည် လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ လမ်း​လွဲ​လျှင်၊ ဤ​မည်​သော​လမ်း​သည် မှန်၏။ ဤ​လမ်း၌​သွား​လော့​ဟု သင့်​နောက်၌ ပြော​သော​စ​ကား​သံ​ကို ကိုယ်​နား​နှင့် ကြား​ရ​လိမ့်​မည်။ 22ထု​လုပ်​သော ငွေ​ရုပ်​တု​တန်​ဆာ​နှင့် သွန်း​သော ရွှေ​ရုပ်​တု​တန်​ဆာ​များ​ကို မ​ရို​မ​သေ​ပြု၍၊ ညစ်​ညူး​သော အ​ဝတ်​ကဲ့​သို့ ပစ်​ပယ်​လျက်၊ သွား​တော့​ဟု ဆို​ရ​လိမ့်​မည်။ 23သင်​သည် လယ်၌​ကြဲ​သော​မျိုး​စေ့​ဖို့ မိုး​ကို ရွာ​စေ​တော်​မူ​လိမ့်​မည်။ မြေ​အ​သီး​အ​နှံ​မှ​ဖြစ်​သော မုန့်​ကို အ​လွန်​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ သင်၏​သိုး​နွား​တို့​သည် ကျယ်​သော​အ​ရပ်၌ ကျက်​စား​ရ​ကြ​လိမ့်​မည်။ 24ဆန်​ကော​နှင့် ဆန်​ခါ​ဖြင့် သန့်​ရှင်း​စေ၍၊ ကောင်း​မွန်​စွာ ရော​နှော​သော စ​ပါး​ကို​သာ မြေ၌​လုပ်​သော​နွား​နှင့် မြည်း​တို့​သည်​လည်း စား​ရ​ကြ​လိမ့်​မည်။ 25များ​စွာ​သော လူ​တို့​ကို သတ်၍၊ ရဲ​တိုက်​တို့​သည် ပြို​လဲ​သော​အ​ခါ၊ မြင့်​သော​တောင်​ရှိ​သ​မျှ​နှင့် ထင်​ရှား​သော ကုန်း​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ ရေ​စီး​ရာ​မြစ်​နှင့် ချောင်း​များ ရှိ​ကြ​လိမ့်​မည်။ 26ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏ ကျိုး​ပျက်​ရာ​ကို ပြု​ပြင်၍၊ သူ​တို့​ခံ​ရ​သော ဒဏ်​ချက်​ရာ​ကို ပျောက်​စေ​တော်​မူ​သော​အ​ခါ၊ လ၏​အ​လင်း​သည် နေ၏​အ​လင်း​ကဲ့​သို့​ဖြစ်၍၊ နေ၏​အ​လင်း​သည်​လည်း ပ​က​တိ​ထက် ခု​နစ်​ဆ​လင်း​လိမ့်​မည်။
အာ​ရှု​ရိ​ပြည်​ကို​ဒဏ်​ခတ်​မည်
27ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဝေး​သော​အ​ရပ်​မှ လာ၏။ အ​မျက်​တော်​လောင်၍ မီး​လျှံ​ဟုန်း​လေ၏။ နှုတ်​တော်​သည် အ​မျက်​နှင့် ပြည့်၍၊ လျှာ​တော်​သည် မီး​ရှို့​သ​ကဲ့​သို့ ဖြစ်​လေ၏။ 28ထွက်​သက်​တော်​သည်​လည်း၊ လူ​မျိုး​တို့​ကို ရှင်း​ရှင်း ဖျက်​ဆီး​ခြင်း​ငှာ၊ လွှမ်း​မိုး​သော​ရေ​ကဲ့​သို့ လည်​ပင်း​ကို မီ​လိမ့်​မည်။ လမ်း​လွဲ​စေ​သော​ဇက်​ကို သူ​တို့​ပါး​စပ်၌ ခွံ့​တော်​မူ​လိမ့်​မည်။ 29သင်​တို့​သည် ပွဲ​ခံ​သော​နေ့​ည​တွင် ပြု​သ​ကဲ့​သို့ သီ​ချင်း​ဆို​ရ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​ကျောက်၊ ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်​သို့ ပု​လွေ​မှုတ်​လျက် သွား​သ​ကဲ့​သို့ ဝမ်း​မြောက်​ရ​ကြ​လိမ့်​မည်။ 30ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဘုန်း​ကြီး​သော​အ​သံ​တော်​ကို လွှတ်​တော်​မူ​လိမ့်​မည်။ လက်​ရုံး​တော် သက်​ရောက်​ခြင်း၊ ပြင်း​စွာ​အ​မျက်​ထွက်​ခြင်း၊ မီး​လျှံ​လောင်​ခြင်း၊ မိုး​သီး​ပါ​လျက်၊ မိုး​သက်​မုန်​တိုင်း​များ​တို့​ကို ပြ​တော်​မူ​လိမ့်​မည်။ 31သို့​ဖြစ်၍၊ အာ​ရှု​ရိ​လူ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​အား​ဖြင့် လှဲ​ချ​ခြင်း၊ လှံ​တံ​တော်​အား​ဖြင့် ဒဏ်​ခတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ 32ထာ​ဝ​ရ​ဘု​ရား​စီ​ရင်၍၊ သူ၏​အ​ပေါ်​မှာ လေး​စွာ​ချ​ထား​တော်​မူ​သော လှံ​တံ​သည် လျှောက်​သွား​ရာ​ရာ၌ စောင်း၊ ပတ်​သာ​တီး​ခြင်း​နှင့်​တ​ကွ ဖြစ်​လိမ့်​မည်။ သူ့​ကို ပြင်း​စွာ စစ်​တိုက်​တော်​မူ​လိမ့်​မည်။ 33အ​ကြောင်း​မူ​ကား၊ တော​ဖက်​အ​ရပ်​သည် ရှေး​ကာ​လ၌ စီ​ရင်​လျက်​ရှိ၏။ အ​ကယ်​စင်​စစ် ရှင်​ဘု​ရင်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ၏။ နက်​နဲ​ကျယ်​ဝန်း​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​ပြီ။ မီး​ရှို့​ဖို့ ထင်း​ပုံ​ကြီး​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​ထွက်​သက်​တော်​သည် အ​ရည်​ကျို​သော ကန့်​ကဲ့​သို့၊ ထို​ထင်း​ပုံ​ကို မီး​ရှို့​ရ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 30: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ