YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 15

15
ယု​ဒ​ပြည်​အ​တွက်​ကံ​ကြ​မ္မာ​ဆိုး
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ​နှင့် ရှ​မွေ​လ​သည် ငါ့​ရှေ့​မှာ​ဆု​တောင်း​သော်​လည်း၊ ဤ​လူ​မျိုး​ကို ငါ​မ​သ​နား။ ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ​နှင်​ထုတ်​လော့။#ထွ၊ ၃၂:၁၁-၁၄။ တော၊ ၁၄:၁၃-၁၉။ ၁ ရာ၊ ၇:၅-၉။ 2အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​အ​ရပ်​သို့ ထွက်​သွား​ရ​ပါ​မည်​နည်း​ဟု မေး​မြန်း​လျှင်၊ သင်​က​လည်း၊ သေ​တန်​သော​သူ​တို့​သည် သေ​ခြင်း​သို့​လည်း​ကောင်း၊ ကွပ်​မျက်​တန်​သော သူ​တို့​သည် ကွပ်​မျက်​ခြင်း​သို့​လည်း​ကောင်း၊ ငတ်​မွတ်​တန်​သော​သူ​တို့​သည် ငတ်​မွတ်​ခြင်း​သို့​လည်း​ကောင်း၊ သိမ်း​သွား​ချုပ်​ထား​တန်​သော သူ​တို့​သည် သိမ်း​သွား​ချုပ်​ထား​ခြင်း​သို့​လည်း​ကောင်း ထွက်​သွား​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​အား​ဆင့်​ဆို​လော့။#ဗျာ၊ ၁၃:၁၀။ 3သူ​တို့​ကို သတ်​ရ​သော​ဓား၊ ဆွဲ​ဖြတ်​ရ​သော​ခွေး၊ ကိုက်​စား​ရ​သော​မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တည်း​ဟူ​သော ရန်​သူ​လေး​မျိုး​ကို သူ​တို့​တစ်​ဖက်၌ ငါ​ခန့်​ထား​မည်။ 4ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇက်​သား မ​နာ​ရှေ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌​ပြု​သော​အ​မှု​ကြောင့်၊ ထို​သူ​တို့​ကို မြေ​ကြီး​ပေါ်​မှာ​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌ အ​နှောင့်​အ​ယှက်​ကို​ခံ​စေ​မည်။#၄​ရာ၊ ၂၁:၁-၁၆။ ၆​ရာ၊ ၃၃:၁-၉။ 5အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို အ​ဘယ်​သူ​သ​နား​လိမ့်​မည်​နည်း။ သင်​နှင့်​အ​တူ အ​ဘယ်​သူ ညည်း​တွား​လိမ့်​မည်​နည်း။ သင့်​ကို ကျန်း​မာ၏​လော​ဟု​မေး​အံ့​သော​ငှာ၊ အ​ဘယ်​သူ​လမ်း​လွှဲ​လိမ့်​မည်​နည်း။ 6ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ့​ကို​စွန့်​ပစ်၍ ဆုတ်​သွား​ပြီ။ ထို​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်၍ သင့်​ကို​ဖျက်​ဆီး​မည်။ ငါ​သည် နောင်​တ​ရ၍​ငြီး​ငွေ့​ပြီ။ 7ပြည်​တံ​ခါး​ဝ၌ သူ​တို့​ကို ဆန်​ကော​နှင့်​ငါ​လှေ့​မည်။ သူ​တို့​သား​သ​မီး​များ​ကို ငါ​ရှုံး​စေ​မည်။ ငါ၏​လူ​မျိုး​သည် မိ​မိ​လိုက်​သွား​သော​လမ်း​မှ မ​ပြန်​လာ​သော​ကြောင့်၊ သူ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။ 8သူ​တို့​မု​ဆိုး​မ​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့် အ​မျှ​မ​က၊ ငါ့​ရှေ့​မှာ​များ​ပြား​ကြ​လိမ့်​မည်။ မွန်း​တည့်​အ​ချိန်၌ အ​မိ​ကို တိုက်​ဖျက်​သော လု​လင်​ကို​ငါ​ခေါ်​ခဲ့၍၊ ကြောက်​မက်​ဖွယ်​သော​လုပ်​ကြံ​ခြင်း​ကို ချက်​ချင်း​ဖြစ်​စေ​မည်။ 9သား​ခု​နစ်​ယောက်​ကို ဖွား​မြင်​သော​မိန်း​မ​သည် အား​လျော့၍ အ​သက်​ချုပ်​လေ၏။ ည​အ​ချိန်​မ​ရောက်​မီ သူ၏​နေ​ဝင်​လေ၏။ သူ​သည် ရှက်​ကြောက်​မှိုင်​တွေ​လျက်​နေ​ရ၏။ ကျန်​ကြွင်း​သော​သူ​တို့​ကို​လည်း၊ ရန်​သူ​တို့​ရှေ့​မှာ၊ ဓား၌​ငါ​အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
ထာ​ဝ​ရ​ဘု​ရား​ထံ​မြည်​တမ်း​ခြင်း
10အို မိ​ခင်၊ ငါ၌ အ​မင်္ဂ​လာ​ရှိ၏။ မိ​ခင်​သည် တစ်​ပြည်​လုံး​ရန်​တွေ့​သော​သူ၊ ငြင်း​ဆန်​သော​သူ​ဖြစ်​သော ငါ့​ကို ဖွား​မြင်​ပါ​ပြီ။ ငါ​သည် သူ​တစ်​ပါး​ကို အ​တိုး​နှင့် မ​ချေး။ သူ​တစ်​ပါး​သည်​လည်း ငါ့​ကို​အ​တိုး​နှင့်​မ​ချေး။ သို့​သော်​လည်း၊ လူ​ခပ်​သိမ်း​တို့​သည် ငါ့​ကို ကျိန်​ဆဲ​တတ်​ကြ၏။ 11ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင့်​ကို ငါ​ချမ်း​သာ​ပေး​မည်။ အ​မှု​ရောက်​သော​ကာ​လ၊ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော ကာ​လ၌၊ ရန်​သူ​သည် သင့်​ထံ​မှာ​တောင်း​ပန်​မည်​အ​ကြောင်း၊ အ​ကယ်​စင်​စစ် ငါ​စီ​ရင်​မည်။
12သံ​ချင်း​တိုက်​သော​အ​ခါ မြောက်​ပြည်​သံ​ကို​လည်း​ကောင်း၊ သံ​မ​ဏိ​ကို​လည်း​ကောင်း ချိုး​နိုင်​သ​လော။ 13သင်၏​ပြည် တစ်​လျှောက်​လုံး၌ သင်​ပြု​သော​အ​ပြစ်​များ​ကြောင့်၊ သင်၏​ဥ​စ္စာ​ဘ​ဏ္ဍာ​ကို အ​ဖိုး​မ​ခံ​ဘဲ လု​ယူ​သော သူ​တို့​လက်​သို့ ငါ​ပေး​မည်။ 14သင်​မ​သိ​သော​ပြည်​သို့ ရန်​သူ​နှင့်​အ​တူ သင့်​ကို​ငါ​သွား​စေ​မည်။ သင်​တို့​ကို လောင်​သော​မီး​သည် ငါ့​အ​မျက်​အား​ဖြင့် ရှို့​လျက်​ရှိ၏။
15အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​တော်​မူ၏။ အ​ကျွန်ုပ်​ကို​အောက်​မေ့​လျက် အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို တ​ရား​သ​ဖြင့် ပေး​တော်​မူ​ပါ။ သူ​တို့​ကို​သည်း​ခံ၍၊ အ​ကျွန်ုပ်​ကို သုတ်​သင်​ပယ်​ရှင်း​တော် မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​တွက် ကဲ့​ရဲ့​ခြင်း​ခံ​ရ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ 16ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တွေ့​သော နှုတ်​က​ပတ်​တော်​စ​ကား​ကို ခံ​ယူ​ပါ​ပြီ။ နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ် ဝမ်း​မြောက်​ရွှင်​လန်း​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။ နာ​မ​တော်​ဖြင့် အ​ကျွန်ုပ်​ကို ခေါ်​ဝေါ်​ပါ၏။ 17ပွဲ​ခံ​သော​သူ အ​စည်း​အ​ဝေး၌ အ​ကျွန်ုပ်​မ​ထိုင်​ပါ။ ပျော်​ရွှင်​ခြင်း​အ​မှု​ကို မ​ပြု​ပါ။ လက်​တင်​တော်​မူ​သော​ကြောင့်၊ တစ်​ယောက်​တည်း ထိုင်​ပါ​ပြီ။ အ​ကျွန်ုပ်​ကို ဒေါ​သ​အ​မျက်​နှင့် ပြည့်​စေ​တော်​မူ​ပြီ။ 18အ​ကျွန်ုပ်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် အ​ဘယ်​ကြောင့် မြဲ​ပါ​သ​နည်း။ မ​ပျောက်​လို၊ မ​ပျောက်​နိုင်​သော​အ​နာ​ကို အ​ဘယ်​ကြောင့် ခံ​ရ​ပါ​သ​နည်း။ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည်​ပျောက်​တတ်၍၊ လှည့်​စား​သော​ရေ​ကဲ့​သို့ အ​ကျွန်ုပ်၌ ဖြစ်​တော်​မူ​ပါ​ပြီ​တ​ကား။
19ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​ပြန်​လာ​လျှင်၊ သင့်​ကို​ငါ​ဆောင်​ခဲ့၍၊ သင်​သည် ငါ၏​အ​မှု​ကို ထမ်း​ရ​လိမ့်​မည်။ သင်​သည် မြတ်​သော​အ​ရာ​နှင့် ယုတ်​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​ခွဲ​ထား​လျှင်၊ ငါ့​နှုတ်​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။ သူ​တို့​သည် သင့်​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။ သင်​သည် သူ​တို့​ရှိ​ရာ​သို့ ပြန်၍​မ​သွား​ရ။ 20ငါ​သည်​လည်း သင့်​ကို ဤ​လူ​မျိုး​တစ်​ဖက်၌ ခိုင်​ခံ့​သော​ကြေး​ဝါ​မြို့​ရိုး ဖြစ်​စေ​မည်။ သူ​တို့​သည် သင့်​ကို​တိုက်၍ မ​နိုင်​ရ​ကြ။ ငါ​သည် သင့်​ကို နုတ်​ယူ​ကယ်​တင်​ခြင်း​ငှာ သင့်​ဘက်၌​နေ​မည်။ 21လူ​ဆိုး​လက်​မှ သင့်​ကို​ငါ​နုတ်၍၊ ကြောက်​မက်​ဖွယ်​သော သူ​တို့​လက်​မှ ရွေး​ယူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ