ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ထဲမှာနေသောသူသည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် သေလိမ့်မည်။ ခါလဒဲလူတို့ဘက်သို့ ထွက်သွားသော သူသည်အသက်ချမ်းသာ၍၊ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကိုရလိမ့်မည် ဟူ၍လည်းကောင်း၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေလက်သို့ ဆက်ဆက်အပ်၍၊ သူသည် သိမ်းယူလိမ့်မည် ဟူ၍လည်းကောင်း၊ ထာဝရဘုရား မိန့်တော်မူ၏ဟု၊ ယေရမိသည် လူအပေါင်းတို့အား ဟောပြောတတ်သောစကားများကို မဿန်သား ရှေဖတိ၊ ပါရှုရသား ဂေဒလိ၊ ရှေလမိသား ယေဟုကလ၊ မာလခိသား ပါရှုရတို့သည်ကြားသောအခါ၊
ယေရမိ 38 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 38:1-3
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ