YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 40

40
ဂေ​ဒ​လိ​နှင့်​ယေ​ရ​မိ
1ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရ​မိ​ကို တစ်​ဖန်​သိမ်း​သွား၍ ရာ​မ​မြို့၌ လွှတ်​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နှုတ်​က​ပတ်​တော်​သည် ရောက်​လာ​သည် အ​ရာ​မှာ၊ ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​နှင့်​အ​တူ၊ ယေ​ရ​မိ​သည်​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ 2ကိုယ်​ရံ​တော်​မှူး​သည် သူ့​ကို​ခေါ်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်၌ ရောက်​သော​အ​မှု​ကို ခြိမ်း​တော်​မူ​နှင့်​ပြီ။ 3ခြိမ်း​တော်​မူ​သည် အ​တိုင်း​လည်း၊ အ​မှု​ကို​ရောက်​စေ၍ စီ​ရင်​တော်​မူ​ပြီ။ သင်​တို့​သည် အ​မိန့်​တော်​ကို နား​မ​ထောင်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ဤ​အ​မှု​သည် သင်​တို့​အ​ပေါ်​သို့​ရောက်​လေ​ပြီ။ 4ယ​ခု​မှာ သင့်​လက်၌ ချည်​နှောင်​လျက်​ရှိ​သော သံ​ကြိုး​ကို ငါ​ချွတ်​မည်။ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့ လိုက်​လာ​ခြင်း​ငှာ အ​လို​ရှိ​လျှင် လိုက်​လာ​ပါ။ ငါ​သည် ကောင်း​မွန်​စွာ​ကြည့်​ရှု​မည်။ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​ခြင်း​ငှာ အ​လို​မ​ရှိ​လျှင် မ​လိုက်​နှင့်။ တစ်​ပြည်​လုံး​သည် သင့်​ရှေ့​မှာ​ရှိ၏။ အ​ကြင်​အ​ရပ်​သို့ သွား​ကောင်း​သည်​ဟု စိတ်​ထင်​လျှင်၊ ထို​အ​ရပ်​တည်း​ဟူ​သော စိတ်​ရောက်​ရာ​အ​ရပ်​သို့ သွား​ပါ​လော့​ဟု ဆို၏။ 5ယေ​ရ​မိ​သည် ကိုယ်​ရံ​တော်​မှူး​ထံ​မှ မ​ထွက်​မီ၊ ကိုယ်​ရံ​တော်​မှူး​က၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်​နယ်​တွင်၊ မြို့​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ထံ​သို့​ပြန်၍၊ ပြည်​သား​များ​နှင့်​အ​တူ နေ​ပါ​လော့။ သို့​မ​ဟုတ်၊ စိတ်​ရှိ​သည်​အ​တိုင်း သွား​ပါ​လော့​ဟု ဆို​လျက်၊ စား​စ​ရိတ်​နှင့် လက်​ဆောင်​ကို​ပေး၍ လွှတ်​လိုက်​လေ၏။ 6ထို​အ​ခါ ယေ​ရ​မိ​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​သွား၍၊ ပြည်၌​ကျန်​ကြွင်း​သေး​သော သူ​တို့​နှင့် အ​တူ​နေ​လေ၏။
ပြည်​အုပ်​အ​ရာ​ခံ​ဂေ​ဒ​လိ
(၄​ရာ၊ ၂၅:၂၂-၂၄)
7ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌​ခန့်​ထား၍၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​ယူ​ရာ၌​မ​ပါ​သော ယောက်ျား​မိန်း​မ သူ​ငယ်​ဆင်း​ရဲ​သား အ​ချို့​တို့​ကို သူ၌​အပ်​ကြောင်း​ကို၊ တော​မှာ​ရှိ​သော တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊#၄​ရာ၊ ၂၅:၂၂-၂၄။ 8နာ​သ​နိ​သား ဣ​ရှ​မေ​လ၊ ကာ​ရာ​သား ယော​ဟ​နန်​နှင့် ယော​န​သန်၊ တာ​နု​မက်​သား စ​ရာ​ယ၊ နေ​တော​ဖတ်​အ​မျိုး၊ ဧ​ဖဲ၏​သား​များ၊ မာ​ခ​သိ​အ​မျိုး​သား ယေ​ဇ​နိ​တို့​သည် မိ​မိ​လူ​များ​နှင့်​တ​ကွ ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​လာ၍၊ 9ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား ဂေ​ဒ​လိ​က၊ ခါ​လ​ဒဲ​မင်း၏​အ​မှု​ကို ဆောင်​ရွက်​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ဤ​ပြည်၌​နေ၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​အ​မှု​ကို ဆောင်​ရွက်​ကြ​လော့။ သို့​ပြု​လျှင်၊ ချမ်း​သာ​ရ​ကြ​လိမ့်​မည်။ 10ငါ​မူ​ကား၊ လာ​လ​တ္တံ့​သော ခါ​လ​ဒဲ​လူ​တို့​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မိ​ဇ​ပါ​မြို့​မှာ​နေ​မည်။ သင်​တို့​မူ​ကား၊ စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ နွေ​ကာ​လ​အ​သီး​ကို​လည်း​ကောင်း၊ ဆီ​ကို​လည်း​ကောင်း​သိမ်း၍ အိုး၌​သို​ထား​ကြ​လော့။ ယ​ခု​ဝင်​ပြန်​သော​မြို့​ရွာ​တို့၌ နေ​ကြ​လော့​ဟူ၍၊ ထို​သူ​တို့​အား သ​စ္စာ​ပြု​လေ၏။ 11ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်၌ လူ​အ​ချို့​တို့​ကို​ကျန်​ကြွင်း​စေ၍၊ ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို မင်း​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဧ​ဒုံ​ပြည်​အ​စ​ရှိ​သော အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊ 12နှင်​ထုတ်​ရာ​ပြည် အ​ရပ်​ရပ်​တို့​မှ ပြန်​လာ၍၊ ယု​ဒ​ပြည်၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ ရောက်​သ​ဖြင့်၊ များ​စွာ​သော စ​ပျစ်​ရည်​နှင့် နွေ​ကာ​လ​အ​သီး​ကို သိမ်း​ယူ​ကြ၏။
ဂေ​ဒ​လိ​ကို​လုပ်​ကြံ​ခြင်း
( ၄​ရာ၊ ၂၅:၂၅-၂၆)
13ထို​နောက်​မှ၊ ကာ​ရာ​သား ယော​ဟ​နန်​သည် တော၌​ရှိ​သော​တပ်​မှူး​များ​နှင့်​တ​ကွ၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ လာ၍၊ 14ကိုယ်​တော်​ကို သတ်​စေ​ခြင်း​ငှာ၊ အ​မ္မုန်​ရှင်​ဘု​ရင် ဗာ​လိတ်​သည် နာ​သ​နိ​သား​ဣ​ရှ​မေ​လ​ကို​စေ​လွှတ်​ကြောင်း​ကို အ​မှန်​သိ​ပါ၏​လော​ဟု မေး​လျှောက်​သော်​လည်း၊ ထို​စ​ကား​ကို အ​ဟိ​ကံ​သား ဂေ​ဒ​လိ​သည်​မ​ယုံ။ 15ထို​အ​ခါ ကာ​ရာ​သား ယော​ဟ​နန်​က​လည်း၊ အ​ကျွန်ုပ်​သွား၍ နာ​သ​နိ​သား ဣ​ရှ​မေ​လ​ကို သတ်​ရ​သော​အ​ခွင့်​ကို ပေး​ပါ​လော့။ အ​ဘယ်​သူ​မျှ မ​သိ​ရ။ သူ​သည် ကိုယ်​တော်​ကို​သတ်၍၊ ကိုယ်​တော်​ထံ၌ စု​ဝေး​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​သ​ဖြင့်၊ ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် ပျက်​စီး​ရ​ကြ​ပါ​မည်​နည်း​ဟု၊ မိ​ဇ​ပါ​မြို့၌ ဂေ​ဒ​လိ​ကို တိတ်​ဆိတ်​စွာ လျှောက်​သော်​လည်း၊ 16အ​ဟိ​ကံ​သား ဂေ​ဒ​လိ​က၊ သင်​သည် ထို​သို့​မ​ပြု​ရ။ ဣ​ရှ​မေ​လ၌ မ​မှန်​သော​စ​ကား​ကို ပြန်​ပြော​ပြီ​ဟု၊ ကာ​ရာ​သား​ယော​ဟ​နန်​အား ပြန်​ပြော​လေ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 40: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ