YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 3

3
မိ​မိ​ဖွား​သော​ရက်​ကို​ကျိန်​ဆဲ​ခြင်း
1ထို​နောက်၊ ယော​ဘ​သည် နှုတ်​ကို​ဖွင့်၍ 2မိ​မိ​ဖွား​သော​နေ့​ရက်​ကို ကျိန်​ဆဲ​လျက် မြွက်​ဆို​သည်​ကား။ 3ငါ​ဖွား​သော​နေ့​ရက် ပျက်​စီး​ပါ​စေ။ သား​ယောက်ျား​ကို ပ​ဋိ​သ​န္ဓေ​ယူ​ပြီ​ဟု သ​တင်း​ကြား​ပြော​သော​ည​လည်း ပျက်​စီး​ပါ​စေ။ 4ထို​နေ့​ရက် မိုက်​ပါ​စေ။ ဘု​ရား​သ​ခင်​သည် မျက်​နှာ​ပြု​တော်​မ​မူ​ပါ​စေ​နှင့်။ အ​လင်း မ​ပေါ်​ထွန်း​ပါ​စေ​နှင့်၊ 5မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်​သည် ထို​နေ့​ရက်​အ​သ​ရေ​ကို ရှုတ်​ချ​ပါ​စေ။ မိုး​တိမ်​ထပ် လွှမ်း​မိုး​ပါ​စေ။ မွန်း​တည့်​အ​ရှိန်​ဖြင့် ကြောက်​မက်​ဖွယ် ဖြစ်​ပါ​စေ။ 6ထို​ည​သည်​မှောင်​မိုက်၌ ပျောက်​ပါ​စေ။ နှစ်​စဉ်​နေ့​ရက်​တို့​နှင့် မ​ပေါင်း​ပါ​စေ​နှင့်၊ 7လ​အ​ရေ​အ​တွက်၌ မ​ဝင်​ပါ​စေ​နှင့်။ အော်၊ ထို​ည​သည် ဆိတ်​ညံ​ပါ​စေ။ ရွှင်​လန်း​သော​အ​သံ မ​ရှိ​ပါ​စေ​နှင့်။ 8နေ့​ရက်​ကို​ရွေး၍ ကျိန်​ဆဲ​တတ်​သော​သူ၊ မိ​ကျောင်း​ကို ထ​စေ​တတ်​သော​သူ​တို့​သည် ထို​ည​ကို ကျိန်​ဆဲ​ပါ​စေ။ 9ညဉ့်​ဦး​ယံ​ကြယ်​တို့​သည် မိုက်​ပါ​စေ။ ထို​ည​သည် အ​လင်း​ကို​တောင့်​တ၍ မ​ရ​ပါ​စေ​နှင့်။ နံ​နက်​မိုး​လင်း​ကို မ​မြင်​ပါ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ 10ငါ့​အ​မိ၏​ဝမ်း​ကို ပိတ်​မ​ထား၊ ဒု​က္ခ​ဆင်း​ရဲ​ကို ငါ​မ​မြင်​စေ​ခြင်း​ငှာ မ​ကွယ်​မ​ကာ။
11ငါ​သည်​မွေး​စ​က အ​ဘယ်​ကြောင့် မ​သေ​သ​နည်း။ အ​မိ​ဝမ်း​ထဲ​မှ​ထွက်​စ​က အ​ဘယ်​ကြောင့် အ​သက်​မ​ချုပ်​သ​နည်း။ 12ငါ့​ကို​အ​ဘယ်​ကြောင့် ပိုက်​ပွေ့​ရ​သ​နည်း။ အ​ဘယ်​ကြောင့် နို့​တိုက်​ရ​သ​နည်း။ 13ထို​သို့​မ​ပြု​လျှင် ငါ​သည်​အိပ်၍ ငြိမ်း​ပြီ။ ပျော်​လျက်​နေ​ရ​ပြီ။ 14မြို့​ပျက်​တို့​ကို ပြင်​ဆင်​ပြု​စု​သော လော​ကီ​ရှင်​ဘု​ရင်၊ 15မှူး​မတ်​တို့​နှင့်​လည်း​ကောင်း၊ ရွှေ​ကို​ရ​တတ်၍ ဘ​ဏ္ဍာ​တိုက်၌ ငွေ​ကို​အ​ပြည့်​သို​ထား​သော မင်း​တို့​နှင့်​လည်း​ကောင်း ငါ​ငြိမ်း​ရ​ပြီ။ 16သို့​မ​ဟုတ် အ​ချိန်​နေ့​လ​မ​စေ့​မီ မွေး​သော​သူ​ငယ်၊ အ​လင်း​ကို မ​မြင်​ရ​သော​သူ​ငယ်​ကဲ့​သို့ ငါ​ပျက်​စီး​ရ​ပြီ။ 17ထို​အ​ရပ်၌ လူ​ဆိုး​တို့​သည် နောက်​တစ်​ဖန် မ​နှောင့်​ယှက်​ရ။ ပင်​ပန်း​သော​သူ​တို့​သည် ချမ်း​သာ​ရ​ကြ၏။ 18အ​ချုပ်​ခံ​ရ​သော​သူ​တို့​သည်​လည်း အ​တူ​ငြိမ်​ဝပ်​ရ​ကြ၏။ ညှဉ်း​ဆဲ​သော​သူ၏ စ​ကား​သံ​ကို မ​ကြား​ရ​ကြ။ 19ထို​အ​ရပ်၌ ကြီး​သော​သူ​နှင့် ငယ်​သော​သူ​ရှိ​ကြ၏။ ကျွန်​သည်​လည်း သ​ခင်​လက်​နှင့် လွတ်​ရ၏။
20ဒု​က္ခ​ဆင်း​ရဲ​ခံ​ရ​သော​သူ​အား အ​ဘယ်​ကြောင့် အ​လင်း​ကို​ပေး​သ​နည်း။ စိတ်​နှ​လုံး​ခါး​သော​သူ​အား အ​ဘယ်​ကြောင့် အ​သက်​ကို​ပေး​သ​နည်း။ 21သူ​တို့​သည် သေ​ခြင်း​ကို တောင့်​တ၍​မ​ရ​နိုင်။ ဝှက်​ထား​သော​ဥ​စ္စာ​ကို ဖော်​ခြင်း​ငှာ တူး​သည်​ထက် သေ​ခြင်း​အ​ကြောင်း​ကို ဖော်​ခြင်း​ငှာ သာ၍​တူး​ကြ၏။ 22သူ​တို့​သည် သင်္ချိုင်း​တွင်း​ကို တွေ့​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်၍ အ​ထူး​သ​ဖြင့် ရွှင်​လန်း​ကြ၏။ 23မိ​မိ​သွား​သော​လမ်း ကွယ်​ပျောက်​သော​သူ၊ ဘု​ရား​သ​ခင် ဆီး​ကာ​ချုပ်​ထား​သော​သူ​အား အ​လင်း​နှင့်​အ​သက်​ကို အ​ဘယ်​ကြောင့် ပေး​သ​နည်း။ 24အ​စာ​စား​ခြင်း​အ​ရာ၌ ငါ​ညည်း​တွား​ခြင်း ရှိ၏။ ငို​ကြွေး​မြည်​တမ်း​ခြင်း မျက်​ရည်​သည်​လည်း ရေ​စီး​သ​ကဲ့​သို့​ဖြစ်၏။ 25ငါ​ကြောက်​သော​အ​မှု​သည် ငါ၌​ရောက်​လာ​ပြီ။ ငါ​အ​လွန်​ကြောက်​သော​ဘေး​သည် ငါ့​ကို​တွေ့​မိ​ပြီ။ 26ငါ​သည် ငြိမ်​ဝပ်​ခြင်း​မ​ရှိ။ ချမ်း​ဧ​ခြင်း​မ​ရှိ။ သက်​သာ​ခြင်း​မ​ရှိ။ ဒု​က္ခ​ဆင်း​ရဲ​သက်​သက် ရှိ​သည်​ဟု မြွက်​ဆို​လေ၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ