YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 41

41
1လ​ဝိ​သန်​ကို ငါး​မျှား​နှင့်​ဆွဲ​ယူ၍၊ သူ၏​လျှာ​ကို ကြိုး​နှင့်​နှိပ်​နင်း​မည်​လော။ #ဆာ၊ ၇၄:၁၄၊ ၁၀၄:၂၆၊ ဟေရှာ၊ ၂၇:၁။ 2သူ့​ကို နှာ​ရှုတ်​တပ်၍၊ ပါး​ရိုး၌ သံ​ကွင်း​လျှို​မည်​လော။ 3သူ​သည် သင့်​ကို​များ​စွာ တောင်း​ပန်​လိမ့်​မည်​လော။ ချော့​မော့​သော​စ​ကား​ကို ပြော​လိမ့်​မည်​လော။ 4သင်​နှင့် ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ်​ကို ပြု​လိမ့်​မည်​လော။ သင်၏​အ​မှု​ကို အ​စဉ်​ဆောင်​ရွက်​စေ​ခြင်း​ငှာ သူ့​ကို​ခန့်​ထား​မည်​လော။ 5ငှက်​နှင့်​က​စား​သ​ကဲ့​သို့ သူ​နှင့် က​စား​မည်​လော။ သင်၏​မိန်း​မ​က​လေး​တို့​အ​ဖို့ သူ့​ကို ချည်​နှောင်​မည်​လော။ 6သင်၏​အ​ပေါင်း​အ​ဖော်​တို့​သည် သူ့​ကို​ဝိုင်း၍ စား​သောက်​ပွဲ​ခံ​ကြ​လိမ့်​မည်​လော။ ကုန်​သည်​တို့​တွင် ဝေ​ကြ​လိမ့်​မည်​လော။ 7သူ၏​အ​ရေ​ကို မှိန်း​နှင့်​လည်း​ကောင်း၊ သူ၏​ခေါင်း​ကို ငါး​ထိုး​သော​လှံ​နှင့်​လည်း​ကောင်း၊ အ​နှံ့​အ​ပြား ထိုး​ဖောက်​နိုင်​သ​လော။ 8သူ့​အ​ပေါ်​မှာ လက်​တင်​ရုံ​မျှ​သာ​ပြု​ပါ။ သူ့​ကို​တိုက်​မည်​အ​ကြံ​ကို နောက်​တစ်​ဖန် မ​အောက်​မေ့​ရ။ 9တိုက်​သော​သူ​သည် နိုင်​မည်​ဟု အ​ချည်း​နှီး​ထင်၏။ မြင်​ကာ​မျှ​နှင့် စိတ်​မ​ပျက်​သ​လော။ 10သူ့​ကို​နှိုး​ဆော်​ခြင်း​ငှာ အ​ဘယ်​သူ​မျှ မ​ရဲ​ရင့်။ သို့​ဖြစ်၍ ငါ့​ရှေ့​မှာ အ​ဘယ်​သူ​ရပ်​နိုင်​သ​နည်း။ 11ငါ​သည် ကျေး​ဇူး​တုံ့​ပြု​ရ​မည်​အ​ကြောင်း အ​ဘယ်​သူ​သည် ငါ၌ ကျေး​ဇူး​ပြု​ဖူး​သ​နည်း။ မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​တို့​သည် ငါ၏​ဥ​စ္စာ ဖြစ်​ကြ၏။#ရော၊ ၁၁:၃၅။
12လ​ဝိ​သန်၏​အင်္ဂါ​များ၊ ခွန်​အား၊ တင့်​တယ်​သော​တန်​ဆာ​တို့​ကို ငါ​သည် ဝှက်၍​မ​ထား။ 13သူ၏​အ​ဝတ်​ကို အ​ဘယ်​သူ​လှန်​နိုင်​သ​နည်း။ နှစ်​ထပ်​ရှိ​သော ပါး​ရိုး​ကို အ​ဘယ်​သူ​ချဉ်း​ကပ်​လိမ့်​မည်​နည်း။ 14သူ၏​မျက်​နှာ​တံ​ခါး​ကို အ​ဘယ်​သူ​ဖွင့်​လိမ့်​မည်​နည်း။ သူ၏ သွား​တန်း​တို့​သည် ကြောက်​မက်​ဖွယ်​ဖြစ်​ကြ၏။ 15လုံ​ခြုံ​စွာ​တံ​ဆိပ်​ခတ်​သ​ကဲ့​သို့ တစ်​ချပ်​နှင့်​တစ်​ချပ် ပူး​ကပ်​သော​အ​ကြေး​များ​နှင့် ဝါ​ကြွား​တတ်၏။ 16လေ​မျှ​မ​ဝင်​နိုင်​အောင် တစ်​ချပ်​နှင့်​တစ်​ချပ် ပူး​ကပ်​လျက်​ရှိ​ကြ၏။ 17တစ်​ချပ်​နှင့်​တစ်​ချပ် မ​ခွာ​နိုင်​အောင် တစ်​ခဲ​နက်​ယှက်​တင်​လျက်​ရှိ​ကြ၏။ 18သူ​ချေ​ဆတ်​သော​အ​ခါ အ​လင်း​တောက်​တတ်၏။ သူ့​မျက်​စိ​သည် နံ​နက်​မျက်​တောင်​ခတ်​သ​ကဲ့​သို့ ဖြစ်၏။ 19ပါး​စပ်​ထဲ​က မီး​ရှူး​ထွက်၍ မီး​ပွား​တို့​လည်း လွင့်​ကြ၏။ 20ကြွက်​ကြွက်​ဆူ​သော အိုး​ကင်း​ထဲ​က အ​ခိုး​အ​ငွေ့​တက်​သ​ကဲ့​သို့ သူ့​နှာ​ခေါင်း​ထဲ​က အ​ခိုး​အ​ငွေ့​တက်​တတ်၏။ 21အ​သက်​ရှူ​သော​အ​ခါ မီး​ခဲ​တောက်၍ ပါး​စပ်​ထဲ​က မီး​လျှံ​ထွက်​တတ်၏။ 22လည်​ပင်း၌ တန်​ခိုး​နေ​တတ်၏။ သူ့​ရှေ့​မှာ ကြောက်​လန့်​ခြင်း​သည် က​ခုန်​တတ်၏။ 23အ​သား​အ​ကြော​တို့​သည် တစ်​ခဲ​နက်​ဖြစ်၍ မ​ရွေ့​နိုင်​အောင် ခိုင်​မာ​လျက် ရှိ​ကြ၏။ 24နှ​လုံး​သည် ကျောက်​ကဲ့​သို့​မာ၏။ အောက်​ကြိတ်​ဆုံ​ကျောက်​ကဲ့​သို့ မာ၏။ 25သူ​ထ​သော​အ​ခါ ခွန်​အား​ကြီး​သော​သူ​တို့​သည် ကြောက်​လန့်​ကြ၏။ ကြောက်​လန့်​အား​ကြီး​သော​ကြောင့် အ​ရူး​ကဲ့​သို့ ဖြစ်​ကြ၏။ 26သူ့​ကို​တိုက်​လျှင် ဓား​မ​ခိုင်​တတ်။ လှံ၊ မြား၊ သံ​ချပ်​မ​ခိုင်​တတ်။ 27သံ​ကို ကောက်​ရိုး​ကဲ့​သို့​လည်း​ကောင်း၊ ကြေး​ဝါ​ကို သစ်​ဆွေး​ကဲ့​သို့​လည်း​ကောင်း မှတ်​တတ်၏။ 28လေး​နှင့်​ပစ်၍ သူ့​ကို​မ​ပြေး​စေ​နိုင်။ လောက်​လွှဲ​နှင့်​ပစ်​သော ကျောက်​ခဲ​တို့​သည် သူ၌ အ​မှိုက်​ကဲ့​သို့ ဖြစ်​ကြ၏။ 29တုတ်​ကြီး​ကို ဖွဲ​ကဲ့​သို့​မှတ်၍၊ လှံ​နှင့်​ရွယ်​သော​အ​ခါ ရယ်​တတ်၏။ 30သူ့​အောက်​မှာ ထက်​သော​အိုး​စောင်း​ခြမ်း​များ ရှိ၏။ ရွှံ့​ပေါ်​မှာ ထွန်​သွား​များ​ကို ဖြန့်​တတ်၏။ 31အိုး​ကင်း​ဆူ​သ​ကဲ့​သို့ ပင်​လယ်​ကို​ဆူ​စေ​တတ်၏။ သ​မု​ဒ္ဒ​ရာ​ကို ဖ​ယောင်း​ချက်​ကဲ့​သို့ ဖြစ်​စေ​တတ်၏။ 32သူ​လွန်​သွား​သော​လမ်း​သည် ထွန်း​တောက်​သ​ဖြင့်၊ ပင်​လယ်​သည် ဆံ​ပင်​ဖြူ​ယောင်​ဆောင်​တတ်၏။ 33မြေ​ပေါ်​မှာ သူ​နှင့်​ခိုင်း​နိုင်​သော တိ​ရ​စ္ဆာန်​မ​ရှိ။ ပ​က​တိ​အား​ဖြင့် ကြောက်​တတ်​သော​သ​ဘော​နှင့် ကင်း​လွတ်၏။ 34ကြီး​မြင့်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ မာ​န​ထောင်​လွှား​သော​သူ​အ​ပေါင်း​တို့​အ​ပေါ်၌ မင်း​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 41: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ