YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိ 2

2
1အို ယဇ်​ပု​ရော​ဟိတ်​တို့၊ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား မိန့်​တော်​မူ​သော ပ​ညတ်​စ​ကား​ဟူ​မူ​ကား၊ 2ငါ၏​နာ​မ​တော်​ကို ချီး​မွမ်း​လို​သော​ငှာ သင်​တို့​သည် နား​မ​ထောင်၊ နှ​လုံး​မ​သွင်း​ဘဲ​နေ​လျှင်၊ ကျိန်​ခြင်း​ဘေး​ကို သင်​တို့​အ​ပေါ်​သို့ ငါ​လွှတ်​လိုက်​မည်။ သင်​တို့၏​မင်္ဂ​လာ​ကို အ​မင်္ဂ​လာ​ဖြစ်​စေ​မည်။ ထို​မျှ​မ​က၊ နှ​လုံး​မ​သွင်း​ဘဲ​နေ​သော​ကြောင့် ယ​ခု​ပင် အ​မင်္ဂ​လာ​ဖြစ်​စေ​ပြီ။ 3သင်​တို့​မျိုး​စေ့​ကို ငါ​ဖျက်​မည်။ တိ​ရ​စ္ဆာန်​ချေး​တည်း​ဟူ​သော သင်​တို့​ဓ​မ္မ​ပွဲ၏​တိ​ရ​စ္ဆာန်​ချေး​ကို သင်​တို့ မျက်​နှာ​ပေါ်၌ ငါ​ကြဲ​မည်။ သူ​တစ်​ပါး​တို့​သည် သင်​တို့​ကို ထို​တိ​ရ​စ္ဆာန်​ချေး​နှင့်​အ​တူ ယူ​သွား​ကြ​လိမ့်​မည်။ 4ငါ၏​ပ​ဋိ​ညာဉ်​ကို လေ​ဝိ​အ​မျိုး၌​တည်​စေ​ခြင်း​ငှာ၊ ဤ​ပ​ညတ်​စ​ကား​ကို သင်​တို့​ဆီ​သို့ ငါ​ပေး​လိုက်​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#တော၊ ၃:၁၁-၁၃။ 5ငါ​ဖွဲ့​သော​အ​သက်​ပ​ဋိ​ညာဉ်၊ ငြိမ်​ဝပ်​ခြင်း​ပ​ဋိ​ညာဉ်​သည် ထို​အ​မျိုး၌ ရှိ၏။ ငါ့​ကို​ကြောက်​ရွံ့၍ ငါ၏​နာ​မ​တော်​ရှေ့၌ ထိတ်​လန့်​သော​ကြောင့် ငါ​ဖွဲ့၍​ပေး၏။#တော၊ ၂၅:၁၂။ 6ထို​အ​မျိုး​သည် သ​စ္စာ​တ​ရား​စ​ကား​ကို ပြော​တတ်၏။ သူ့​နှုတ်၌ အ​ပြစ်​ကို ရှာ၍​မ​တွေ့။ ငြိမ်​ဝပ်​ခြင်း​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား အ​တိုင်း ငါ​နှင့်​အ​တူ​သွား​လာ၍၊ များ​စွာ​သော သူ​တို့​ကို ဒု​စ​ရိုက်​အ​ပြစ်​မှ​လွှဲ​ရှောင်​စေ​တတ်၏။ 7ယဇ်​ပု​ရော​ဟိတ်၏​နှုတ်​ခမ်း​သည် ပ​ညာ​ကို​စောင့်​ရ​မည်။ သူ၏​နှုတ်၌ လူ​တို့​သည် တ​ရား​တော်​ကို​ရှာ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော တ​မန်​ဖြစ်၏။ 8သင်​တို့​မူ​ကား၊ လမ်း​လွှဲ​ကြ​ပြီ။ လူ​များ​တို့​သည် တ​ရား​တော်​ကို​ထိ​မိ၍ လဲ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။ လေ​ဝိ​အ​မျိုး​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို ဖျက်​ကြ​ပြီ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 9သို့​ဖြစ်၍၊ သင်​တို့​သည် ငါ့​လမ်း​တို့​ကို မ​လိုက်၊ တ​ရား​အ​မှု​တွင် လူ​မျက်​နှာ​ကို​ထောက်​သော​ကြောင့်၊ လူ​ခပ်​သိမ်း​တို့​သည် သင်​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ ရှုတ်​ချ​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။
လူ​တို့​သ​စ္စာ​ဖျက်​ခြင်း
10ခပ်​သိမ်း​သော​ငါ​တို့၌ တစ်​ပါး​တည်း​သော​အ​ဘ ရှိ​သည်​မ​ဟုတ်​လော။ တစ်​ပါး​တည်း​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​ရှုတ်​ချ၍၊ ငါ​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် သ​စ္စာ​ဖျက်​ကြ​သ​နည်း။ 11ယု​ဒ​အ​မျိုး​သည် သ​စ္စာ​ပျက်၏။ ဣ​သ​ရေ​လ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ရွံ့​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ကြ၏။ ယု​ဒ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော သန့်​ရှင်း​ခြင်း​တ​ရား​တော်​ကို ရှုတ်​ချ၍၊ တစ်​ပါး​အ​မျိုး​ဘု​ရား၏​သ​မီး​နှင့် လက်​ထပ်​ပါ​သည်​တ​ကား။ 12ထို​သို့​ပြု​သော ဆ​ရာ​နှင့် တ​ပည့်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သော​သူ​ကို​လည်း​ကောင်း၊ ယာ​ကုပ်​တဲ​တို့​မှ ပယ်​ဖြတ်​တော်​မူ​မည်။ 13တစ်​ဖန် သင်​တို့​ပြု​သော အ​မှု​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို မျက်​ရည်​ကျ​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့် ဖုံး​အုပ်​ကြ​ပြီ။ ထို​ကြောင့်၊ ပူ​ဇော်​သ​ကာ​ကို​မှတ်​တော်​မ​မူ။ သင်​တို့​လက်​မှ နှစ်​သက်​သော​စိတ်​နှင့် ခံ​တော်​မ​မူ။ 14အ​ဘယ်​ကြောင့်​နည်း​ဟု သင်​တို့​မေး​လျှင်၊ သင့်​အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်၍ နောက်​တစ်​ဖန် သ​စ္စာ​မ​စောင့်၊ ပြစ်​မှား​သော မ​ယား​တစ်​ဖက်​နှင့် သင့်​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် သက်​သေ​ဖြစ်​တော်​မူ၏။ ထို​မ​ယား​သည် သင်၏​အ​ဆွေ​ခင်​ပွန်း၊ သင်​ဖွဲ့​သော ပ​ဋိ​ညာဉ်​နှင့် ဆိုင်​သော​မ​ယား​ဖြစ်​သ​တည်း။ 15တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​ပြီ​မ​ဟုတ်​လော။ သို့​သော်​လည်း၊ ကိုယ်​တော်၌ ဝိ​ညာဉ်​တော် အ​ကျန်​အ​ကြွင်း​ရှိ၏။ အ​ဘယ်​ကြောင့် တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​သော​အ​မျိုး​ကို​ရှာ၍ ထို​သို့ ဖန်​ဆင်း​တော်​မူ၏။ သို့​ဖြစ်၍၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်​သော​မ​ယား​ကို သ​စ္စာ​ဖျက်၍ မ​ပြစ်​မှား​ကြ​နှင့်။ 16မ​ယား​ကို​စွန့်​ခြင်း​အ​မှု၊ မိ​မိ​ခင်​ပွန်း၌ ပြစ်​မှား​သော​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​အ​မှု​ကို ငါ​မုန်း​သည်​ဟု၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ သ​စ္စာ​ကို မ​ဖျက်​ကြ​နှင့်။
တ​ရား​စီ​ရင်​ရာ​ကာ​လ​နီး​လာ​ခြင်း
17သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နား​တော်​ငြီး​သည်​တိုင်​အောင် စ​ကား​များ​ကြ၏။ နား​တော်​ငြီး​သည်​တိုင်​အောင် အ​ဘယ်​သို့ ပြု​မိ​သ​နည်း​ဟု မေး​သော်၊ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း၏။ ထို​သို့​သော​သူ​တို့​ကို နှစ်​သက်​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ​သည်​တ​ကား။

လက်ရှိရွေးချယ်ထားမှု

မာလခိ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ