YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 35

35
လေ​ဝိ​အ​နွယ်​အ​မွေ​ခံ​မြို့​များ
1မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​ခေါ်​တော်​မူ၍၊#ယော​ရှု၊ ၂၁:၁-၄၂။ 2သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သူ​တို့​သည် အ​မွေ​ခံ​သော​မြေ၌ လေ​ဝိ​သား​တို့​နေ​စ​ရာ​ဖို့ မြို့​တို့​ကို​လည်း​ကောင်း၊ မြို့​ပတ်​လည်​နယ်​တို့​ကို​လည်း​ကောင်း ပေး​ရ​ကြ​မည်။ 3ထို​မြို့​တို့​သည် လေ​ဝိ​သား​နေ​စ​ရာ​ဖို့​ဖြစ်၍၊ မြို့​ပတ်​လည်​နယ်​တို့၌ သိုး​နွား အ​စ​ရှိ​သော​တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​ထား​ရ​မည်။ 4လေ​ဝိ​သား​တို့​အား​ပေး​သော မြို့​နယ်​တို့​ကို မြို့​ပြင်​ပတ်​လည်၌ အ​တောင်​တစ်​ထောင် ကျယ်​စေ​ရ​မည်။ 5မြို့​ပြင်၊ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်​အ​ရပ်​လေး​မျက်​နှာ၌ နှစ်​ထောင်​စီ​တိုင်း​ထွာ၍၊ ထို​မြေ​အ​လယ်​ချက်၌ မြို့​တည်​ရ​မည်။ ဤ​ရွေ့​ကား၊ မြို့​နယ်​အ​တိုင်း အ​ရှည်​ဖြစ်​ရ​သ​တည်း။ 6လေ​ဝိ​သား​တို့​အား ပေး​သော​မြို့​တို့​တွင်၊ လူ​ကို​သတ်​သော​သူ​သည် ပြေး၍​မှီ​ခို​ရာ​မြို့ ခြောက်​မြို့​တို့​ကို ရွေး​ထား​ရ​မည်။ ထို​မြို့​များ​အ​ပြင် အ​ခြား​သော မြို့​လေး​ဆယ်​နှစ်​မြို့​တို့​ကို ပေး​ရ​မည်။ 7ထို​သို့​လေ​ဝိ​သား​တို့​အား ပေး​ရ​သော​မြို့​ပေါင်း​ကား၊ နယ်​နှင့်​တ​ကွ လေး​ဆယ်​ရှစ်​မြို့ ဖြစ်​သ​တည်း။ 8ထို​မြို့​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ပိုင်​သော မြေ​ထဲ​က​နုတ်​ရ​မည်။ များ​သော​မြေ​ကို​ရ​သော​သူ​သည် များ​သော​မြို့၊ နည်း​သော​မြေ​ကို​ရ​သော​သူ​သည် နည်း​သော​မြို့​တို့​ကို ပေး​ရ​မည်။ လူ​အ​သီး​အ​သီး​တို့​သည် အ​မွေ​ခံ​ရ​သည်​အ​တိုင်း၊ မိ​မိ​တို့​မြို့​များ​ထဲ​က​နုတ်၍ လေ​ဝိ​သား​တို့​အား​ပေး​ရ​မည်။
ခို​လှုံ​ရာ​မြို့​များ
(တရား၊ ၁၉:၁-၁၃၊ ယောရှု၊ ၂၀:၁-၉)
9တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊#တရား၊ ၁၉:၂-၄၊ ယောရှု၊ ၂၀:၁-၉။ 10သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍၊ ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊ 11လူ​အ​သက်​ကို အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​ပြေး၍ မှီ​ခို​ရာ​မြို့​တို့​ကို ရွေး​ထား​ရ​မည်။ 12ထို​မြို့​တို့​ကား၊ လူ​အ​သက်​ကို​သတ်​သော​သူ​သည် ပ​ရိ​သတ်​ရှေ့​သို့​ရောက်၍၊ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​မီ​တိုင်​အောင်၊ သေ​စား​သေ​စေ​သော​သူ၏ လက်​မှ​လွတ်၍ မှီ​ခို​ရာ​မြို့​ဖြစ်​ရ​သ​တည်း။ 13လေ​ဝိ​သား​တို့​အား ပေး​သော​မြို့​တို့​တွင် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ မှီ​ခို​ရာ​မြို့​သုံး​မြို့၊ 14ခါ​နာန်​ပြည်၌ မှီ​ခို​ရာ​မြို့​သုံး​မြို့၊ ပေါင်း​ခြောက်​မြို့​တို့​ကို ရွေး​ထား​ရ​မည်။ 15ထို​မြို့​ခြောက်​မြို့​တို့​ကား၊ လူ​အ​သက်​ကို အ​မှတ်​တ​မဲ့​သတ်​မိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​သော​အ​မျိုး​သား​တို့​သည်​ပြေး၍ မှီ​ခို​ရာ​မြို့​ဖြစ်​သ​တည်း။ 16သို့​ရာ​တွင် လူ​အ​သက်​ကို​သေ​စေ​ခြင်း​ငှာ၊ သံ​လက်​နက်​နှင့်​ရိုက်​လျှင် လူ​သတ်​ဖြစ်၏။ လူ​သတ်​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ 17လူ​အ​သက်​ကို​သေ​စေ​ခြင်း​ငှာ ကျောက်​ခဲ​နှင့်​ပစ်​လျှင် လူ​သတ်​ဖြစ်၏။ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ 18လူ​အ​သက်​ကို​သေ​စေ​ခြင်း​ငှာ သစ်​သား​လက်​နက်​နှင့် ရိုက်​လျှင် လူ​သတ်​ဖြစ်၏။ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ 19သေ​စား​သေ​စေ​သော​သူ​သည် လူ​သတ်​ကို​တွေ့​သော​အ​ခါ၊ ကိုယ်​တိုင်​သတ်​ရ​မည်။ 20သူ​တစ်​ပါး​ကို အ​ငြိုး​ထား၍​တွန်း​ချ​သော်​လည်း​ကောင်း၊ သေ​စေ​ခြင်း​ငှာ ချောင်း​မြောင်း၍ တစ်​စုံ​တစ်​ခု​နှင့်​ပစ်​သော်​လည်း​ကောင်း၊ 21သေ​စေ​ခြင်း​ငှာ မုန်း​သော​စိတ်​ရှိ၍ လက်​နှင့်​ရိုက်​သော်​လည်း​ကောင်း၊ ထို​သို့​ပြု​သော​သူ​သည် လူ​သတ်​ဖြစ်​သော​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​စား​သေ​စေ​သော​သူ​သည် တွေ့​သော​အ​ခါ​သတ်​ရ​မည်။ 22သို့​မ​ဟုတ် မုန်း​သော​စိတ်​မ​ရှိ​ဘဲ အ​မှတ်​တ​မဲ့​တွန်း​ချ​သော်​လည်း​ကောင်း၊ မ​ချောင်း​မြောင်း​ဘဲ တစ်​စုံ​တစ်​ခု​နှင့် ပစ်​မိ​သော်​လည်း​ကောင်း၊ 23သူ၏​ရန်​သူ​မ​ဟုတ်၊ မုန်း​သော​စိတ်​မ​ရှိ၊ သူ့​ကို​မ​မြင်​ဘဲ​လျက် သေ​အောင်​ကျောက်​ခဲ​နှင့် ပစ်​မိ​သော်​လည်း​ကောင်း၊ 24ယ​ခု​စီ​ရင်​ထုံး​ဖွဲ့​သည်​အ​တိုင်း၊ ပ​ရိ​သတ်​တို့​သည် သတ်​သော​သူ​နှင့် သေ​စား​သေ​စေ​သော​သူ စပ်​ကြား၌​တ​ရား​စီ​ရင်၍၊ 25သတ်​သော​သူ​ကို သေ​စား​သေ​စေ​သော​သူ၏​လက်​မှ​နုတ်​သ​ဖြင့်၊ အ​ထက်​က​ပြေး၍ မှီ​ခို​သော​မြို့​သို့ ပြန်​ပို့​ရ​မည်။ ဓ​မ္မ​ဆီ​လောင်း​ခြင်း​ကို​ခံ​ရ​သော ယဇ်​ပု​ရော​ဟိတ်​မင်း မ​သေ​မီ​တိုင်​အောင် ထို​မြို့၌​နေ​ရ​မည်။ 26လူ​အ​သက်​ကို​သတ်​မိ​သော​သူ​သည် ပြေး၍ မှီ​ခို​သော​မြို့​နယ်​ပြင်​သို့ ထွက်​သော်၊ 27သေ​စား​သေ​စေ​သော​သူ​သည် မြို့​နယ်​ပြင်​မှာ ထို​သူ​ကို​တွေ့၍​သတ်​လျှင်၊ လူ​အ​သက်​ကို​သတ်​သော အ​ပြစ်​မ​ရှိ။ 28အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း မ​သေ​မီ​တိုင်​အောင်၊ မိ​မိ​မှီ​ခို​သော​မြို့​ထဲ​မှာ နေ​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​မင်း သေ​သော​နောက်​မှ၊ ထို​သူ​သည် မိ​မိ​ပိုင်​သော​မြေ​သို့ ပြန်​ရ​သော​အ​ခွင့်​ရှိ၏။ 29ဤ​ရွေ့​ကား၊ သင်​တို့​သည် နေ​လေ​ရာ​ရာ၌ သား​မြေး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​ဖြစ်​သ​တည်း။ 30လူ​အ​သက်​ကို​သတ်၍ လူ​သတ်​ဖြစ်​သော​သူ​မည်​သည်​ကား၊ သက်​သေ​ခံ​ချက် ရှိ​သည်​အ​တိုင်း အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သို့​ရာ​တွင် သက်​သေ​တစ်​ယောက်​တည်း​သာ​ရှိ​လျှင် မ​သတ်​ရ။#တ​ရား၊ ၁၇:၆၊၁၉:၁၅။ 31အ​သေ​ခံ​ထိုက်​သော​လူ​သတ်၏ အ​သက်​ဖိုး​ငွေ​ကို မ​ခံ​မ​ယူ​ရ။ သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ 32မှီ​ခို​ရာ​မြို့​သို့​ပြေး​သော​သူ​သည်၊ ယဇ်​ပု​ရော​ဟိတ်​မင်း​မ​သေ​မီ၊ မိ​မိ​နေ​ရင်း​အ​ရပ်​သို့ ပြန်၍​နေ​မည်​အ​ကြောင်း၊ အ​ရွေး​ငွေ​ကို မ​ခံ​မ​ယူ​ရ။ 33ထို​သို့ သင်​တို့​နေ​သော​ပြည်​ကို မညစ်ညူးစေရ။ လူအသွေးသည် ပြည်ကိုညစ်​ညူး​စေ​တတ်၏။ လူ​အ​သွေး​ကို သွန်း​သော​သူ၏ အ​သွေး​အား​ဖြင့်​သာ ထို​ညစ်​ညူး​ခြင်း​ကို စင်​ကြယ်​စေ​နိုင်၏။ 34ငါ​ကျိန်း​ဝပ်၍ သင်​တို့​နေ​သော​ပြည်​ကို မ​ညစ်​ညူး​စေ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကျိန်း​ဝပ်​သည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 35: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ