YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 9

9
ပ​သ​ခါ​ပွဲ
1အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ဒု​တိ​ယ​နှစ်၊ ပ​ထ​မ​လ၌ သိန်​တော​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 2ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ချိန်း​ချက်​သော​ကာ​လ​အ​ချိန်၌ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​ကြ​မည်။ 3စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​သော​ထုံး​စံ​အ​တိုင်း၊ ချိန်း​ချက်​သော ကာ​လ​အ​ချိန်​တည်း​ဟူ​သော ယ​ခု​လ တစ်​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ စောင့်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။ 4ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​မည်​အ​ကြောင်း၊ မော​ရှေ​ဆင့်​ဆို​သည်​အ​တိုင်း၊ 5သိန်​တော​တွင် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​ကြ၏။ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။#ထွ၊ ၁၂:၁-၁၃။
6ထို​နေ့၌ ပ​သ​ခါ​ပွဲ​ကို​မ​ခံ​ရ​မည်​အ​ကြောင်း၊ လူ​အ​သေ​ကောင်​အား​ဖြင့် ညစ်​ညူး​ခြင်း​သို့ ရောက်​သော​လူ​အ​ချို့​တို့​သည်၊ ထို​နေ့၌ မော​ရှေ​နှင့်​အာ​ရုန်​ထံ​သို့ ချဉ်း​ကပ်၍၊ 7အ​ကျွန်ုပ်​တို့​သည် လူ​အ​သေ​ကောင်​အား​ဖြင့် ညစ်​ညူး​ခြင်း​ရှိ​ပါ၏။ ချိန်း​ချက်​သော​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို မ​ပြု​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​တို့​ကို ဆီး​တား​ပါ​မည်​လော​ဟု မေး​လျှောက်​ကြ၏။ 8မော​ရှေ​က​လည်း၊ နေ​ကြ​ဦး​လော့။ သင်​တို့​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ငါ​နား​ထောင်​ဦး​မည်​ဟု ပြန်​ဆို၏။ 9ထို​အ​ခါ​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 10သင်​တို့​အ​မျိုး​သား​သည် အ​သေ​ကောင်​အား​ဖြင့် ညစ်​ညူး​ခြင်း​ရှိ​သော်​လည်း​ကောင်း၊ ဝေး​သော​အ​ရပ်​သို့ ခ​ရီး​သွား​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​မည်။ 11ဒု​တိ​ယ​လ တစ်​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ ပွဲ​ခံ၍၊ သိုး​သ​ငယ်​အ​သား​ကို တ​ဆေး​မ​ပါ​သော​မုန့်၊ ခါး​သော​ဟင်း​သီး​ဟင်း​ရွက်​နှင့် စား​ရ​မည်။ 12ထို​အ​သား​ကို နံ​နက်​တိုင်​အောင်​မ​ကြွင်း​စေ​ရ။ အ​ရိုး​ကို​လည်း​မ​ချိုး​ရ။ ပ​သ​ခါ​ပွဲ​နှင့် ဆိုင်​သော အ​ထုံး​အ​ဖွဲ့​ရှိ​သ​မျှ​တို့​ကို​လိုက်၍ ပွဲ​ခံ​ရ​သော​အ​ခွင့်​ရှိ၏။#ထွ၊ ၁၂:၄၆။ ယော၊ ၁၉:၃၆။ 13ညစ်​ညူး​ခြင်း​မ​ရှိ၊ အ​ခြား​တစ်​ပါး​သို့ ခ​ရီး​မ​သွား​သော​သူ​သည် ပ​သ​ခါ​ပွဲ​ကို မ​ခံ​ဘဲ​နေ​လျှင်၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ ချိန်း​ချက်​သော​အ​ချိန်၌ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို​မ​ဆောင်​ခဲ့​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။ 14သင်​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ စီ​ရင်​ထုံး​ဖွဲ့၍ ခံ​ရ​သော​ထုံး​စံ​အ​တိုင်း ပွဲ​ခံ​ရ​မည်။ သင်​တို့​တွင် တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ၊ အ​မျိုး​သား​ချင်း​ဖြစ်​သော​သူ​တို့​သည် ထုံး​စံ​တစ်​ပါး​တည်း​သာ ရှိ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။
မီး​တဲ​တော်​ပေါ်​မှ​မိုး​တိမ်
(ထွ၊ ၄၀:၃၄-၃၈)
15တဲ​တော်​ကို​ထူ​ထောင်​သော​နေ့၌၊ မိုး​တိမ်​သည် တဲ​တောင်​ပေါ်​မှာ​တည်၍၊ သက်​သေ​ခံ​ချက်​တဲ​တော်​ကို ဖုံး​အုပ်​လေ၏။ ညဉ့်​ဦး​မှ​စ၍ နံ​နက်​တိုင်​အောင် တဲ​တော်​ပေါ်​မှာ မီး​ကဲ့​သို့​ထင်​လေ၏။ 16ထို​သို့​အ​စဉ်​ဖြစ်၍ နေ့​အ​ချိန်၌​မိုး​တိမ်​ဖုံး​အုပ်​လျက်၊ ည​အ​ချိန်၌​မီး​ကဲ့​သို့ ထင်​လျက်​ရှိ၏။ 17မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှ​ကွာ​မြောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​သွား​ကြ၏။ မိုး​တိမ်​တည်​လေ​ရာ​ရာ၌​လည်း၊ တဲ​များ​ကို​ဆောက်​ပြန်​ကြ၏။ 18ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​သွား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​လည်း တဲ​များ​ကို​ဆောက်​ကြ၏။ မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှာ တည်​နေ​သ​မျှ​သော​ကာ​လ​ပတ်​လုံး သူ​တို့​သည် တဲ၌​နေ​ကြ၏။ 19မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှာ နေ့​ရက်​ကြာ​မြင့်​စွာ​တည်​နေ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​မ​သွား​ဘဲ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စောင့်​နေ​ကြ၏။ 20မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှာ နေ့​ရက်​အ​နည်း​ငယ်​မျှ တည်​နေ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း၊ သူ​တို့​သည် တဲ၌​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​အ​တိုင်း​လည်း၊ ခ​ရီး​သွား​ကြ၏။ 21ညဉ့်​ဦး​ယံ​မှ​စ၍ နံ​နက်​အ​ချိန်​တိုင်​အောင် မိုး​တိမ်​တည်​နေ၍ နံ​နက်​အ​ချိန်၌ မြောက်​သော​အ​ခါ ခ​ရီး​သွား​ကြ၏။ နေ့​ဖြစ်​စေ၊ ည​ဖြစ်​စေ၊ မိုး​တိမ်​မြောက်​သော​အ​ခါ ခ​ရီး​သွား​ကြ၏။ 22နှစ်​ရက်​ဖြစ်​စေ၊ တစ်​လ​ဖြစ်​စေ၊ တစ်​နှစ်​ဖြစ်​စေ၊ မိုး​တိမ်​သည် တဲ​တော်​ပေါ်​မှာ တည်​နေ​သ​မျှ​သော​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​မ​သွား​ဘဲ တဲ၌​နေ​ကြ၏။ တစ်​ဖန်​မိုး​တိမ်​မြောက်​ပြန်​သော​အ​ခါ ခ​ရီး​သွား​ကြ၏။ 23ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း တဲ၌​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း​လည်း ခ​ရီး​သွား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၌ စောင့်​နေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ