သုတ္တံ 10
10
ရှောလမုန်မင်း၏သုတ္တံစကားများ
1ရှောလမုန်မင်း၏သုတ္တံစကားဟူမူကား၊ ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက်သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။ 2မတရားသော ဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ်၏။ 3ဖြောင့်မတ်သောသူကို ငတ်၍သေစေခြင်းငှာ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသောသူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။ 4ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယရှိသောသူသည် ကြွယ်ဝခြင်းသို့ရောက်တတ်၏။ 5အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသားဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ်တတ်သောသူမူကား၊ အရှက်ခွဲတတ်သောသားဖြစ်၏။ 6တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာသက်ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲခြင်းအပြစ်သည် ပိတ်လိမ့်မည်။ 7တရားသောသူကို အောက်မေ့သောအခါ ကောင်းချီးပေးတတ်၏။ မတရားသောသူ၏ နာမမူကားပုပ်ပျက်တတ်၏။ 8လိမ္မာသောသူသည် ပညတ်တရားကိုခံတတ်၏။ စကားများသောလူမိုက်မူကားဆုံးရှုံးတတ်၏။ 9ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ သဘောထင်ရှားလိမ့်မည်။ 10မျက်စိမှိတ်သောသူသည် စိတ်ကို ပူစေတတ်၏။ စကားများသောလူမိုက်မူကား ဆုံးရှုံးတတ်၏။ 11ဖြောင့်မတ်သောသူ၏ နှုတ်သည် အသက်ရေတွင်းဖြစ်၏။ မတရားသောသူ၏နှုတ်ကိုကား၊ ညှဉ်းဆဲခြင်းအပြစ်သည် ပိတ်လိမ့်မည်။ 12မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်းတတ်၏။ ချစ်သောစိတ်မူကား၊ ခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။#ယာ၊ ၅:၂၀။ ၁ ပေ၊ ၄:၈။ 13ဉာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဉာဏ်မဲ့သောသူ၏ကျောအဖို့မူကား ကြိမ်လုံးရှိ၏။ 14ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုးနည်းခြင်းနှင့် နီးစပ်၏။ 15ငွေရတတ်သောသူ၏စည်းစိမ်သည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။ 16ဖြောင့်မတ်သောသူ၏အလုပ်အကိုင်သည် အသက်နှင့်လည်းကောင်း၊ မတရားသောသူ၏အကျိုးစီးပွားသည် အပြစ်နှင့်လည်းကောင်းယှဉ်၏။
17နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။ 18အငြိုးဖွဲ့သောသဘောကို မုသားနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သောသူသည် မိုက်သောသဘောရှိ၏။ 19စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။ 20ဖြောင့်မတ်သောသူ၏ လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးသောသူ၏ နှလုံးမူကား အဖိုးမထိုက်။ 21ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် လူအများကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဉာဏ်မရှိသောကြောင့် သေကြလိမ့်မည်။ 22ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။ 23မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့တတ်၏။ ဉာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။ 24မတရားသောသူ ကြောက်တတ်သောအမှုသည် သူ့အပေါ်သို့ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသောအကျိုးကိုကား၊ ဘုရားသခင်ပေးတော်မူမည်။ 25မတရားသောသူသည် လွန်သွားသော လေပွေကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံသော တိုက်မြစ်ဖြစ်၏။ 26ပုံးရည်သည် သွား၌လည်းကောင်း၊ မီးခိုးသည် မျက်စိ၌လည်းကောင်းဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သောသူ၌ ဖြစ်၏။ 27ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။ 28ဖြောင့်မတ်သောသူ၏မျှော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏မျှော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။ 29ထာဝရဘုရား၏တရားလမ်းသည် ဖြောင့်မတ်သောသူ ခိုင်ခံ့ခြင်းအကြောင်းဖြစ်၏။ မတရားသဖြင့် ကျင့်သောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။ 30ဖြောင့်မတ်သောသူသည် အစဉ်မပြတ် နေရာမှမရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည်မကျရ။ 31ဖြောင့်မတ်သောသူ၏နှုတ်မှ ပညာစကား ထွက်တတ်၏။ ကောက်လိမ်သောလျှာမူကား၊ အဖြတ်ခံရလိမ့်မည်။ 32ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဖွယ်သောအရာကို သိကျွမ်းတတ်၏။ မတရားသောသူတို့မူကား၊ ဆန့်ကျင်သော စကားကို ပြောတတ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
သုတ္တံ 10: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: