အိုထာဝရဘုရား၊ ကရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မီပါ၏။ ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာသောတောင်ရိုးနှင့် တူပါ၏။ တရားစီရင်တော်မူချက်တို့သည် အလွန်နက်နဲရာ ဖြစ်ကြပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင့်မတော်မူ၏။ အိုဘုရားသခင်၊ ကရုဏာတော်သည် အလွန်မြတ်နိုးဖွယ်ဖြစ်ပါ၏။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏။ အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက်နေ၍၊ ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်းငှာ အခွင့်ပေးတော်မူ၏။ အကြောင်းမူကား၊ ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်းရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏။ ကိုယ်တော်ကို သိသောသူတို့အား၊ ကရုဏာတော်ကိုလည်းကောင်း၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ်တော်မူခြင်း တရားကိုလည်းကောင်း တည်မြဲတည်စေတော်မူပါ။
ဆာလံ 36 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 36:5-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို