YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 36

36
လူ​၏​ယုတ်​မာ​ခြင်း
1ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​သော​အ​ကြောင်း​သည် မ​တ​ရား​သော​သူ၏ မျက်​စိ၌​မ​ထင်​ဟု၊ ထို​သူ​ပြု​တတ်​သော ဒု​စ​ရိုက်​ကို ငါ​ထောက်၍ သ​ဘော​ကျ၏။#ရော၊ ၃:၁၈။ 2သူ၏​အ​ပြစ်​ကို တွေ့​တော်​မ​မူ၊ ရွံ​ရှာ​တော်​မ​မူ​ဟု ကိုယ်​မျက်​စိ​ရှေ့၌ ကိုယ်​ကောင်း​သော အ​ယောင်​ကို ဆောင်​တတ်၏။ 3သူ​ပြော​သော​စ​ကား​သည် အ​ဓ​မ္မ​စ​ကား၊ လှည့်​စား​သော​စ​ကား​ဖြစ်၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​တတ်​သော​ပ​ညာ​ကို စွန့်​လေ​ပြီ။ 4အိပ်​ရာ​ပေါ်​မှာ မ​ကောင်း​သော​အ​မှု​ကို ကြံ​စည်​တတ်၏။ မ​ကောင်း​သော​လမ်း​သို့ အ​မြဲ​လိုက်၍၊ ဆိုး​ယုတ်​သော​အ​ကျင့်​ကို ရွံ​ရှာ​ခြင်း​မ​ရှိ။
ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​မြတ်​ခြင်း
5အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​သည် ကောင်း​ကင်​သို့​လည်း​ကောင်း၊ သ​စ္စာ​တော်​သည် မိုး​တိမ်​သို့​လည်း​ကောင်း မီ​ပါ၏။ 6ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​သည် ကြီး​မား​စွာ​သော​တောင်​ရိုး​နှင့် တူ​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​လွန်​နက်​နဲ​ရာ ဖြစ်​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျိုး​နှင့် တိ​ရ​စ္ဆာန်​မျိုး​ကို စောင့်​မ​တော်​မူ၏။ 7အို​ဘု​ရား​သ​ခင်၊ က​ရု​ဏာ​တော်​သည် အ​လွန်​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ၏။ ထို​ကြောင့် လူ​သား​တို့​သည် အ​တောင်​တော်​အ​ရိပ်​ကို ခို​လှုံ​လျက်​နေ​ရ​ကြ​ပါ၏။ 8အိမ်​တော်၏​ကြွယ်​ဝ​ခြင်း​နှင့် ရောင့်​ရဲ​လျက်​နေ၍၊ ကိုယ်​တော်၏​ချမ်း​သာ​မြစ်​ရေ​ကို သောက်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ၏။ 9အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​ထံ​မှာ အ​သက်​စမ်း​ရေ​တွင်း​ရှိ​ပါ၏။ အ​လင်း​တော်​ထဲ​မှာ အ​ကျွန်ုပ်​တို့​သည် အ​လင်း​ကို​ရ​ကြ​ပါ၏။
10ကိုယ်​တော်​ကို သိ​သော​သူ​တို့​အား၊ က​ရု​ဏာ​တော်​ကို​လည်း​ကောင်း၊ သ​ဘော​ဖြောင့်​သော​သူ​တို့​အား ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​ကို​လည်း​ကောင်း တည်​မြဲ​တည်​စေ​တော်​မူ​ပါ။ 11မာ​န၏​ခြေ​သည် အ​ကျွန်ုပ်​ကို မ​နင်း​ပါ​စေ​နှင့်။ မ​တ​ရား​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို နေ​ရာ​မ​ရွေ့​ကြ​ပါ​စေ​နှင့်။ 12ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​သည် ထို​အ​ရပ်၌​ပင် လဲ​လျက်​နေ​ရ​ကြ​ပါ၏။ လှဲ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ တစ်​ဖန်​ထ​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 36: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ