YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 38

38
"အောက်​မေ့​စေ​ခြင်း​ငှာ စပ်​ဆို​သော​ဆာ​လံ။"
1အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်၍ အ​ကျွန်ုပ်​ကို​အ​ပြစ်​တင်​တော်​မ​မူ​ပါ​နှင့်။ ပြင်း​စွာ​သော​စိတ်​တော်​ရှိ၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။ 2မြား​တော်​တို့​သည် အ​ကျွန်ုပ်၌​စူး​ဝင်၍၊ လက်​တော်​သည် အ​ကျွန်ုပ်​ကို နှိပ်​လျက်​ရှိ​ပါ၏။ 3အ​မျက်​တော်​ထွက်​သော​ကြောင့်၊ အ​ကျွန်ုပ်​အ​သား​သည် ကျန်း​မာ​ခြင်း​မ​ရှိ​ပါ။ ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် အ​ရိုး​များ​ထဲ​မှာ သက်​သာ​ခြင်း မ​ရှိ​ပါ။ 4အ​ကျွန်ုပ်​ပြု​မိ​သော ဒု​စ​ရိုက်​တို့​သည် အ​ကျွန်ုပ်​ခေါင်း​ကို လွှမ်း​မိုး၍၊ လေး​သော​ဝန်​ကဲ့​သို့ အ​ကျွန်ုပ်​မ​ထမ်း​နိုင်​အောင် လေး​ကြ​ပါ၏။ 5အ​ကျွန်ုပ်​မိုက်​သော​အ​မှု​ကြောင့် အ​နာ​တို့​သည် နံ​စော်၍ ရိ​ရွဲ့​လျက် ရှိ​ကြ​ပါ၏။ 6အ​ကျွန်ုပ်​သည် ပြင်း​ထန်​စွာ​ခံ​ရ၍၊ အ​လွန်​နှိမ့်​ချ​လျက်၊ ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် တစ်​နေ့​လုံး သွား​ရ​ပါ၏။ 7အ​ကျွန်ုပ်​ခါး​သည် ပူ​လောင်​သော​အ​နာ​စွဲ၍၊ အ​သား​သည်​လည်း ကျန်း​မာ​ခြင်း​မ​ရှိ​ပါ။ 8နုန့်​နဲ့​ခြင်း၊ ကြေ​ကွဲ​ခြင်း​ရှိ၍၊ စိတ်​နှ​လုံး​လှုပ်​ရှား​သ​ဖြင့် အော်​ဟစ်​ရ​ပါ​၏။
9အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​အ​လို​ရှိ​သ​မျှ​သည် ရှေ့​တော်၌​ထင်​ရှား​ပါ၏။ အ​ကျွန်ုပ်​ညည်း​တွား​ခြင်း​ကို​လည်း အ​ကြွင်း​မဲ့​သိ​တော်​မူ၏။ 10အ​ကျွန်ုပ်၏​နှ​လုံး​တုန်​လှုပ်၍၊ ခွန်​အား​လည်း​ကုန်​ပါ​ပြီ။ မျက်​စိ​အ​လင်း​လည်း ကွယ်​ပျောက်​ပါ​ပြီ။ 11အ​ကျွန်ုပ်၏​အ​ဆွေ​ခင်​ပွန်း၊ အ​ပေါင်း​အ​ဖော်​တို့​သည် အ​ကျွန်ုပ်​အ​နာ​ရော​ဂါ​ကြောင့်၊ ဝေး​ဝေး​ရပ်​လျက်၊ ပေါက်​ဖော်​တို့​သည်​လည်း၊ ရှောင်​လျက်​နေ​ကြ​ပါ၏။ 12အ​ကျွန်ုပ်​အ​သက်​ကို ရှာ​သော​သူ​တို့​သည် ကျော့​ကွင်း​များ​ကို ထောင်​ထား​ကြ​ပါ၏။ အ​ကျွန်ုပ်၌ အ​ပြစ်​ပြု​ခြင်း​အ​ခွင့်​ကို ရှာ​သော​သူ​တို့​သည် တစ်​နေ့​လုံး မ​နာ​လို​သော​စ​ကား​ကို​ပြော၍၊ မ​ကောင်း​သော​ပ​ရိ​ယာယ်​ကို ကြံ​စည်​ကြ​ပါ၏။ 13အ​ကျွန်ုပ်​မူ​ကား၊ နား​ပင်း​သော​သူ​ကဲ့​သို့ မ​ကြား။ နှုတ်​ကို မ​ဖွင့်​တတ်​သော​လူ​ကဲ​သို့ ဖြစ်​ပါ၏။ 14နား​မ​ကြား၊ ပြန်၍​မ​ငြင်း​နိုင်​သော​သူ​ကဲ့​သို့ ဖြစ်​ပါ၏။ 15အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ကိုး​စား​ပါ၏။ အ​ကျွန်ုပ်၏​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ပြန်​ပြော​တော်​မူ​မည်။ 16သို့​မ​ဟုတ်၊ သူ​တို့​သည် အ​ကျွန်ုပ်​အ​မှု​မှာ ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် ခြေ​ချော်​သော​အ​ခါ အ​ကျွန်ုပ်​တစ်​ဖက်၌ ကိုယ်​ကို​ချီး​မြှောက်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ပါ​ပြီ။ 17အ​ကျွန်ုပ်​လဲ​လု​သည်​ဖြစ်၍၊ ကိုယ်​ဆင်း​ရဲ​ခြင်း​ကို အ​စဉ်​အောက်​မေ့​လျက် နေ​ပါ၏။ 18ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​ပါ၏။ ပြစ်​မှား​မိ​သော​ကြောင့် စိတ်​ပူ​ပန်​ခြင်း​ရှိ​ပါ၏။ 19အ​ကျွန်ုပ်၏​ရန်​သူ​တို့​ကား၊ ကျန်း​မာ​လျက်၊ ခွန်​အား​ကြီး​လျက်​ရှိ ကြ​ပါ၏။ အ​ကျွန်ုပ်​ကို မ​ဟုတ်​မှန်​ဘဲ မုန်း​သော​သူ​တို့​ကား၊ များ​ပြား​ကြ​ပါ၏။ 20အ​ကျွန်ုပ်​သည် ကျေး​ဇူး​တ​ရား​ကို ကြိုး​စား၍ ကျင့်​သော​ကြောင့် ကျေး​ဇူး​အ​တွက် အ​ပြစ်​ပြု​တတ်​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု​ကြ​ပါ၏။ 21အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်၏​ဘု​ရား၊ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ 22အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 38: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ