YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 9

9
တ​ရား​မျှ​တ​မှု​အ​တွက်​ချီး​မွမ်း​ခြင်း
1အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော​အ​မှု​တော်​ရှိ​သ​မျှ​တို့​ကို ပြ​ညွှန်​ပါ​မည်။ 2ကိုယ်​တော်​ကို အ​မှီ​ပြု၍ ဝမ်း​သာ​ရွှင်​လန်း​ပါ​မည်။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား။ 3အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည် ပြန်​ဆုတ်၍ လဲ​ကြ​ပါ၏။ ရှေ့​တော်၌ ပျက်​စီး​ကြ​ပါ၏။ 4ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘက်​မှာ တ​ရား​ဆုံး​ဖြတ်​တော်​မူ​ပြီ။ ပ​လ္လင်​တော်​ပေါ်​မှာ​ထိုင်၍ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ပြီ။ 5တစ်​ပါး​အ​မျိုး​သား​တို့​ကို ဆုံး​မ​တော်​မူ​ပြီ။ ဆိုး​သော​သူ​တို့​ကို​ဖျက်​ဆီး၍ သူ​တို့​နာ​မ​ကို ကာ​လ​အ​စဉ်​အ​ဆက် ချေ​ဖျောက်​တော်​မူ​ပြီ။ 6ရန်​သူ​တို့​သည် အ​ကုန်​အ​စင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပါ​ပြီ။ မြို့​တို့​ကို ဖြို​ဖျက်​တော်​မူ၍၊ သူ​တို့​အ​မှတ်​မျှ​မ​ရှိ ပျောက်​ပါ​ပြီ။ 7ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ ကာ​လ​အ​စဉ်​အ​ဆက်​တည်​တော်​မူ၏။ တ​ရား​ပ​လ္လင်​တော်​ကို ပြင်​ဆင်၍၊ 8မြေ​ကြီး​သား​တို့​ကို တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ၏။ လူ​မျိုး​တို့​အား ဖြောင့်​မတ်​စွာ​သော စီ​ရင်​ခြင်း​ကို ပြု​တော်​မူ၏။ 9ထာ​ဝ​ရ​ဘု​ရား​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏​ခို​လှုံ​ရာ၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ 10နာ​မ​တော်​ကို သိ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ယုံ​ကြည်​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ရှာ​သော သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ​တတ်​ပါ။
11ဇိ​အုန်​မြို့​မှာ ကျိန်း​ဝပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ အ​မှု​တော်​များ​ကို လူ​မျိုး​တို့​အား ဟော​ပြော​ကြ​လော့။ 12လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို​စစ်​တော်​မူ၍၊ အ​သေ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့၏​အော်​ဟစ်​ခြင်း​အ​သံ​ကို မေ့​လျော့​တော်​မ​မူ​တတ်​ပါ။
13အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို ကြည့်​ရှု၍၊ သေ​မင်း​လက်​မှ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။ 14သို့​ဖြစ်၍ ဂုဏ်​ကျေး​ဇူး​တော်​အ​ပေါင်း​ကို ဇိ​အုန်​မြို့​တံ​ခါး​ဝ​မှာ အ​ကျွန်ုပ်​ပြ​ညွှန်​ပါ​မည်။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ပါ​မည်။
15တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုယ်​တူး​သော​တွင်း​ထဲ​သို့ ကိုယ်​ကျ​ကြ၏။ ကိုယ်​ဝှက်​ထား​သော ကျော့​ကွင်း​ထဲ​မှာ ကိုယ်​ခြေ​တို့​သည် ကျော့​မိ​ကြ၏။ 16ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခြင်း​အား​ဖြင့် ထင်​ရှား​တော်​မူ၏။ မ​တ​ရား​သော​သူ​သည် မိ​မိ​လုပ်​သော အ​လုပ်​ထဲ​မှာ ကျော့​မိ​ခြင်း​ကို​ခံ​ရ၏။ 17မ​တ​ရား​သော​သူ​တို့​နှင့် ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​လူ​မျိုး​အ​ပေါင်း​တို့​သည် မ​ရ​ဏ​နိုင်​ငံ​သို့ နှင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ 18ငတ်​မွတ်​သော သူ​တို့​ကို အ​စဉ်​မေ့​လျော့​တော်​မ​မူ။ ဆင်း​ရဲ​သော​သူ​တို့​သည် မျှော်​လင့်၍​မ​ရ​ဘဲ အ​စဉ်​မ​နေ​ရ​ကြ။
19အို​ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ လူ​မ​နိုင်​ပါ​စေ​နှင့်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် ရှေ့​တော်၌ စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။ 20အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​ကို ခြောက်​လှန့်​တော်​မူ​ပါ။ သို့​ဖြစ်၍ မိ​မိ​တို့​သည် လူ​သက်​သက်​ဖြစ်​သည်​ကို လူ​မျိုး​တို့​သည် သိ​ကြ​ပါ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ