YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 1

1
1ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြစ်​ရ​မည်​အ​မှု​အ​ရာ​များ​ကို ယေ​ရှု​ခ​ရစ်​သည် မိ​မိ​အ​စေ​ခံ​ကျွန်​တို့​အား ပြ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အပ်​ပေး​တော်​မူ​သော ထို​သ​ခင်၏ ဗျာ​ဒိတ်​တော်​ကို ဆို​ပေ​အံ့။ ထို​သ​ခင်​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍၊ မိ​မိ​အ​စေ​ခံ​ကျွန်​ယော​ဟန်​အား ဗျာ​ဒိတ်​တော်​အ​ရိပ်​ကို ပြ​တော်​မူ၏။- 2ယော​ဟန်​သည်​လည်း ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို မြင်​သ​မျှ​အ​တိုင်း သက်​သေ​ခံ၏။- 3ကာ​လ​အ​ချိန် ရောက်​လု​နီး​ပြီ​ဖြစ်၍၊ ဤ​အ​နာ​ဂ​တ္တိ​ကျမ်း​စ​ကား​ကို ကြည့်​ရှု​ဖတ်​ရွတ် နား​ထောင်၍၊ ရေး​ထား​သ​မျှ​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။
နှုတ်​ခွန်း​ဆက်​ခြင်း
4ငါ​ယော​ဟန်​သည် အာ​ရှိ​ပြည်၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ကို ကြား​လိုက်​ပါ၏။ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က​လည်း​ကောင်း၊ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ဝိ​ညာဉ်​ခု​နှစ်​ပါး အ​ထံ​က​လည်း​ကောင်း၊-#ထွ၊ ၃:၁၄။ ဗျာ၊ ၄:၅။ 5သ​စ္စာ​စောင့်​သော သက်​သေ​ခံ ဖြစ်​တော်​မူ​ထ​သော၊ သေ​သော​သူ​တို့​တွင် သား​ဦး ဖြစ်​တော်​မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့၏ အ​ထွတ်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​အ​ထံ​တော်​က​လည်း​ကောင်း၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။ ငါ​တို့​ကို​ချစ်၍ မိ​မိ​အ​သွေး​နှင့် ငါ​တို့​အ​ပြစ်​များ​ကို ဆေး​ကြော​တော်​မူ၍၊-#ဟေ​ရှာ၊ ၅၅:၄။ ဆာ၊ ၈၉:၂၇။ 6မိ​မိ​ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ငါ​တို့​ကို ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​သည်၊ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။
7ကြည့်​ရှု​လော့။ မိုး​တိမ်​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ထိုး​ဖောက်​သော သူ​တို့​နှင့် ရှိ​သ​မျှ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​သား​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ မှန်​ပေ၏။ အာ​မင်။-#မ၊ ၂၄:၃၀။ မာ၊ ၁၃:၂၆။ လု၊ ၂၁:၂၇။ ၁​သက်၊ ၄:၁၇။ ဇာ၊ ၁၂:၁၀။ ယော၊ ၁၉:၃၄၊၃၇။ 8ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်​၏​ဟု အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင် မိန့်​တော်​မူ၏။-#ဗျာ၊ ၂၂:၁၃။ ထွ၊ ၃:၁၄။
ခ​ရစ်​တော်​၏​ရူ​ပါ​ရုံ
9ယေ​ရှု​ခ​ရစ်၏ ဆင်း​ရဲ​ခြင်း​ဒု​က္ခ​မှ​စ၍ နိုင်​ငံ​တော်​ကို​လည်း​ကောင်း၊ သည်း​ခံ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ ဆက်​ဆံ​သော အ​ဖော်​အ​ဖက်၊ သင်​တို့​အစ်​ကို ငါ​ယော​ဟန်​သည်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကြောင့်၊ ပတ်​မု​ကျွန်း​မှာ နေ​ရ​စဉ်​တွင်၊- 10သ​ခင်​ဘု​ရား​နေ့၌ ဝိ​ညာဉ်​တော်​ကို​ခံ​ရ၍၊ တံ​ပိုး​ခ​ရာ အ​သံ​ကဲ့​သို့ ငါ့​နောက်၌ မြည်​သော​အ​သံ​ကြီး​ကို ကြား၏။- 11မြည်​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် မြင်​သော​အ​ရာ​ကို စာ​စောင်၌​ရေး​ထား၍၊ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​လိုက်​လော့​ဟု ဆို​သ​တည်း။
12ထို​သို့ ငါ​နှင့်​စ​ကား​ပြော၍ အ​သံ​မြည်​သော သူ​ကို​မြင်​ခြင်း​ငှာ ငါ​သည်​လှည့်​ကြည့်​လျှင်၊ ရွှေ​မီး​ခွက်​ခု​နစ်​လုံး​ကို​လည်း​ကောင်း၊- 13ထို​မီး​ခွက်​ခု​နစ်​လုံး​အ​လယ်၌ လူ​သား​တော်​နှင့် တူ​သော သူ​တစ်​ဦး​ကို​လည်း​ကောင်း မြင်၏။ ထို​သူ​သည်​ခြေ​သို့ တိုင်​အောင်​ဝတ်​ခြုံ​လျက်၊ ရင်​တော်၌ ရွှေ​ခါး​ပန်း​ကို စည်း​လျက်​ဖြစ်၏။-#ဒံ၊ ၇:၁၃၊ ၁၀:၅။ 14ခေါင်း​တော်​နှင့် ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွှေး​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြူ၏။ မျက်​စိ​တော်​သည်​လည်း မီး​လျှံ​ကဲ့​သို့ ဖြစ်၏။-#ဒံ၊ ၇:၉၊ ၁၀:၆။ 15ခြေ​တော်​သည်​လည်း မီး၌​ချွတ်​ပြီး​သော ကြေး​ဝါ​စစ်​နှင့်​တူ၏။ အ​သံ​တော်​သည်​လည်း သ​မု​ဒ္ဒ​ရာ​သံ​ကဲ့​သို့ ဖြစ်၏။-#ယေ​ဇ၊ ၁:၂၄၊ ၄၃:၂။ 16လက်​ယာ​လက်​တော်​သည်​လည်း ကြယ်​ခု​နစ်​လုံး​ကို ကိုင်၏။ ခံ​တွင်း​တော်​ထဲ​က​လည်း ထက်​သော​သန်​လျက် ထွက်၏။ မျက်​နှာ​တော်​သည် အ​ရှိန်​တန်​ခိုး​နှင့် ထွန်း​တောက်​သော​နေ​ကဲ့​သို့ ဖြစ်၏။
17ထို​သူ​ကို​ငါ​မြင်​သော​အ​ခါ၊ သေ​မ​တတ်​ဖြစ်၍ ခြေ​တော်​ရင်း၌ လဲ​လျက်​နေ၏။ ထို​သူ​သည် လက်​ယာလက်​တော်​ကို ငါ့​အ​ပေါ်​သို့ တင်​လျက်၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။-#ဟေ​ရှာ၊ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၂:၈၊ ၂၂:၁၃။ 18အ​သက်​ရှင်​သော​သူ​လည်း ဖြစ်၏။ ငါ​သည် အ​ရင်​သေ​သည် ဖြစ်၍၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​နှင့် ပြည့်​စုံ၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို​လည်း ငါ​အ​စိုး​ရ၏။- 19ထို​ကြောင့်၊ သင်​သည် မြင်​ပြီး​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ယ​ခု​ရှိ​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ နောင်​ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို​လည်း​ကောင်း ရေး​ထား​လော့။- 20ငါ့​လက်​ယာ​လက်၌ ထင်​ရှား​သော ကြယ်​ခု​နစ်​လုံး​နှင့် ရွှေ​မီး​ခွက်​ခု​နစ်​လုံး၏ နက်​နဲ​ခြင်း​အ​ရာ​ဟူ​မူ​ကား၊ မီး​ခွက်​ခု​နစ်​လုံး​သည် အ​သင်း​တော်​ခု​နစ်​ပါး​ဖြစ်၏။ ကြယ်​ခု​နစ်​လုံး​သည်​လည်း ထို​ခု​နစ်​ပါး​သော အ​သင်း​တော်​တို့​ကို အုပ်​သော​တ​မန်​ဖြစ်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ