ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို မြင့်မားသောအရပ်သို့ ခေါ်ဆောင်သွား၍ ကမ္ဘာလောကရှိတိုင်းနိုင်ငံအားလုံးကို တစ်ခဏချင်းတွင် ညွှန်ပြပြီးလျှင် “ဤအခွင့်အာဏာနှင့် ထိုဘုန်းစည်းစိမ် ရှိသမျှတို့ကို သင့်အား ငါပေးမည်။ အဘယ်ကြောင့်ဆိုသော် ဤအရာတို့ကို ငါ၏လက်ထဲတွင် အပ်နှင်းထားပြီးဖြစ်သောကြောင့် ငါပေးလိုသောသူအား ငါပေးနိုင်၏။ ထို့ကြောင့် သင်သည် ငါ့ကို ကိုးကွယ်လျှင် ဤအရာရှိသမျှကို သင့်အား ငါပေးမည်” ဟု လျှောက်လေ၏။ ယေရှုကလည်း “ကျမ်းစာ၌ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။
လုကာ 4 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: လုကာ 4:5-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို