၁ ရာချုပ် 14
14
ယေရုရှလင်မြို့တွင်ဒါဝိဒ်၏လုပ်ဆောင်ချက်များ
(၂ရာ၊ ၅:၁၁-၁၆)
1တုရုမြို့မှဟိရံမင်းသည်ဒါဝိဒ်ထံသို့ကုန်သွယ် ရေးသံတမန်အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ကာ နန်း တော်တည်ဆောက်ရန်အတွက်အာရဇ်သစ်များ နှင့်တကွ လက်သမားများ၊ ပန်းရံများကို ပေးပို့လိုက်၏။- 2သို့ဖြစ်၍ဒါဝိဒ်သည်မိမိအားဣသရေလ ဘုရင်အဖြစ်ဖြင့် ထာဝရဘုရားခန့်ထား တော်မူပြီဖြစ်ကြောင်း၊ မိမိ၏ပြည်သူတို့ အကျိုးငှာဣသရေလနိုင်ငံကို ချမ်းသာ ကြွယ်ဝစေတော်မူပြီဖြစ်ကြောင်းသိရှိ ရ၏။
3ဒါဝိဒ်သည်ယေရုရှလင်မြို့တွင်ထပ်မံ၍ လက်ထပ်ထိမ်းမြားမှုများကိုပြုသဖြင့် သားသမီးများထပ်မံ၍ရရှိလေသည်။- 4ယေရုရှလင်မြို့တွင်ရရှိသောသားတို့၏ နာမည်များမှာရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှော လမုန်၊- 5ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊- 6နောဂ၊ နေဖက်၊ ယာဖျာ၊
7ဧလိရှမာ၊ ဧလျာဒနှင့်ဧလိဖလက်ဟူ၍ ဖြစ်၏။
ဖိလိတ္တိအမျိုးသားတို့အားအနိုင်ရတော်မူခြင်း
(၂ရာ၊ ၅:၁၇-၂၅)
8ဣသရေလနိုင်ငံတော်တစ်ဝှမ်းလုံးမှဒါဝိဒ် အားမင်းမြှောက်လိုက်ကြကြောင်း ဖိလိတ္တိအမျိုး သားတို့ကြားသိကြသောအခါ ဒါဝိဒ်ကိုဖမ်း ဆီးရန်တပ်ချီလာကြ၏။ သို့ဖြစ်၍ဒါဝိဒ် သည်ထိုသူတို့နှင့်ရင်ဆိုင်ရန်ထွက်ခွာလာခဲ့၏။- 9ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ်ချိုင့်ဝှမ်းသို့ ရောက်ရှိကြသောအခါ လူတို့အားစတင်တိုက် ခိုက်လုယက်ကြကုန်၏။- 10ဒါဝိဒ်က``ကျွန်တော်မျိုးသည်ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော် မူပါမည်လော'' ဟုဘုရားသခင်အားမေး လျှောက်၏။
ထာဝရဘုရားက``တိုက်လော့၊ ငါသည်သင့် အားအောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့် တော်မူ၏။
11သို့ဖြစ်၍ဒါဝိဒ်သည်ဗာလပေရဇိမ်မြို့တွင် ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက်ရာအနိုင် ရလေ၏။ ဒါဝိဒ်က``ထာဝရဘုရားသည်ရန်သူ တပ်ကိုမြစ်ရေလျှံ၍ဖြိုခွင်းသကဲ့သို့ ငါ့ကို အသုံးပြု၍ဖြိုခွင်းတော်မူလေပြီ'' ဟုဆို ၏။ သို့ဖြစ်၍ထိုအရပ်ကိုဗာလပေရဇိမ်မြို့ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။- 12ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုးကွယ် သည့်ရုပ်တုများကို ထိုအရပ်တွင်ထားရစ်ခဲ့ ကြ၏။ ဒါဝိဒ်သည်လည်းယင်းတို့ကိုမီးရှို့ ပစ်ရန်အမိန့်ပေးတော်မူ၏။
13ထိုနောက်များမကြာမီဖိလိတ္တိအမျိုးသား တို့သည် ထိုချိုင့်ဝှမ်းသို့တစ်ဖန်ပြန်လာကြ လျက်စတင်လုယက်တိုက်ခိုက်ကြပြန်၏။- 14ဒါဝိဒ်သည်လည်းနောက်တစ်ကြိမ်ဘုရားသခင် အားလျှောက်ထားစုံစမ်းပြန်၏။ ဘုရားသခင် က``သင်သည်ဤအရပ်မှနေ၍မတိုက်နှင့်။ အခြားတစ်ဖက်သို့လှည့်၍သွားပြီးလျှင် သစ်ဆီမွှေးပင်များအနီးမှနေ၍တိုက်လော့။- 15ငါသည်ဖိလိတ္တိတပ်ကိုဖြိုခွင်းရန်သင်တို့၏ ရှေ့မှချီတက်တော်မူမည်ဖြစ်၍ သင်တို့သည် သစ်ဆီမွှေးပင်ထိပ်ဖျားများတွင်စစ်ချီသံ များကိုကြားရသောအခါတိုက်ခိုက်ကြ လော့'' ဟုမိန့်တော်မူ၏။- 16ဒါဝိဒ်မင်းသည်ဘုရားသခင်မိန့်တော်မူသည် အတိုင်းပြု၍ ဖိလိတ္တိအမျိုးသားတို့ကိုဂိ ဗောင်မြို့မှသည်ဂါဇေရမြို့သို့တိုင်အောင် နှင်ထုတ်တော်မူ၏။- 17ဒါဝိဒ်မင်း၏ဂုဏ်သတင်းသည်အရပ်တကာ သို့ပြန့်နှံ့၍သွား၏။ မင်းကြီးအားလူမျိုး တကာတို့ကြောက်လန့်လာကြစေရန် ထာဝရ ဘုရားသည်စီရင်တော်မူသတည်း။
လက်ရှိရွေးချယ်ထားမှု
၁ ရာချုပ် 14: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar