၁ ရာ 10
10
1ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။- 2ယနေ့ငါ့ထံမှထွက်ခွာသွားသောအခါ သင်သည်ဗင်္ယာမိန်နယ်၊ ဇေလဇမြို့ရှိရာ ခေလ၏သင်္ချိုင်းအနီးတွင်လူနှစ်ယောက် ကိုတွေ့လိမ့်မည်။ သူတို့ကသင်လိုက်လံရှာ ဖွေနေသောမြည်းတို့ကိုပြန်လည်တွေ့ရှိပြီ ဖြစ်၍ သင့်အဖသည်မြည်းများအတွက် စိုးရိမ်ပူပန်မှုမရှိတော့ဘဲသင်၏အတွက် သာလျှင် စိုးရိမ်ပူပန်လျက်နေကြောင်းကို လည်းကောင်း`ငါ့သားအတွက်အဘယ်သို့ ငါပြုရပါမည်နည်း' ဟုမြည်တမ်းလျက် နေကြောင်းကိုလည်းကောင်းသင့်အားပြော ကြားကြလိမ့်မည်။- 3သင်သည်ထိုအရပ်မှနေ၍တာဗော်လွင်ပြင် ရှိ မြတ်သည့်ဝက်သစ်ချပင်သို့ရောက်သည်တိုင် အောင်သွားရမည်။ ထိုနေရာတွင်လူသုံးယောက် ကိုတွေ့လိမ့်မည်။ သူတို့သည်ဗေသလမြို့တွင် ဘုရားသခင်အားယဇ်ပူဇော်ရန်သွားကြ သူများဖြစ်၏။ သူတို့အနက်တစ်ယောက် သည်ဆိတ်သုံးကောင်ကိုဆွဲလျက်တစ်ယောက် ကမုန့်သုံးလုံးကိုကိုင်လျက်၊ အခြားတစ် ယောက်ကစပျစ်ရည်အပြည့်ပါသောသား ရေဘူးကိုဆောင်လျက်လာလိမ့်မည်။- 4သူတို့သည်သင့်အားနှုတ်ခွန်းဆက်ပြီးလျှင် မုန့်နှစ်လုံးကိုပေးလိမ့်မည်။ ထိုမုန့်တို့ကို သင်သည်လက်ခံရမည်။- 5ထိုနောက်သင်သည်ဖိလိတ္တိအမျိုးသားတို့၏ တပ်စခန်းချရာ ဂိဗာမြို့ရှိဘုရားသခင် ၏တောင်တော်သို့သွားရောက်ရမည်။ ဂိဗာမြို့ အဝင်ဝ၌သင်သည်စောင်းကြီး၊ စောင်းငယ်၊ ပတ်သာ၊ ပြွေတို့ကိုတီးမှုတ်လျက်တောင်ပေါ် ရှိယဇ်ပလ္လင်မှလာကြသောပရောဖက်တစ်စု ကိုတွေ့လိမ့်မည်။ သူတို့သည်ကခုန်ဟစ်အော် ၍နေကြလိမ့်မည်။- 6ထိုအခါထာဝရဘုရား၏ဝိညာဉ်တော်သည် သင်၏အပေါ်သို့သက်ရောက်သဖြင့် သင်သည် ထိုသူတို့နှင့်အတူပါဝင်ကခုန်အော်ဟစ် ကာခြားနားသောသူဖြစ်၍သွားလိမ့်မည်။- 7ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင့်အားဘုရားသခင်လမ်းပြတော်မူသည့် အတိုင်းပြုလော့။- 8သင်သည်ငါ၏အလျင်ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်ထိုမြို့တွင်သင်နှင့်တွေ့ ဆုံ၍မီးရှို့ရာယဇ်များနှင့်မိတ်သဟာယ ယဇ်များကိုပူဇော်မည်။ သင်အဘယ်သို့ပြု ရမည်ကို ငါလာ၍မဖော်ပြမချင်းထို မြို့တွင်ခုနစ်ရက်တိုင်တိုင်စောင့်နေလော့'' ဟုဆို၏။
9ရှောလုသည်ရှမွေလထံမှထွက်ခွာလာ ချိန်၌ ထာဝရဘုရားသည်ရှောလုအား စိတ်သဘောသစ်ကိုပေးတော်မူ၏။ ရှမွေလ ဖော်ပြခဲ့သမျှသောအမှုအရာတို့သည် လည်းထိုနေ့၌ဖြစ်ပျက်လာလေသည်။- 10ရှောလုနှင့်သူ၏အစေခံသည်ဂိဗာမြို့ သို့ရောက်ရှိကြသောအခါ ပရောဖက်တစ် စုသည်သူတို့အားဆီးကြိုကြ၏။ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ရှောလုအပေါ် သို့သက်ရောက်သဖြင့်သူသည်ပရောဖက် များနှင့်အတူပါဝင်ကခုန်ဟစ်အော် လေသည်။- 11သူ့အားယခင်ကသိရှိခဲ့ကြသောလူ တို့သည် ရှောလုဤသို့ကခုန်ဟစ်အော်နေ သည်ကိုမြင်လျှင်``ကိရှ၏သားကားအဘယ် သို့ဖြစ်လေပြီနည်း။ ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟု အချင်းချင်းပြောဆိုမေးမြန်းကြ၏။- 12ထိုအရပ်သားတစ်ဦးက``အခြားပရော ဖက်တို့၏ဖခင်များကားမည်သူတို့နည်း'' ဟုဆို၏။ ဤသို့လျှင်``ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟူသော ဆိုရိုးစကားစတင်ပေါ်ပေါက်လာ သတည်း။-#၁ရာ၊ ၁၉:၂၃-၂၄။ 13ကခုန်ဟစ်အော်ပြီးသောအခါရှောလု သည်တောင်ကုန်းပေါ်ရှိယဇ်ပလ္လင်သို့ထွက် ခွာသွား၏။
14ရှောလု၏ဦးလေးသည်ရှောလုနှင့်အစေခံ ကိုမြင်လျှင် ``သင်တို့အဘယ်အရပ်မှပြန် လာကြသနည်း'' ဟုမေး၏။
ရှောလုက``မြည်းများကိုရှာဖွေရာမှဖြစ် ပါသည်။ အကျွန်ုပ်တို့သည်မြည်းများကိုရှာ မတွေ့သဖြင့် ရှမွေလထံကိုသွားရောက်ခဲ့ ကြပါသည်'' ဟုပြန်လည်ဖြေကြား၏။
15``သူသည်သင်တို့အား အဘယ်သို့ပြော လိုက်ပါသနည်း'' ဟုဦးလေးကမေး ပြန်သော်၊
16ရှောလုက``မြည်းများကိုပြန်၍တွေ့ပြီ ဖြစ်ကြောင်း အကျွန်ုပ်တို့အားပြောကြား လိုက်ပါသည်'' ဟုဆို၏။ သို့ရာတွင်ရှမွေလ မိန့်မြွက်သည့်နိုင်ငံရေးအကြောင်းကိုမူ ဦးလေးအားမပြောဘဲနေ၏။
ရှောလုအားဘုရင်အဖြစ်ဖြင့်ကြွေးကြော် တင်မြှောက်ခြင်း
17ရှမွေလသည်လူတို့အားမိဇပါမြို့တွင် ထာဝရဘုရားထံတော်သို့ခေါ်ယူစုရုံး စေပြီးလျှင်၊- 18ဤသို့ဆို၏။ ``ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ ကိုအီဂျစ်ပြည်မှငါထုတ်ဆောင်၍ သင်တို့ အားနှိပ်စက်ကလူပြုသောအီဂျစ်အမျိုး သားများနှင့်အခြားအမျိုးသားအပေါင်း တို့၏ဘေးမှကယ်ဆယ်တော်မူခဲ့သည်။- 19ငါသည်သင်တို့၏ဘုရား၊ ဆင်းရဲဒုက္ခများ နှင့်အခက်အခဲများမှသင်တို့ကိုကယ် တော်မူသောဘုရားဖြစ်တော်မူ၏။ သို့ရာ တွင်သင်တို့သည်ငါ့ကိုပစ်ပယ်ကာငါ၏ ထံမှဘုရင်ကိုတောင်းခံခဲ့ကြ၏။ ကောင်း ပြီ။ သင်တို့သည်ထာဝရဘုရား၏ရှေ့ တော်၌အနွယ်အလိုက်၊ သားချင်းစုအလိုက် စုရုံးကြလော့' ဟုမိန့်တော်မူသည်။''
20ထိုနောက်ရှမွေလသည်အနွယ်တို့ကိုတစ် စုပြီးတစ်စု ရှေ့သို့လာရောက်စေပြီးလျှင် မဲချ၍ ဗင်္ယာမိန်အနွယ်ကိုရွေးချယ်၏။- 21ထိုနောက်ရှမွေလသည်ဗင်္ယာမိန်အနွယ်ဝင် အိမ်ထောင်စုများကို ရှေ့သို့လာရောက်စေ သောအခါမာတရိအိမ်ထောင်စုသည် အရွေးခံရ၏။ ထိုနောက်မာတရိအိမ်ထောင် စုမှအမျိုးသားတို့သည်ရှေ့သို့ထွက်၍ လာကြလျှင် ကိရှ၏သားရှောလုသည် အရွေးခံရ၏။ သို့ရာတွင်သူ့ကိုရှာ၍ မတွေ့ကြသောအခါ၊- 22လူတို့သည်``ရှောလုအပြင်အခြားသူတစ်စုံ တစ်ယောက်ရှိပါသေးသလော'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။
ထာဝရဘုရားက``ရှောလုသည်ကုန်ထုပ် များ၏နောက်တွင်ပုန်းကွယ်လျက်ရှိသည်'' ဟုမိန့်တော်မူ၏။
23သို့ဖြစ်၍သူတို့သည်ပြေး၍ရှောလုကို လူတို့ရှေ့သို့ခေါ်ခဲ့ကြသောအခါ သူသည် အခြားသူအပေါင်းတို့ထက်အရပ်တစ် ပေမျှပို၍မြင့်သည်ကိုတွေ့မြင်ရကြ၏။- 24ရှမွေလကလူတို့အား``ထာဝရဘုရား ရွေးချယ်တော်မူသောသူကားဤသူတည်း။ ငါတို့တွင်သူနှင့်တူသူတစ်ယောက်မျှ မရှိ'' ဟုဆို၏။
လူအပေါင်းတို့သည်လည်း``အရှင်မင်းကြီး သက်တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြ၏။
25ရှမွေလသည်မင်းကျင့်တရားများနှင့် ဘုရင့် ရပိုင်ခွင့်များကို လူတို့အားရှင်းလင်းဖော် ပြ၏။ ထိုနောက်ထိုအရာများကိုစာအုပ် တွင်ရေးမှတ်ကာ သန့်ရှင်းရာဌာနတွင်သိမ်း ဆည်းထား၏။ ထိုနောက်သူသည်လူတို့အား မိမိတို့နေရပ်အသီးသီးသို့ပြန်စေ၏။- 26ရှောလုသည်လည်းဂိဗာမြို့နေအိမ်သို့ပြန် လေသည်။ သူရဲကောင်းအချို့တို့၏စိတ်ကို ဘုရားသခင်ပြုပြင်တော်မူသဖြင့် သူတို့ သည်ရှောလုနှင့်အတူလိုက်သွားကြ၏။- 27သို့ရာတွင်လူဆိုးလူမိုက်တို့က``ဤသူ သည်ငါတို့အား အဘယ်သို့အကျိုးပြုနိုင် ပါမည်နည်း'' ဟုဆိုကြ၏။ သူတို့သည် ရှောလုကိုအထင်သေးသဖြင့် အဘယ် လက်ဆောင်ကိုမျှမပေးမဆက်ကြ။
လက်ရှိရွေးချယ်ထားမှု
၁ ရာ 10: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar