၂ ရာချုပ် 17
17
ယောရှဖတ်နန်းတက်ခြင်း
1ယောရှဖတ်သည်ခမည်းတော်အာသ၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်ပြီး နောက် ဣသရေလနိုင်ငံအားခုခံတိုက်ခိုက် ရန်မိမိ၏နိုင်ငံကိုခိုင်ခံ့အောင်ပြုတော် မူ၏။- 2သူသည်ယုဒပြည်ခံတပ်မြို့များ၊ ယုဒ ကျေးလက်များနှင့်ဧဖရိမ်နယ်မြေမှ အာသသိမ်းယူထားသည့်မြို့များတွင် မိမိ၏စစ်တပ်များကိုချထားလေသည်။- 3ယောရှဖတ်သည်ခမည်းတော်အာသနန်း တက်စအခါကပြုမူခဲ့သည့်စံနမူနာ ကိုလိုက်၍ ဗာလဘုရားအားဝတ်မပြု ရှိမခိုးဘဲနေသဖြင့်ထာဝရဘုရားသည် သူ့အားကောင်းချီးပေးတော်မူ၏။- 4သူသည်ခမည်းတော်၏ဘုရားကိုကိုးကွယ် ၍ဘုရားသခင်၏အမိန့်တော်ကိုနာခံ တော်မူ၏။ ဣသရေလဘုရင်တို့၏လမ်းစဉ် ကိုလိုက်တော်မမူ။- 5ထာဝရဘုရားသည်ယောရှဖတ်၏အာဏာ ကိုတည်စေတော်မူ၏။ ပြည်သူအပေါင်းတို့ သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာများကိုယူ ဆောင်လာကြ၏။ ထိုကြောင့်မင်းကြီးသည် ချမ်းသာကြွယ်ဝကာဂုဏ်အသရေကြီး မြင့်လာတော်မူ၏။- 6သူသည်ထာဝရဘုရားအားကိုးကွယ်မှု တွင်စိတ်အားထက်သန်လျက်ယုဒပြည်ရှိ ရုပ်တုကိုးကွယ်ရာဌာနများနှင့်အာရှရ ဘုရားမ၏တံခွန်တိုင်ရှိသမျှကိုဖျက် ဆီးတော်မူ၏။
7နန်းစံတတိယနှစ်၌ယောရှဖတ်သည် မှူးမတ်များဖြစ်ကြသောဗင်ဟဲလ၊ သြဗဒိ၊ ဇာခရိ၊ နာသနေလနှင့်မိက္ခာယတို့အား ယုဒပြည်အမြို့မြို့သို့သြဝါဒပေးရန် စေလွှတ်တော်မူ၏။- 8သူတို့နှင့်အတူလေဝိအနွယ်ဝင်ကိုးဦး နှင့်ယဇ်ပုရောဟိတ်နှစ်ပါးလိုက်ပါသွား ကြ၏။ လေဝိအနွယ်ဝင်တို့မှာရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ဖြစ်ကြ၏။ ယဇ်ပုရောဟိတ် တို့မှာဧလိရှမာနှင့်ယောရံတို့ဖြစ်ကြ ၏။- 9သူတို့သည်မိမိတို့နှင့်အတူယူဆောင် သွားသောထာဝရဘုရား၏ပညတ်တရား ကျမ်းအရ ယုဒမြို့အသီးသီးသို့လှည့် လည်ကာပြည်သူတို့အားသွန်သင်ကြ၏။
ယောရှဖတ်တန်ခိုးကြီးပုံ
10ထာဝရဘုရားသည်ပတ်ဝန်းကျင်နိုင်ငံ အပေါင်းတို့အား ယောရှဖတ်နှင့်စစ်ဖြစ် ရန်ကြောက်လန့်စေတော်မူ၏။- 11ဖိလိတ္တိအမျိုးသားအချို့တို့သည်ယော ရှဖတ်ထံသို့ ငွေအမြောက်အမြားနှင့် အခြားလက်ဆောင်ပဏ္ဏာများကိုယူဆောင် လာကြ၏။ အာရပ်အမျိုးသားအချို့တို့ ကလည်းသိုးအကောင်ရေခုနစ်ထောင့်ခုနစ် ရာနှင့် ဆိတ်အကောင်ရေခုနစ်ထောင့်ခုနစ်ရာ ကိုယူဆောင်လာလေသည်။- 12သို့ဖြစ်၍ယောရှဖတ်သည်တန်ခိုးကြီးသည် ထက်ကြီးလာတော်မူ၏။ သူသည်ယုဒပြည် တစ်လျှောက်လုံးတွင်ခံတပ်များကိုလည်း ကောင်း၊- 13ရိက္ခာအမြောက်အမြားသိုလှောင်ရာမြို့ များကိုလည်းကောင်းတည်ဆောက်တော်မူ၏။
မင်းကြီးသည်ယေရုရှလင်မြို့တွင်ထူးချွန် သည့်တပ်မှူးများကို၊- 14သားချင်းစုများအလိုက်နေရာချထား တော်မူ၏။ ယုဒအနွယ်ဝင်တို့၏တပ်မှူး သည်အာဒနဖြစ်၍ သူ၏လက်အောက် တွင်စစ်သည်သုံးသိန်းရှိလေသည်။- 15ဒုတိယတပ်မှူးမှာယောဟနန်ဖြစ်၍စစ် သည်နှစ်သိန်းရှစ်သောင်းကိုအုပ်ချုပ်ရ၏။- 16တတိယတပ်မှူးကားဇိခရိ၏သားအာမသိ ဖြစ်၍စစ်သည်နှစ်သိန်းကိုအုပ်ချုပ်ရလေသည်။ (အာမသိသည်မိမိစေတနာအလျောက် ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင် သူဖြစ်သည်။-) 17ဗင်္ယာမိန်အနွယ်ဝင်တို့၏တပ်မှူးသည်ဧလျာဒ ဖြစ်၏။ သူသည်လေးနှင့်ဒိုင်းလွှားကိုင်စစ်သည် တော်နှစ်သိန်းကိုအုပ်ချုပ်ရသူ၊ ထူးချွန်သည့် စစ်သူရဲတစ်ဦးဖြစ်လေသည်။- 18သူ၏လက်ထောက်တပ်မှူးမှာလက်နက်အပြည့် အစုံနှင့် လူတစ်သိန်းရှစ်သောင်းကိုအုပ်ချုပ် ရသူယောဇဗဒ်ဖြစ်၏။- 19ယုဒပြည်ခံတပ်မြို့များတွင်နေရာချထား သည့်စစ်သည်တော်များအပြင် ယေရုရှလင် မြို့တွင်နေရာချထားသည့်ဤသူတို့သည် လည်း မင်းကြီး၏အမှုတော်ကိုထမ်းဆောင် ရကြလေသည်။
လက်ရှိရွေးချယ်ထားမှု
၂ ရာချုပ် 17: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar