၂ ရာချုပ် 23
23
အာသလိကိုပုန်ကန်ခြင်း
(၃ရာ၊ ၁၁:၁-၃)
1ယောယဒသည်ခြောက်နှစ်မျှစောင့်ဆိုင်းနေ ပြီးနောက် အရေးယူဆောင်ရွက်ရန်အချိန်ကျ ပြီဖြစ်ကြောင်းဆုံးဖြတ်လျက် တပ်မတော် အရာရှိငါးဦးဖြစ်ကြသောယေရောဟံ ၏သားအာဇရိ၊ ယောဟနန်၏သားဣရှမေလ၊ သြဗက်၏သားအာဇရိ၊ အဒါယ၏သား မာသေယ၊ ဇိခရိသားဧလိရှဖတ်တို့ နှင့်သဘောတူညီချက်ရပြီးနောက်၊- 2သူတို့သည်ယုဒမြို့ရှိသမျှသို့သွား၍ လေဝိအနွယ်ဝင်များ၊ သားချင်းစုခေါင်း ဆောင်အပေါင်းကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြ၏။
3ထိုသူတို့သည်ဗိမာန်တော်တွင်စုဝေး၍ ဘုရင့် သားတော်ယောရှနှင့်ပဋိညာဉ်ပြုကြ၏။ ယော ယဒကသူတို့အား``ကွယ်လွန်သောဘုရင် ၏သားတော်သည်ဤတွင်ရှိပါ၏။ ဒါဝိဒ်မင်း ၏သားမြေးများအတွက် ထာဝရဘုရား ကတိထားတော်မူခဲ့သည့်အတိုင်းသူသည် ယခုနန်းတက်ရမည်ဖြစ်သည်။-#၂ရာ၊ ၇:၁၂။ 4ငါတို့အဘယ်သို့ဆောင်ရွက်ရကြမည်ကို ဖော်ပြပါအံ့။ ဥပုသ်နေ့၌တာဝန်ကျ၍ ရောက်ရှိလာသောလေဝိအနွယ်ဝင်တို့ အနက်သုံးပုံတစ်ပုံမှာဗိမာန်တော်အဝင် တံခါးကိုစောင့်ကြပ်ရကြမည်။- 5အခြားသုံးပုံတစ်ပုံသည်နန်းတော်ကို လည်းကောင်း၊ ကျန်သုံးပုံတစ်ပုံသည်မြင်း တံခါးကိုလည်းကောင်းစောင့်ကြပ်ရမည်။ လူအပေါင်းတို့ကဗိမာန်တော်ဝင်းအတွင်း ၌စုရုံးရကြမည်။- 6တာဝန်ကျသူယဇ်ပုရောဟိတ်များနှင့် လေဝိအနွယ်ဝင်များမှတစ်ပါး အဘယ်သူ မျှဗိမာန်တော်အဆောက်အအုံများထဲ သို့မဝင်ရ။ ထိုသူတို့သည်ထာဝရဘုရား အားဆက်ကပ်ပူဇော်ထားသူများဖြစ် သဖြင့် ဝင်နိုင်ခွင့်ရှိသော်လည်းအခြား သူအပေါင်းတို့မူကားအပြင်တွင် နေရကြမည်။- 7လေဝိအနွယ်ဝင်တို့သည်မင်းလောင်း၏ပတ် လည်တွင် ဋ္ဌားလွတ်များကိုကိုင်၍စောင့်ကြပ် ရကြမည်။ မင်းလောင်းသွားလေရာသို့လိုက် ရကြမည်။ ဗိမာန်တော်သို့ဝင်ရန်ကြိုးစားသူ ဟူသမျှကိုသတ်ရမည်'' ဟုမှာကြားထား လေသည်။
8လေဝိအနွယ်ဝင်များနှင့်ယုဒပြည်သူ အပေါင်းတို့သည် ယောယဒ၏အမိန့်ကို နာခံကြလေသည်။ ဥပုသ်နေ့၌သူတို့သည် မိမိတို့တာဝန်ချိန်ကုန်ဆုံးသွားသော်လည်း အိမ်သို့မပြန်ရကြ။ သို့ဖြစ်၍တာဝန်မှူး တို့သည်တာဝန်ကျသူများနှင့် တာဝန် ပြီးဆုံးသူများကိုပါခေါ်ယူစေခိုင်း နိုင်ကြ၏။- 9ယောယဒသည်ဗိမာန်တော်တွင်ဒါဝိဒ်ထား ရှိသည့်လှံများနှင့် ဒိုင်းလွှားများကိုအစောင့် တပ်မှူးတို့အားပေးအပ်လေသည်။- 10သူသည်မင်းလောင်းအားစောင့်ရှောက်ကြည့်ရှုရန် ဋ္ဌားလွတ်ကိုင်တပ်သားများကိုဗိမာန်တော် အရှေ့ဘက်တစ်ဝိုက်တွင်နေရာယူစေ၏။- 11ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာ သရဖူကိုဆောင်းပေးပြီးလျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်လေသည်။ ဤသို့ဖြင့်ယောရှကိုမင်းမြှောက်ကြ၏။ ယဇ် ပုရောဟိတ်ယောယဒနှင့်သူ၏သားတို့သည် ယောရှအား ဘိသိက်ပေးပြီးကြသောအခါ လူအပေါင်းတို့က``မင်းကြီးသက်တော်ရှည် ပါစေသော'' ဟုကြွေးကြော်ကြကုန်၏။
12အာသလိသည်မင်းကြီးအား လူတို့သြဘာ ပေးသံကိုကြားသဖြင့်လူတို့စုဝေးလျက် ရှိရာ ဗိမာန်တော်သို့အဆောတလျင်ရောက် လာသော်၊- 13တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ ခြံရံလျက် ဗိမာန်တော်အဝင်ဝရှိကျောက် တိုင်အနီးတွင်ဘုရင်တို့အတွက် သီးသန့် ထားသည့်နေရာတွင်ရပ်နေသောဘုရင်သစ် ကိုတွေ့မြင်လေ၏။ လူအပေါင်းတို့သည်ဝမ်း မြောက်စွာကြွေးကြော်လျက် တံပိုးခရာများ ကိုမှုတ်လျက်ဗိမာန်တော်ဂီတပညာသည် များကလည်း မိမိတို့တူရိယာများကို တီးမှုတ်လျက်ဘိသိက်ပွဲကိုကျင်းပနေ ကြ၏။ အာသလိသည်မိမိအဝတ်ကို ဆုတ်လျက်``ပုန်ကန်မှုပါတကား၊ ပုန်ကန် မှုပါတကား'' ဟုအော်ဟစ်၏။
14ယောယဒသည်အာသလိအား ဗိမာန်တော် ဝင်းအတွင်း၌သတ်ဖြတ်သည်ကိုမလိုလား သဖြင့်``သူ့ကိုအစောင့်တပ်သားများအကြား မှထုတ်သွားကြလော့။ သူ့ကိုကယ်မည့်သူကို သတ်လော့'' ဟုတပ်မှူးတို့အားအမိန့်ပေး လေသည်။- 15သူတို့သည်အာသလိကိုဖမ်းဆီး၍နန်း တော်သို့ထုတ်ပြီးလျှင် မြင်းတံခါးဝ၌ ကွပ်မျက်ကြ၏။
ယောယဒဆောင်ရွက်သည့်ပြုပြင်ပြောင်းလဲမှုများ
(၄ရာ၊ ၁၁:၁၇-၂၀)
16ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ဘုရားသခင်၏လူမျိုး တော်ဖြစ်ကြစေရန် မိမိနှင့်အတူပါဝင် ၍ကိုယ်တော်နှင့်ပဋိညာဉ်ဖွဲ့စေ၏။- 17သူတို့သည်ဗာလဘုရားဗိမာန်ကိုသွား ရောက်ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တု များကိုချိုးဖဲ့ကာ ယဇ်ပလ္လင်များရှေ့၌ဗာလ ယဇ်ပုရောဟိတ်မဿန်ကိုသတ်ကြ၏။- 18ယောယဒသည်ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်တို့အား ဗိမာန်တော်ဆိုင်ရာအမှု များကိုဆောင်ရွက်ရန်တာဝန်ပေးအပ်လေသည်။ သူတို့သည်ဒါဝိဒ်မင်းခွဲဝေသတ်မှတ်ပေးခဲ့ သည့် တာဝန်ဝတ္တရားများကိုဆောင်ရွက်၍ မောရှေ၏ပညတ်ကျမ်းအရမီးရှို့ရာယဇ် များကိုထာဝရဘုရားအားပူဇော်ကြ၏။ သူတို့သည်ဂီတသီဆိုတီးမှုတ်မှုများနှင့် ပွဲကျင်းပမှုများအတွက်လည်းတာဝန် ယူရကြမည်။- 19ယောယဒသည်ဗိမာန်တော်ထဲသို့ဘာသာရေး ထုံးနည်းအရ မသန့်စင်သူတစ်စုံတစ်ယောက် မျှမဝင်နိုင်စေရန်တံခါးဝတွင်အစောင့် များကိုချထားလေသည်။-
20တပ်မတော်အရာရှိများ၊ မြို့မိမြို့ဖများ၊ မှူးမတ်များနှင့် အခြားပြည်သူအပေါင်းတို့ သည်ယောယဒနှင့်အတူလိုက်ပါ၍ မင်းကြီး အားဗိမာန်တော်မှနန်းတော်သို့တံခါး မကြီးလမ်းဖြင့်ပို့ဆောင်၍မင်းကြီးကို ရာဇပလ္လင်ထက်တင်ကြ၏။- 21အာသလိကိုကွပ်မျက်နှင့်ပြီးဖြစ်၍ပြည်သူ အပေါင်းတို့သည် ဝမ်းမြောက်လျက်မြို့တော် သည်ငြိမ်းချမ်းလေ၏။
လက်ရှိရွေးချယ်ထားမှု
၂ ရာချုပ် 23: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar