၄ ရာ 19
19
ဟေရှာယထံတွင်မင်းကြီးအကြံ တောင်းခံခြင်း
(ဟေရှာ၊ ၃၇:၁-၇)
1ထိုသူတို့၏အစီရင်ခံချက်ကိုကြားလျှင် ကြားချင်းဟေဇကိမင်းသည် မိမိ၏အဝတ် တော်ကိုဆုတ်ပြီးလျှင်လျှော်တေကိုဝတ်၍ ထာဝရဘုရား၏ဗိမာန်တော်သို့ကြွတော် မူ၏။- 2မင်းကြီးသည်နန်းတော်အုပ်ဧလျာကိမ်၊ နန်း တော်အတွင်းဝန်ရှေဗနနှင့်အသက်ကြီးသူ ယဇ်ပုရောဟိတ်များကို အာမုတ်၏သားဟေရှာ ယထံသို့စေလွှတ်တော်မူ၏။ ထိုသူတို့သည် လည်းလျှော်တေကိုဝတ်ဆင်ထားကြ၏။- 3မင်းကြီးက``ယနေ့သည်ဒုက္ခရောက်ရာနေ့ဖြစ် ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ဒဏ်ကိုခံရ၍ အရှက်ကွဲလျက်ရှိကြပါ၏။ အကျွန်ုပ်တို့သည် သားဖွားချိန်စေ့သော်လည်း သားဖွားနိုင်ရန် အားမရှိသည့်အမျိုးသမီးနှင့်တူပါ၏။- 4အာရှုရိဧကရာဇ်ဘုရင်သည်မိမိ၏ဗိုလ်ချုပ် ကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားကိုပြောဆို စေပါ၏။ သင်၏ဘုရားသခင်ထာဝရဘုရား သည်ထိုစကားကိုကြားတော်မူ၍ယင်းသို့ ပြောဆိုသူတို့အားအပြစ်ဒဏ်စီရင်တော် မူပါစေသော။ သို့ဖြစ်၍အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အတွက်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ လော့'' ဟုဟေရှာယထံလျှောက်ထားစေ၏။
5-6ဟေဇကိမင်း၏စကားကိုကြားသောအခါ ဟေရှာယက``ထာဝရဘုရားဤသို့မိန့်တော် မူ၏။ အာရှုရိမင်း၏ကျွန်တို့သည် ငါ့ကိုပြစ် မှား၍ပြောဆိုသည့်စကားကိုသင်တို့ကြား ရသောအခါမကြောက်နှင့်။- 7ငါသည်ဧကရာဇ်မင်းအားမိမိ၏တိုင်းပြည် သို့ပြန်စေရန် သတင်းတစ်စုံတရာကိုကြား စေတော်မူမည်။ ထိုနောက်သူ့ကိုထိုပြည်၌ပင် လုပ်ကြံခြင်းကိုခံရစေလတ္တံ့'' ဟုပြန်ကြား လိုက်၏။
အခြားခြိမ်းခြောက်စာတစ်စောင်ကိုအာရှုရိ အမျိုးသားတို့ပေးပို့လိုက်ခြင်း
(ဟေရှာ၊ ၃၇:၈-၂၀)
8ဧကရာဇ်မင်းသည်လာခိရှမြို့မှထွက်ခွာပြီး လျှင် အနီးအနားရှိလိဗနမြို့ကိုတိုက်ခိုက် လျက်ရှိကြောင်းကို အာရှုရိအရာရှိကြားသိ သောအခါ မင်းကြီးနှင့်ဆွေးနွေးတိုင်ပင်ရန် ထိုအရပ်သို့သွားလေသည်။- 9ထိုအခါအာရှုရိအမျိုးသားတို့သည် မိမိ တို့အားတိုက်ခိုက်ရန်ဆူဒန်ဘုရင်တိရက္ကဦး စီးခေါင်းဆောင်သည့် အီဂျစ်တပ်မတော်ချီ တက်လာနေကြောင်းကိုသတင်းရရှိကြ၏။- 10ထိုသတင်းကိုကြားသောအခါဧကရာဇ်မင်း သည် ယုဒဘုရင်ဟေဇကိထံသို့အမှာတော် စာပေးပို့လိုက်လေသည်။ ထိုအမှာတော်စာ တွင်``သင်ကိုးစားသည့်ဘုရားကသင်သည် ငါ ၏လက်တွင်းသို့ကျရောက်လိမ့်မည်မဟုတ် ကြောင်းမိန့်တော်မူသောစကားကြောင့်နား မယောင်နှင့်။- 11အာရှုရိဧကရာဇ်မင်းသည်မိမိဖျက်ဆီးရန် ဆုံးဖြတ်ထားသည့်တိုင်းနိုင်ငံကိုအဘယ်သို့ ပြုတော်မူတတ်ကြောင်းသင်ကြားသိရပြီ ဖြစ်၏။ သင်သည်ငါ၏လက်မှလွတ်မြောက် နိုင်လိမ့်မည်ဟုထင်မှတ်ပါသလော။- 12ငါ၏ဘိုးဘေးတို့သည်ဂေါဇန်မြို့၊ ခါရန် မြို့၊ ရေဇပ်မြို့တို့ကိုဖျက်ဆီးပြီးလျှင် တေလ သာမြို့တွင်နေထိုင်သူဘေသေဒင်အမျိုးသား တို့အားသုတ်သင်သတ်ဖြတ်ခဲ့ကြ၏။ သူတို့၏ ဘုရားများအနက်အဘယ်ဘုရားမျှသူ တို့ကိုမကယ်နိုင်ကြ။- 13ဟာမတ်မြို့၊ အာပဒ်မြို့၊ သေဖရဝိမ်မြို့၊ ဟေန မြို့နှင့်ဣဝါမြို့တို့တွင်စိုးစံခဲ့သောဘုရင် များသည်အဘယ်မှာနည်း'' ဟုဖော်ပြပါ ရှိ၏။
14ဟေဇကိမင်းသည်ထိုအမှာတော်စာကိုစေ တမန်များထံမှယူ၍ဖတ်ပြီးလျှင် ဗိမာန်တော် သို့သွား၍ထာဝရဘုရား၏ရှေ့တော်၌ချ ထား၏။- 15ထိုနောက်ဤသို့ပတ္ထနာပြု၏။ ``ခမ်းနားတင့် တယ်သည့်ပလ္လင်ပေါ်တွင်စံတော်မူသော အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်ကမ္ဘာ နိုင်ငံအရပ်ရပ်ကိုအစိုးရသောဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်သည်မိုးမြေကိုဖန် ဆင်းတော်မူပါ၏။-#ထွ၊ ၂၅:၂၂။ 16အို ထာဝရဘုရား၊ ယခုအကျွန်ုပ်တို့တွေ့ကြုံ နေရကြသောအမှုကိုကြည့်ရှုတော်မူပါ။ အသက်ရှင်တော်မူသောဘုရားတည်းဟူ သော ကိုယ်တော်အားသနာခရိပ်စော်ကား ပြောဆိုသောစကားကိုကြားတော်မူပါ။- 17အို ထာဝရဘုရား၊ အာရှုရိဧကရာဇ်မင်း များသည် လူမျိုးတကာတို့ကိုပျက်ပြုန်း စေ၍ သူတို့၏ပြည်များကိုလူသူဆိတ် ငြိမ်ရာဖြစ်စေလျက်၊- 18သူတို့၏ဘုရားများကိုလည်းမီးရှို့ဖျက်ဆီး ကြသည်ကို အကျွန်ုပ်တို့သိကြပါ၏။ ထိုဘုရား တို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့် လုပ်သည့်သစ်သားရုပ်၊ ကျောက်ရုပ်များသာ ဖြစ်ပါ၏။- 19အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်း တို့သိရှိကြစေရန် ယခုပင်အကျွန်ုပ်တို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။''
မင်းကြီးအတွက်ဟေရှာယမှတစ်ဆင့် ရောက်လာသောဗျာဒိတ်တော်
(ဟေရှာ၊ ၃၇:၂၁-၃၈)
20ထိုနောက်မင်းကြီး၏ပတ္ထနာကိုထာဝရ ဘုရားနားညောင်းတော်မူသဖြင့် ဟေဇကိ မင်းအတွက် ဟေရှာယမှတစ်ဆင့်ရောက် လာသောဗျာဒိတ်တော်မှာ၊- 21``အချင်းသနာခရိပ်၊ ယေရုရှလင်မြို့သည် သင့်ကိုကြည့်၍ပြုံးကာပြက်ရယ်ပြုလေပြီ။- 22သင်သည်အဘယ်သူအားစော်ကားကဲ့ရဲ့လျက် နေသည်ကို သင်သိပါသလော။ သင်သည်ဣသ ရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသော ငါဘုရားအားမလေးမခန့် ပြု၍ နေပါသည်တကား။- 23သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် လေဗနုန် ပြည်ရှိအမြင့်ဆုံးတောင်များကိုနှိမ်နင်းအောင်မြင် ခဲ့ကြောင်း ငါ့အားကြွားဝါရန်သံတမန်များကို စေလွှတ်ခဲ့၏။ သင်သည်ထိုအရပ်ရှိအမြင့်ဆုံး သစ်ကတိုးပင်များနှင့် အလှဆုံးထင်းရှူးပင် များကိုခုတ်လှဲကာ တောနက်ကြီးများသို့ ရောက်ရှိခဲ့ကြောင်းကြွားဝါခဲ့၏။- 24သင်သည်ရေတွင်းများကိုတူး၍တိုင်းတစ်ပါး မှရေကိုသောက်ခဲ့သည်ဟူ၍လည်းကောင်း၊ သင် ၏တပ်မတော်သားတို့သည် ခြေဖြင့်နင်း၍နိုင်း မြစ်ရေကိုခန်းခြောက်စေခဲ့သည်ဟူ၍လည်း ကောင်းကြွားခဲ့၏။
25``ရှေးမဆွကပင်လျှင်ဤအမှုအရာများ ကို ငါစီမံခဲ့ကြောင်းသင်အဘယ်အခါ၌မျှ မကြားဘူးသလော။ ယခုထိုအမှုအရာ များကိုငါဖြစ်ပွားစေပြီ။ ခံတပ်မြို့များကို အမှိုက်ပုံဖြစ်စေနိုင်သောတန်ခိုးကိုသင့် အားငါပေးအပ်ခဲ့၏။- 26ထိုမြို့များတွင်နေထိုင်သူတို့သည်စွမ်းရည် မရှိ၊ ထိတ်လန့်ကြောက်ရွံ့လျက်အရှေ့အရပ်မှ လေပူတိုက်၍ ညှိုးနွမ်းသွားသည့်စားကျက် မြက်၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့် တူကြ၏။
27``သို့ရာတွင်သင်၏အကြောင်းကိုအကုန်အစင် ငါသိ၏။ သင်အဘယ်အမှုကိုပြု၍အဘယ် အရပ်သို့သွားသည်ကိုလည်းကောင်း၊ ငါ့အား အဘယ်မျှအမျက်ထွက်လျက်နေသည်ကို လည်းကောင်းငါသိ၏။- 28သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ကို ငါကြားသိရပြီ။ သို့ဖြစ်၍ငါသည်သင့်ကို နှာကွင်းတပ်၍ဇက်ခွံ့ပြီးလျှင် လာလမ်းအတိုင်း ပြန်စေမည်'' ဟူ၍တည်း။
29ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင်သည်ယခုနှစ်နှင့်နောင်နှစ်ခါ၌ စပါး ရိုင်းကိုသာလျှင်စားရလိမ့်မည်။ သို့ရာတွင် တတိယနှစ်၌မူဂျုံစပါးကိုစိုက်ပျိုး ရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်း စိုက်၍ စပျစ်သီးများကိုစားရလိမ့်မည်။- 30ယုဒပြည်တွင်အသက်မသေဘဲကျန်ရှိ နေသူတို့သည် မြေတွင်နက်စွာအမြစ်စွဲ ၍သီးနှံများကိုဆောင်သည့်အပင်များ ကဲ့သို့တိုးတက်ဖွံ့ဖြိုးကြလိမ့်မည်။- 31ယေရုရှလင်မြို့နှင့်ဇိအုန်တောင်ပေါ်တွင်လူ တို့သည် အသက်မသေဘဲကျန်ရှိကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ဖြစ်ပျက်စေ ရန်ထာဝရဘုရားသန္နိဋ္ဌာန်ချမှတ်ထား တော်မူသောကြောင့်ဖြစ်၏။
32``အာရှုရိဧကရာဇ်မင်း၏အကြောင်းနှင့်ပတ် သက်၍ ထာဝရဘုရားက`သူသည်ဤမြို့သို့ ဝင်ရမည်မဟုတ်။ မြို့ထဲသို့လည်းမြားတစ် လက်မျှပစ်လွှတ်ရမည်မဟုတ်။ မြို့ကိုဝိုင်းရံ တိုက်ခိုက်ရန်မြေကတုတ်များကိုလည်းဖို့ လုပ်ရမည်မဟုတ်။- 33သူသည်မြို့ထဲသို့မဝင်ရဘဲလာလမ်းဖြင့်ပြန် ရမည်။ ဤကားငါထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။- 34ငါသည်ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ဤမြို့ကိုကာ ကွယ်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ဗျာဒိတ် တော်ကိုပြန်ကြားလေသည်။
35ထိုည၌ထာဝရဘုရား၏ကောင်းကင်တမန်သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သားတစ်သိန်း ရှစ်သောင်းငါးထောင်ကိုဒဏ်ခတ်သဖြင့် နောက် တစ်နေ့အရုဏ်တက်ချိန်၌ထိုသူအပေါင်း တို့သည်သေလျက်နေကြ၏။- 36ထိုအခါအာရှုရိဧကရာဇ်မင်းသည် တပ် ခေါက်၍နိနေဝေမြို့သို့ပြန်တော်မူ၏။- 37တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင် ဝတ်ပြုနေစဉ်သားတော်များ ဖြစ်သောအာဒြမ္မေလက်နှင့်ရှရေဇာတို့သည် မင်း ကြီးအားဋ္ဌားဖြင့်လုပ်ကြံပြီးလျှင်အာရရတ် ပြည်သို့ထွက်ပြေးကြ၏။ အခြားသားတော် တစ်ပါးဖြစ်သူဧသရဟဒ္ဒုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
လက်ရှိရွေးချယ်ထားမှု
၄ ရာ 19: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: