၄ ရာ 20
20
ဟေဇကိမင်းဖျားနာခြင်းနှင့်ပြန်လည် ကျန်းမာလာခြင်း
(ဟေရှာ၊ ၃၈:၁-၈၊ ၂၁-၂၂။ ၆ရာ၊ ၃၂:၂၄-၂၆)
1ထိုအချိန်ကာလ၌ပင်ဟေဇကိမင်းသည် သေလုမတတ်ဖျားနာ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် မင်းကြီးကိုလာ ရောက်ကြည့်ရှုပြီးနောက်``အရှင်သည်ပြန်လည် ကျန်းမာလာတော့မည်မဟုတ်သဖြင့် အရှင် နောက်ဆုံးမှာကြားရန်ရှိသည်တို့ကိုမှာကြား ခဲ့ရန် ထာဝရဘုရားမိန့်တော်မူပါ၏။ သို့ ဖြစ်၍သေရန်အသင့်ပြင်ပါလော့'' ဟုဆင့် ဆို၏။
2ဟေဇကိသည် နံရံဘက်သို့မျက်နှာလှည့်လျက်၊- 3``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
4ဟေရှာယသည်မင်းကြီးထံမှထွက်ခွာသွား ရာ နန်းတော်အလယ်ဝင်းကိုမဖြတ်မီဟေ ရှာယထံသို့၊- 5``ငါထာဝရဘုရား၏လူမျိုးတော်ကို အစိုး ရသူဟေဇကိမင်းထံသို့ပြန်သွား၍`သင်၏ ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရ ဘုရားသည် သင်၏ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည်ကိုမြင်တော်မူပြီ။ ငါသည် သင်၏အနာရောဂါကိုပျောက်ကင်းစေမည် ဖြစ်၍ သင်သည်သုံးရက်ကြာသော်ဗိမာန် တော်သို့သွားနိုင်လိမ့်မည်။- 6ငါသည်သင့်အားနောက်ထပ်တစ်ဆယ့်ငါးနှစ် အသက်ရှင်စေမည်။ ငါသည်သင်နှင့်ဤယေရု ရှလင်မြို့ကို အာရှုရိဧကရာဇ်မင်း၏လက် မှကယ်ဆယ်မည်။ ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်အားငါပေးသည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ငါသည်ဤမြို့ ကိုကာကွယ်မည်' ဟုဆင့်ဆိုလော့'' ဟုထာဝရ ဘုရားဗျာဒိတ်တော်ရောက်လာ၏။
7ဟေရှာယသည်မင်းကြီး၏အစေခံတို့ အား``အရှင်၏အနာစိမ်းကိုသင်္ဘောသဖန်း သီးဖြင့်အုံ၍ထားပါ။ ထိုအနာသည်သက် သာပျောက်ကင်းသွားပါလိမ့်မည်'' ဟုပြော၏။- 8မင်းကြီးက``ထာဝရဘုရားသည်ငါ၏အနာ ကိုပျောက်ကင်းစေသဖြင့် ငါသည်သုံးရက်ကြာ သော်ဗိမာန်တော်သို့သွားနိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ်သက်သေလက္ခဏာအားဖြင့်သိရှိနိုင် ပါမည်နည်း'' ဟုမေးတော်မူ၏။- 9ဟေရှာယက``ထာဝရဘုရားသည်မိမိ၏ ကတိတော်အတိုင်းပြုတော်မူမည်ဖြစ်ကြောင်း အရှင်သိရှိစေရန်သက်သေလက္ခဏာတစ်ခု ကိုပြတော်မူမည်။ အရှင်သည်လှေကား#* လှေကား။ တူးဖော်ရှာဖွေချက်အရအချိန်နာရီသိ ရှိရန်အတွက်ဆောက်လုပ်ထားသောလှေကား ဖြစ်ဟန်တူသည်။ ပေါ်တွင်ကျလျက်ရှိသောအရိပ်ကိုရှေ့သို့ ဆယ်ထစ်တိုးစေလိုပါသလော။ သို့မဟုတ် နောက်သို့ဆယ်ထစ်ဆုတ်စေလိုပါသလော'' ဟုပြန်၍မေး၏။
10ဟေဇကိက``အရိပ်ကိုဆယ်ထစ်တိုးစေရန် မှာလွယ်ကူ၏။ သို့ဖြစ်၍ဆယ်ထစ်ဆုတ်ပါ လေစေ'' ဟုဆို၏။
11ဟေရှာယသည်ထာဝရဘုရားထံပတ္ထနာ ပြုခြင်းအားဖြင့် အာခတ်မင်းဆောက်လုပ်ထား ခဲ့သည့်လှေကားပေါ်တွင်ကျလျက်ရှိသော အရိပ်သည်နောက်သို့ဆယ်ထစ်ဆုတ်လေ၏။
ဗာလုလုန်ပြည်မှစေတမန်များ
(ဟေရှာ၊ ၃၉:၁-၈)
12ထိုအချိန်ကာလ၌ဗာလဒန်မင်း၏သားတော် ဗာဗုလုန်ဘုရင်မေရောဒဗာလဒန်သည် ဟေ ဇကိမင်းဖျားနာလျက်ရှိကြောင်းကြားသိရ သဖြင့် သဝဏ်လွှာတစ်စောင်နှင့်လက်ဆောင်ပေး ပို့ရာ၊- 13ဟေဇကိသည်စေတမန်တို့ကိုကြိုဆိုပြီး လျှင် မိမိ၏ဘဏ္ဍာတော်များဖြစ်သည့် ရွှေ၊ ငွေ၊ နံ့သာမျိုး၊ နံ့သာဆီနှင့်လက်နက်ရှိသမျှ ကိုပြ၏။ ပစ္စည်းသိုလှောင်ခန်းများနှင့်နိုင်ငံ တော်အရပ်ရပ်တွင်ရှိသမျှသောအရာများ ကို ထိုသူတို့အားမင်းကြီးပြလေ၏။- 14ထိုနောက်ဟေရှာယသည်ဟေဇကိမင်းထံသွား ၍``ထိုသူတို့သည်အဘယ်အရပ်မှလာကြပါ သနည်း။ သူတို့ကအရှင်အားအဘယ်သို့တင် လျှောက်ကြပါသနည်း'' ဟုမေး၏။ ဟေဇကိ က``သူတို့သည်အလွန်ဝေးသောဗာဗုလုန် ပြည်မှလာပါသည်'' ဟုဖြေ၏။
15ဟေရှာယက``သူတို့သည်နန်းတော်တွင်း၌ အဘယ်အရာများကိုတွေ့မြင်သွားကြ ပါသနည်း'' ဟုမေးပြန်၏။
ဟေဇကိက``သူတို့သည်နန်းတော်တွင်း၌ရှိ သမျှသောအရာတို့ကိုတွေ့မြင်ကြပါ၏။ ပစ္စည်းသိုလှောင်ခန်းများထဲမှသူတို့အား ငါ မပြသောအရာတစ်စုံတစ်ခုမျှမရှိ'' ဟု မိန့်တော်မူ၏။
16-17ထိုအခါဟေရှာယသည်မင်းကြီးအား``အရှင့် နန်းတော်တွင်ရှိသမျှသောအရာတို့ကိုလည်း ကောင်း၊ ယနေ့တိုင်အောင်အရှင့်ဘိုးဘေးတို့စု ဆောင်းထားရှိခဲ့သည့်ပစ္စည်းဥစ္စာရှိသမျှကို လည်းကောင်း ဗာဗုလုန်ပြည်သို့ဆောင်ယူသွား ရာနေ့ရက်ကာလရောက်ရှိလာလိမ့်မည်။ အဘယ်အရာတစ်စုံတစ်ခုမျှကျန်ရစ် လိမ့်မည်မဟုတ်။-#၄ရာ၊ ၂၄:၁၃။ ၆ရာ၊ ၃၆:၁၀။ 18အရှင့်သားမြေးအရင်းအချာအချို့တို့သည် လည်းအဖမ်းခံရလျက် ဗာဗုလုန်ဘုရင်၏နန်း တော်တွင် မိန်းမစိုးများအဖြစ်ဖြင့်အမှုထမ်း ရကြလိမ့်မည်ဖြစ်ကြောင်း အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူပါ၏'' ဟုဆင့် ဆိုလေသည်။#၄ရာ၊ ၂၄:၁၄-၁၅။ ဒံ၊ ၁:၁-၇။
19ဟေဇကိမင်းသည်မိမိ၏လက်ထက်၌ ငြိမ်း ချမ်းသာယာမှုနှင့်ဘေးမဲ့လုံခြုံမှုရှိလိမ့် မည်ဟု အနက်အဋ္ဌိပ္ပါယ်ကောက်ယူကာ``ငါ့အား ဆင့်ဆိုသည့်ထာဝရဘုရားထံမှဗျာဒိတ် တော်သည်ကောင်းပေ၏'' ဟုဆို၏။
ဟေဇကိမင်းနန်းသက်ကုန်ဆုံးခြင်း
(၆ရာ၊ ၃၂:၃၂-၃၃)
20ဟေဇကိမင်း၏လက်ရုံးရည်၊ ရေလှောင်ကန် ဆောက်လုပ်ခြင်း၊ မြို့တွင်းသို့ရေသွင်းပြွန်သွယ် ခြင်းအပါအဝင် သူလုပ်ဆောင်ခဲ့သည့်အခြား အမှုအရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။- 21ဟေဇကိကွယ်လွန်သောအခါသူ၏သားတော် မနာရှေသည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
လက်ရှိရွေးချယ်ထားမှု
၄ ရာ 20: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: