၂ ရာ 8
8
ဒါဝိဒ်ဆင်နွှဲအောင်မြင်သည့်စစ်ပွဲများ
(၅ရာ၊ ၁၈:၁-၁၇)
1ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ် သည်ဖိလိတ္တိအမျိုးသားတို့အားနှိမ်နင်း ကာ သူတို့၏စိုးမိုးမှုကိုနိဂုံးချုပ်စေ တော်မူ၏။
2ထိုနောက်မင်းကြီးသည်မောဘပြည်သား တို့ကိုနှိမ်နင်းတော်မူ၍ ဖမ်းဆီးရမိသူတို့ အား မြေပေါ်တွင်လှဲချစေပြီးလျှင် သုံးပုံ နှစ်ပုံမျှသောသူတို့ကိုသတ်စေ၏။ သို့ဖြစ် ၍မောဘပြည်သားတို့သည်ဒါဝိဒ်၏လက် အောက်ခံဖြစ်လာ၍အခွန်ဆက်သရ ကြ၏။
3ထိုနောက်ရဟောဘ၏သားဇောဘဘုရင် ဟာဒဒေဇာသည် အထက်ဥဖရတ်မြစ် အနီးရှိနယ်မြေကိုပြန်လည်သိမ်းပိုက် ရန်သွားတိုက်စဉ်ဒါဝိဒ်သည်သူ့အား နှိမ်နင်းတော်မူ၍၊- 4မြင်းတပ်သားတစ်ထောင်ခုနစ်ရာနှင့်ခြေလျင် တပ်သားနှစ်သောင်းကိုဖမ်းဆီးရမိတော် မူ၏။ မင်းကြီးသည်ရထားအစီးတစ်ရာ အတွက်မြင်းတစ်ရာကိုသိမ်း၍ ကျန်သော မြင်းရှိသမျှတို့၏ခြေကြောကိုဖြတ် လေ၏။- 5ဒမာသက်မြို့မှရှုရိပြည်သားတို့သည် ဟာဒဒေဇာကိုစစ်ကူရန်လာရောက်ကြ သောအခါ ဒါဝိဒ်သည်သူတို့ကိုတိုက် ခိုက်၍လူနှစ်သောင်းနှစ်ထောင်ကိုသုတ် သင်ပစ်လေ၏။- 6ထိုနောက်မင်းကြီးသည်ထိုသူတို့၏နယ် မြေတွင်စစ်စခန်းများကိုတည်ဆောက် ထားသဖြင့် သူတို့သည်မင်းကြီး၏လက် အောက်ခံဖြစ်လာ၍အခွန်ဆက်ရကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်သွားရောက် လေရာအရပ်ရပ်၌အောင်ပွဲကိုခံစေ တော်မူ၏။- 7ဒါဝိဒ်သည်ဟာဒဒေဇာ၏စစ်ဗိုလ်များ ကိုင်ဆောင်သည့်ရွှေဒိုင်းလွှားများကိုသိမ်း ၍ယေရုရှလင်မြို့သို့ယူဆောင်သွား၏။- 8မင်းကြီးသည်ဟာဒဒေဇာအစိုးရသည့်မြို့ များဖြစ်သော ဘေတမြို့များနှင့်ဗေရောသဲ မြို့တို့မှကြေးဝါအမြောက်အမြားကို လည်းသိမ်းယူလေ၏။
9ဟာဒဒေဇာ၏တပ်မတော်တစ်ခုလုံးကို ဒါဝိဒ်ချေမှုန်းလိုက်ကြောင်း ဟာမတ်ဘုရင် တောဣမင်းကြားလျှင်၊- 10သားတော်ယောရံကိုဒါဝိဒ်ထံသို့စေလွှတ် ပြီးလျှင် ဟာဒဒေဇာ၏အပေါ်တွင်အောင်ပွဲ ရသည့်အတွက် နှစ်ထောင်းအားရမှုရှိကြောင်း နှုတ်ခွန်းဆက်စကားပြောကြားစေ၏။ တောဣ ကားဟာဒဒေဇာကိုအကြိမ်ပေါင်းများ စွာတိုက်ခိုက်ခဲ့သူဖြစ်သတည်း။ ယောရံ သည်မိမိနှင့်အတူရွှေ၊ ငွေနှင့်ကြေးဝါ ဖြင့်ပြီးသောပစ္စည်းအသုံးအဆောင်များ ကိုဒါဝိဒ်ထံသို့ယူဆောင်လာလေသည်။- 11-12ဒါဝိဒ်မင်းသည်ထိုပစ္စည်းများကိုဝတ်ပြု ကိုးကွယ်ရာတွင်အသုံးပြုရန်အတွက် ထာဝရဘုရားအားဆက်ကပ်၏။ ထိုနည်း တူမိမိနှိမ်နင်းခဲ့သောဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိနှင့် အာမလက်ပြည်များမှသိမ်း ယူခဲ့သည့်ရွှေ၊ ငွေများနှင့်ဟာဒဒေဇာ ထံမှရရှိသည့်ပစ္စည်းအချို့တို့ကိုလည်း ထာဝရဘုရားအားဆက်ကပ်၏။
13ဒါဝိဒ်သည်ဆားချိုင့်ဝှမ်းမှဧဒုံပြည်သား တစ်သောင်းရှစ်ထောင်ကို သုတ်သင်ရာမှပြန် လာသောအခါပို၍ပင်ထင်ပေါ်ကျော် ကြား၍လာလေသည်။-#ဆာ၊ ၆၀ ခေါင်းစဉ်။ 14သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်စစ် စခန်းများတည်ဆောက်ထားသဖြင့် ထိုပြည် သားတို့သည်သူ၏လက်အောက်ခံဖြစ်လာ ကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်အား စစ်ချီသွားလေရာ၌အောင်ပွဲကိုခံစေ တော်မူ၏။
15ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အုပ်စိုး၍ မိမိ၏ပြည်သူတို့အားတရား မျှတမှုရရှိစေရန်စီရင်တော်မူ၏။- 16ဇေရုယာ၏သားယွာဘသည်တပ်မတော် ဗိုလ်ချုပ်ဖြစ်၍ အဟိလုပ်၏သားယော ရှဖတ်မှာစာရင်းထိန်းဖြစ်၏။- 17အဟိတုတ်၏သားဇာဒုတ်နှင့်အဗျာသာ ၏သားအဟိမလက်တို့ကားယဇ်ပုရော ဟိတ်များဖြစ်ကြ၏။ စရာယသည်စာရေး တော်ကြီးဖြစ်၍၊- 18ယောယဒ၏သားဗေနာယမှာခေရသိနှင့် ပေလသိအမျိုးသားများဖြစ်ကြသော ကိုယ်ရံတော်အစောင့်တပ်သားတို့ကိုအုပ် ချုပ်ရသူဖြစ်၏။ ဒါဝိဒ်၏သားတော်များ ကားယဇ်ပုရောဟိတ်များဖြစ်ကြသတည်း။
လက်ရှိရွေးချယ်ထားမှု
၂ ရာ 8: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar