တရားဟော 30
30
ပြည်တော်၌ပြန်လည်နေထိုင်နိုင်ရန်နှင့် ကောင်းချီးမင်္ဂလာခံစားနိုင်ရန်လိုအပ်ချက်များ
1``ငါသည်ယခုသင်တို့အားမင်္ဂလာနှင့်အမင်္ဂ လာကိုရွေးချယ်စေပြီ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အပြည်ပြည်သို့နှင်ထုတ်၍ထိုပြည်များ တွင်နေထိုင်ကြသောအခါ သင်တို့သည် ငါယခုမှာကြားသမျှတို့ကိုသတိရ ပြီးလျှင်၊- 2သင်နှင့်သင်တို့၏အဆက်အနွယ်များသည် ထာဝရဘုရားထံတော်သို့ပြန်လာ၍ သင် တို့အားငါယနေ့ပေးသောပညတ်များကို စိတ်နှလုံးအကြွင်းမဲ့နာခံစောင့်ထိန်း ကြပါက၊- 3သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားသနားကရုဏာရှိတော် မူလိမ့်မည်။ ထို့အပြင်အပြည်ပြည်သို့ ရောက်ရှိနေထိုင်ရာမှ သင်တို့ကိုပြန်လည် ခေါ်ဆောင်တော်မူလိမ့်မည်။ သင်တို့၏ စီးပွားရေးကိုလည်း တစ်ဖန်တိုးတက် စေတော်မူလိမ့်မည်။- 4-5သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ကွဲလွင့် သွားသော်လည်း သင်တို့၏ဘိုးဘေးများ နေထိုင်ခဲ့သောပြည်ကို သင်တို့တစ်ဖန် သိမ်းယူနေထိုင်နိုင်အံ့သောငှာ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင် တို့ကိုစုသိမ်း၍ပြန်လည်ခေါ်ဆောင်တော် မူလိမ့်မည်။ ထို့အပြင်သင်တို့အားသင် တို့၏ဘိုးဘေးတို့ထက် စီးပွားပိုမိုတိုး တက်စေတော်မူလိမ့်မည်။ လူဦးရေလည်း ပိုမိုများပြားစေတော်မူလိမ့်မည်။- 6ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏ အဆက်အနွယ်တို့အား နားထောင်တတ် သောသဘောကိုပေးတော်မူလိမ့်မည်။ သင် တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်လျက် ထိုပြည်တွင်ဆက်လက်နေထိုင်နိုင်ရန်၊- 7သင်တို့ကိုမုန်း၍နှိပ်စက်ညှဉ်းဆဲသော ရန်သူများအပေါ်သို့ ထိုအမင်္ဂလာရှိ သမျှကိုကျရောက်စေတော်မူလိမ့်မည်။- 8သင်တို့သည်လည်းကိုယ်တော်၏အမိန့်ကို တစ်ဖန်နာခံ၍ ငါယနေ့သင်တို့အား ပေးသောပညတ်တော်ရှိသမျှတို့ကို စောင့်ထိန်းကြလိမ့်မည်။- 9-10သင်တို့သည်ဤပညတ်ကျမ်းတွင်ရေးထား သော ဤပညတ်တော်ရှိသမျှကိုစောင့်ထိန်း ၍၊ ကိုယ်တော်ထံသို့စိတ်နှလုံးအကြွင်းမဲ့ ပြန် လည်ဆည်းကပ်လျှင်၊ ကိုယ်တော်သည်သင်တို့ ပြုလေသမျှတို့ကို တိုးတက်အောင်မြင် စေတော်မူလိမ့်မည်။ သင်တို့သည်သားသမီး များစွာရလိမ့်မည်။ သိုးနွားတိရစ္ဆာန်များစွာ ပိုင်ရလိမ့်မည်။ သင်တို့၏လယ်များမှအသီး အနှံများစွာထွက်လိမ့်မည်။ ကိုယ်တော်သည် သင်တို့၏ဘိုးဘေးတို့အား ကောင်းချီးပေး ရာတွင်အားရဝမ်းမြောက်တော်မူသကဲ့သို့ သင်တို့ကိုကောင်းချီးပေးရာ၌လည်းအားရ ဝမ်းမြောက်တော်မူလိမ့်မည်။
11``သင်တို့အားငါယနေ့ပေးသောပညတ် တရားတော်သည် သင်တို့အတွက်နားမလည် နိုင်အောင်ခဲယဉ်းသည်မဟုတ်။ သင်တို့လက် လှမ်းမမီနိုင်အောင်ဝေးသည်မဟုတ်။- 12သင်တို့က`အကျွန်ုပ်တို့သည်ထိုပညတ်တရား တော်ကိုကြားနာစောင့်ထိန်းနိုင်ရန် အဘယ်သူ သည်ကောင်းကင်သို့တက်၍အကျွန်ုပ်တို့ထံသို့ ယူဆောင်ခဲ့ပါမည်နည်း' ဟူ၍မေးမြန်းရ လောက်အောင် ထိုပညတ်တရားတော်သည် ကောင်းကင်၌ရှိသည်မဟုတ်။-#ရော၊ ၁၀:၆-၈။ 13သင်တို့က`အကျွန်ုပ်တို့သည်ပညတ်တရား တော်ကိုကြားနာစောင့်ထိန်းနိုင်ရန် အဘယ် သူသည်သမုဒ္ဒရာကိုဖြတ်ကူး၍အကျွန်ုပ် တို့ထံသို့ယူဆောင်ခဲ့ပါမည်နည်း' ဟူ၍ မေးမြန်းရလောက်အောင်သမုဒ္ဒရာတစ် ဖက်စွန်း၌ရှိသည်မဟုတ်။- 14ထိုတရားတော်သည်ဤနေရာ၌သင်တို့ နှင့်အတူရှိ၏။ သင်တို့သိသောတရား၊ သင် တို့ရွတ်ဆိုနိုင်သောတရားဖြစ်၏။ ထို့ကြောင့် ထိုတရားတော်ကိုသင်တို့ယခုလိုက်နာ ကြလော့။
15``ယနေ့ငါသည်သင်တို့အား အကောင်းသို့ မဟုတ်အဆိုး၊ အသက်ရှင်ခြင်းသို့မဟုတ် သေခြင်းကိုရွေးချယ်စေပြီ။- 16ငါယနေ့ပေးသောသင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်များကိုစောင့် ထိန်းလျှင်၊ ကိုယ်တော်ကိုချစ်၍အမိန့်တော်ကို နာခံလျက် ပညတ်တရားတော်ရှိသမျှကို စောင့်ထိန်းလျှင် သင်တို့၏နိုင်ငံသည်ဖွံ့ဖြိုး၍ လူဦးရေများပြားလိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့သိမ်းယူ နေထိုင်မည့်ပြည်တွင်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။- 17သို့ရာတွင်သင်တို့သည်ထာဝရဘုရား ၏အမိန့်တော်ကိုမနာခံဘဲဖောက်ပြန်၍ အခြားသောဘုရားများကိုကိုးကွယ် လျှင်မူကား၊- 18သင်တို့သည်ပျက်စီးဆုံးရှုံးရမည်ဟု ငါ ယခုပင်သင်တို့အားသတိပေး၏။ သင်တို့ သည်ယော်ဒန်မြစ်ကိုဖြတ်ကူး၍ သိမ်းယူမည့် ပြည်တွင်ကြာရှည်စွာနေထိုင်ရကြမည်မဟုတ်။- 19ငါသည်ယခုသင်တို့အားအသက်ရှင်ခြင်းသို့ မဟုတ်သေခြင်း၊ ဘုရားသခင်ထံတော်မှကောင်း ချီးမင်္ဂလာသို့မဟုတ်အမင်္ဂလာကိုရွေးခွင့် ပေး၏။ သင်တို့ရွေးယူသည်ကို ကောင်းကင်နှင့် မြေကြီးသက်သေဖြစ်ပါစေ။ အသက်ရှင် ခြင်းကိုရွေးယူကြလော့။- 20သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့အားကတိထားတော်မူ သောပြည်တွင် သင်တို့နှင့်သင်တို့၏အဆက် အနွယ်များကြာရှည်စွာအသက်ရှင်နေထိုင် နိုင်စေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်၍အမိန့်တော်ကိုနာခံလျက် ကိုယ်တော်ရှင်အားဆည်းကပ်ကိုးကွယ်ကြ လော့'' ဟုမှာကြားလေ၏။#က၊ ၁၂:၇၊ ၂၆:၃၊ ၂၈:၁၃။
လက်ရှိရွေးချယ်ထားမှု
တရားဟော 30: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar