တရားဟော 34
34
မောရှေအနိစ္စရောက်ခြင်း
1ထိုနောက်မောရှေသည်မောဘလွင်ပြင်မှ ယေရိ ခေါမြို့အရှေ့ဘက်ရှိနေဗောခေါ်ပိသဂါတောင် ထိပ်ပေါ်သို့တက်လေ၏။ ထိုအရပ်တွင်ထာဝရ ဘုရားသည် မြောက်ဘက်ရှိဒန်မြို့အထိကျယ် ပြန့်သောဂိလဒ်ပြည်နယ်၊- 2နဿလိပြည်နယ်တစ်လျှောက်လုံး၊ ဧဖရိမ်နှင့် မနာရှေပြည်နယ်များ၊ အနောက်ဘက်မြေထဲ ပင်လယ်အထိ ကျယ်ပြန့်သောယုဒပြည်နယ်၊- 3ယုဒပြည်နယ်တောင်ပိုင်း၊ ဇောရမြို့မှစွန် ပလွံပင်မြို့ဟုခေါ်တွင်သော ယေရိခေါမြို့ အထိကျယ်ပြန့်သည့်လွင်ပြင်မှစ၍ တစ် ပြည်လုံးကိုမောရှေအားပြတော်မူ၏။- 4ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ ပြည်သည်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ အဆက်အနွယ်တို့အား ပေးမည်ဟုငါကတိ ထားသောပြည်ဖြစ်သည်။ ယခုဤပြည်ကို သင်ကြည့်ရှုလော့။ သို့ရာတွင်ဤပြည်ကို သင်မဝင်ရ'' ဟုမိန့်တော်မူ၏။#က၊ ၁၂:၇။ ၂၆:၃။ ၂၈:၁၃။
5သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ကိုယ်တော်၏အစေခံမောရှေသည် မောဘပြည်တွင်အနိစ္စရောက်လေ၏။- 6ထာဝရဘုရားသည်မောဘပြည်၊ ဗက်ပေ ဂုရမြို့တစ်ဘက်ရှိချိုင့်ဝှမ်း၌ မောရှေ၏ အလောင်းကိုသင်္ဂြိုဟ်တော်မူ၏။ သို့ရာတွင် ယနေ့တိုင်အောင်မောရှေ၏သင်္ချိုင်းနေရာ အတိအကျကိုမည်သူမျှမသိရချေ။- 7မောရှေသည်အသက်တစ်ရာ့နှစ်ဆယ်တွင် အနိစ္စရောက်၏။ မောရှေအနိစ္စရောက်ချိန် တွင်မျက်စိမမှုန်သေး။ အင်အားလည်း မလျော့သေး။- 8ဣသရေလအမျိုးသားတို့သည်မောဘလွင် ပြင်တွင် ရက်ပေါင်းသုံးဆယ်ပတ်လုံးမောရှေ ကွယ်လွန်သည့်အတွက်ငိုကြွေးမြည်တမ်း ကြ၏။
9မောရှေသည်နုန်၏သားယောရှုအပေါ်လက် တင်၍ မိမိအရိုက်အရာကိုဆက်ခံရန်ခန့် အပ်ခဲ့သည်။ သို့ဖြစ်၍ယောရှုသည်ပညာဉာဏ် နှင့်ပြည့်စုံလေ၏။ ဣသရေလအမျိုးသား တို့သည်ယောရှု၏စကားကိုနားထောင်၍ မောရှေဆင့်ဆိုသောထာဝရဘုရား၏ အမိန့်တော်များကိုလိုက်နာကြလေသည်။
10ဣသရေလအမျိုးသားတို့တွင် မောရှေကဲ့ သို့သောပရောဖက်မပေါ်ထွန်းတော့ချေ။ သူ သည်ထာဝရဘုရားအား ကိုယ်တိုင်ကိုယ် ကြပ်သိကျွမ်းသူဖြစ်သည်။-#ထွ၊ ၃၃:၁၁။ 11ထာဝရဘုရား၏စေလွှတ်ချက်အရမောရှေ သည် အီဂျစ်ပြည်ဘုရင်၊ မှူးမတ်များနှင့်ပြည်သူ အပေါင်းတို့ရှေ့တွင် အခြားမည်သည့်ပရောဖက် မျှမပြဘူးသောအံ့သြဖွယ်ရာများနှင့် နိမိတ် လက္ခဏာများကိုပြခဲ့လေသည်။- 12မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ရှေ့၌လည်း အခြားမည်သည့်ပရောဖက်မျှ မပြုလုပ်နိုင်သည့် အလွန်ကြောက်မက်ဖွယ် ကောင်းသောအမှုများကိုပြုလုပ်ခဲ့လေ သတည်း။ ရှင်မောရှေရေးထားသောတရားဟောရာကျမ်းပြီး၏။
လက်ရှိရွေးချယ်ထားမှု
တရားဟော 34: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar