ဧဇရ 6
6
ကုရုမင်း၏အမိန့်တော်ကိုပြန်လည်တွေ့ရှိခြင်း
1သို့ဖြစ်၍ဧကရာဇ်မင်းဒါရိသည်ဗာဗုလုန်မြို့တွင် ထားရှိသည့်နန်းတော်မှတ်တမ်းများတွင်ရှာဖွေကြည့်ရှုရန်အမိန့်ပေးတော်မူ၏။- 2သို့ရာတွင်အောက်ပါမှတ်တမ်း၌ပါရှိသည့်စာလိပ်ကို မေဒိပြည်နယ်၊ အာခမေသမြို့၌သာတွေ့ရှိကြရ၏။
3ထိုစာလိပ်တွင်``ကုရုဘုရင်သည်မိမိနန်းစံပထမနှစ်၌ယဇ်များကိုပူဇော်ရန်နှင့် ပူဇော်သကာများကိုမီးရှို့ရန်ဌာနတော်အဖြစ်ဖြင့် ယေရုရှလင်မြို့ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရမည်ဟုအမိန့်တော်ရှိ၏။ ဗိမာန်တော်သည်အမြင့်ပေကိုးဆယ်နှင့်အချင်းပေကိုးဆယ်ရှိရမည်။- 4နံရံများကိုကျောက်တုံးတန်းသုံးဆင့်၊ သစ်သားတန်းတစ်ဆင့်ကျအထပ်ထပ်ဆောက်လုပ်ရမည်။ ကုန်ကျသည့်စရိတ်မှန်သမျှကို ဘုရင့်ဘဏ္ဍာတော်တိုက်မှထုတ်၍သုံးစွဲရမည်။- 5ယေရုရှလင်မြို့ဗိမာန်တော်မှဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာမင်းယူဆောင်လာခဲ့သည့်ရွှေငွေအသုံးအဆောင်ရှိသမျှကိုလည်း သက်ဆိုင်ရာယေရုရှလင်မြို့ဗိမာန်တော်သို့ပြန်လည်ပေးပို့ရမည်'' ဟူ၍ဖော်ပြပါရှိပါ၏။
ဗိမာန်တော်ကိုဆက်လက်တည်ဆောက်ရန်ဒါရိမင်းအမိန့်ပေးခြင်း
6ဧကရာဇ်မင်းဒါရိသည်ပြန်ကြားစာကိုပေးပို့တော်မူသည်။ ထိုပြန်ကြားစာတွင်၊
``ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲ၊ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ရှိ သင်တို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသို့၊
``သင်တို့သည်ဗိမာန်တော်အနီးသို့မချဉ်းမကပ်ကြနှင့်။- 7ဗိမာန်တော်တည်ဆောက်မှုကိုလည်းမနှောင့်ယှက်ကြနှင့်။ ယုဒဘုရင်ခံနှင့်ယုဒခေါင်းဆောင်တို့အား ဘုရားသခင်၏ဗိမာန်တော်ကိုနေရာဟောင်းတွင် ပြန်လည်တည်ဆောက်ခွင့်ပြုကြလော့။- 8ပြန်လည်တည်ဆောက်မှုတွင်သူတို့ကိုကူညီကြရန် ယခုသင်တို့အားငါအမိန့်တော်ရှိသည်။ တည်ဆောက်မှုအဆက်မပြတ်စေရန် ကုန်ကျစရိတ်များကိုဥဖရတ်မြစ်အနောက်ဘက်ဒေသမှ ကောက်ခံရရှိသောအခွန်ငွေများဖြစ်သည့်ဘုရင်၏ဘဏ္ဍာတော်မှမဆိုင်းမတွထုတ်ပေးကြလော့။- 9-10ကောင်းကင်ဘုံရှင်ဘုရားသခင်နှစ်သက်လက်ခံတော်မူသည့်ယဇ်များကိုပူဇော်၍ ငါနှင့်ငါ၏သားများအတွက်ကိုယ်တော်၏ကောင်းချီးမင်္ဂလာကိုတောင်းခံပေးကြရန် ယေရုရှလင်မြို့ရှိယဇ်ပုရောဟိတ်များက မီးရှို့ရာပူဇော်သကာများအဖြစ်ကောင်းကင်ဘုံရှင်ဘုရားသခင်အားဆက်သရန် လိုအပ်သမျှသောနွားသငယ်၊ သိုး၊ သိုးသငယ်၊ ဂျုံစပါး၊ ဆား၊ စပျစ်ရည်၊ သံလွင်ဆီကိုနေ့စဉ်နေ့တိုင်းမပျက်မကွက်ပေးကြလော့။- 11ထပ်မံ၍ငါမိန့်ဆိုသည်မှာ ဤအမိန့်ကိုမနာခံသောသူအား သူ၏အိမ်မှယက်မတစ်ချောင်းကိုယူ၍ထိပ်ကိုချွန်အောင်ပြုလျက်၊ သပ်လျှို၍သတ်စေ၊ သူ၏အိမ်သည်လည်းအမှိုက်ပုံကဲ့သို့ဖြစ်ပါစေ။- 12ယေရုရှလင်မြို့ကို မိမိအားကိုးကွယ်ဝတ်ပြုရာဌာနတော်အဖြစ်ရွေးချယ်သတ်မှတ်တော်မူသောဘုရားသခင်သည် ဤအမိန့်ကိုဖီဆန်ကာယေရုရှလင်မြို့ဗိမာန်တော်ကိုဖြိုဖျက်ရန်ကြိုးစားသူ အဘယ်ဘုရင်သို့မဟုတ်လူမျိုးကိုမဆိုဖျက်ဆီးတော်မူပါစေသတည်း။ ဤကားငါဒါရိမင်း၏အမိန့်တော်ဖြစ်၏။ အမိန့်တော်အတိုင်းနာခံကြလော့'' ဟုဖော်ပြပါရှိလေသည်။
ဗိမာန်တော်ကိုအနုမောဒနာပြုခြင်း
13ထိုအခါဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် မင်းကြီးမိန့်တော်မူသည့်အတိုင်း တစ်သဝေမတိမ်းဆောင်ရွက်ကြလေသည်။- 14ယုဒခေါင်းဆောင်တို့သည်ဟ္ဂဲနှင့်ဇာခရိတို့၏အားပေးမှုကြောင့် ဗိမာန်တော်တည်ဆောက်မှုကိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ကြလေသည်။ သူတို့သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အမိန့်တော်နှင့် ပေရသိဘုရင်များဖြစ်သည့်ကုရုမင်း၊ ဒါရိမင်းနှင့်အာတဇေရဇ်မင်းတို့၏အမိန့်တော်များအရ ဗိမာန်တော်ကိုအပြီးတိုင်တည်ဆောက်ကြရာ၊-#ဟ္ဂဲ၊ ၁:၁။ ဇာ၊ ၁:၁။ 15ဒါရိမင်းနန်းစံခြောက်နှစ်မြောက်၊ အာဒါလသုံးရက်နေ့၌လက်စသတ်ကြ၏။- 16ထိုနောက်ဣသရေလပြည်သူများဖြစ်ကြသည့်ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူမှန်သမျှတို့သည် ဗိမာန်တော်ကိုရွှင်လန်းဝမ်းမြောက်စွာ အနုမောဒနာပြုကြကုန်၏။- 17ထိုအနုမောဒနာပွဲ၌သူတို့သည်နွားကောင်ရေတစ်ရာ၊ သိုးကောင်ရေနှစ်ရာနှင့်သိုးသားငယ်ကောင်ရေလေးရာကိုယဇ်ကောင်များအဖြစ်ဖြင့်လည်းကောင်း၊ ဣသရေလတစ်နွယ်လျှင်ဆိတ်တစ်ကောင်ကျဖြင့် ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုအပြစ်ဖြေရာပူဇော်သကာအဖြစ်ဖြင့်လည်းကောင်းပူဇော်ကြ၏။- 18သူတို့သည်မောရှေ၏ကျမ်းတွင်ပါရှိသည့်ညွှန်ကြားချက်များအတိုင်း ယေရုရှလင်မြို့ဗိမာန်တော်တွင်ကိုးကွယ်ဝတ်ပြုမှုအတွက် ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များအားအလှည့်ကျခွဲထားသောတာဝန်ကိုပေးအပ်ကြလေသည်။
ပသခါပွဲတော်
19ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောသူတို့သည် ပသခါပွဲတော်ကိုပထမလ၊ တစ်ဆယ့်လေးရက်နေ့၌ကျင်းပကြ၏။-#ထွ၊ ၁၂:၁-၂၀။ 20ယဇ်ပုရောဟိတ်နှင့်လေဝိအနွယ်ဝင်အပေါင်းတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစေသဖြင့် ဘာသာရေးထုံးနည်းအရသန့်စင်လျက်ရှိကြ၏။ လေဝိအနွယ်ဝင်တို့သည်မိမိတို့ပြည်သို့ပြန်လာကြသူများ၊ ယဇ်ပုရောဟိတ်များနှင့် မိမိတို့ကိုယ်တိုင်တို့အတွက်ပသခါယဇ်ကောင်များကိုသတ်ကြ၏။- 21ထိုယဇ်ကောင်တို့၏အသားကိုပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ ဣသရေလအမျိုးသားတို့နှင့်တကွထိုဒေသတွင်နေထိုင်လျက်ရှိသောသူတို့၏ရုပ်တုကိုးကွယ်မှုကိုစွန့်လွှတ်ကြသူများနှင့် ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရန်လာကြသူအပေါင်းတို့သည်စားကြ၏။- 22သူတို့သည်ခုနစ်ရက်တိုင်တိုင် တဆေးမဲ့မုန့်ပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာကျင်းပကြလေသည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အတွက် ဗိမာန်တော်ကိုတည်ဆောက်ရာတွင်ထာဝရဘုရားသည်အာရှုရိဧကရာဇ်မင်း#* အာရှုရိမင်းဧကရာဇ်မင်း။ ပေရသိဧကရာဇ်မင်းကိုဆိုလိုကြောင်းထင်ရှားသည်။ ထိုစဉ်အခါ၌ပေရသိဧကရာဇ်မင်းသည် ယခင်အာရှုရိလက်အောက်ခံယုဒပြည်ကိုအုပ်စိုးလျက်ရှိသည်။ အားထောက်ပံ့ကူညီလိုစိတ်ကိုသွင်းပေးတော်မူ၏။ သို့ဖြစ်၍သူတို့သည် အလွန်ပင်ဝမ်းမြောက်ကြလေသည်။
လက်ရှိရွေးချယ်ထားမှု
ဧဇရ 6: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: