ဧဇရ 7
7
ယေရုရှလင်မြို့သို့ဧဇရရောက်ရှိလာခြင်း
1နှစ်ပေါင်းများစွာကြာသောအခါ ပေရသိ ဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ ဧဇရနာမည်ရှိသူလူတစ်ယောက်ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်မင်းအာရုန်မှဆင်းသက် လာကြောင်း အောက်ပါအတိုင်းသိနိုင်ပေသည်။ ဧဇရ၏အဖသည်စရာယ၊ စရာယ၏ အဖမှာအာဇရိ၊ အာဇရိ၏အဖကား ဟိလခိဖြစ်၏။- 2ဟိလခိ၏အဖသည်ရှလ္လုံ၊ ရှလ္လုံ၏အဖ မှာဇာဒုတ်၊ ဇာဒုတ်၏အဖကားအဟိ တုတ်ဖြစ်၏။- 3အဟိတုတ်၏အဖသည်အာမရိ၊ အာမရိ ၏အဖမှာအာဇရိ၊ အာဇရိ၏အဖကား မေရာယုတ်ဖြစ်၏။- 4မေရာယုတ်၏အဖသည်ဇေရဟိ၊ ဇေရဟိ ၏အဖမှာသြဇိ၊ သြဇိ၏အဖကားဗုက္ကိ ဖြစ်၏။- 5ဗုက္ကိ၏အဖသည်အဘိရွှ၊ အဘိရွှ၏အဖ သည် ဖိနဟတ်၊ ဖိနဟတ်၏အဖမှာဧလာဇာ၊ ဧလဇာ၏အဖကားအာရုန်ဖြစ်သတည်း။
6ဧဇရသည်မောရှေအားဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ပေးအပ်တော်မူသည့်ပညတ်ကျမ်းကိုကြေ ညက်စွာတတ်မြောက်သူပညာရှိကြီးဖြစ် ၏။ ဧဇရသည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုခံစားရသူဖြစ်သဖြင့် မင်း ကြီးသည်သူတောင်းသမျှသောအရာ တို့ကိုပေးသနားတော်မူလေသည်။- 7ဧဇရသည်ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည် များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့် အလုပ်သမားများပါဝင်သည့်ဣသရေလ အမျိုးသားများနှင့်အတူ အာတဇေရဇ် မင်းနန်းစံခုနစ်နှစ်မြောက်၌ ဗာဗုလုန်မြို့ မှယေရုရှလင်မြို့သို့လိုက်လာခဲ့၏။- 8-9ထိုသူတို့သည်ပထမလ၊ တစ်ရက်နေ့၌ ဗာဗုလုန်မြို့မှထွက်ခွာလာကြရာ ထာဝရ ဘုရားကူမတော်မူခြင်းကြောင့်ပဉ္စမလ၊ တစ်ရက်နေ့၌ယေရုရှလင်မြို့သို့ရောက် ရှိကြလေသည်။- 10ဧဇရသည်တစ်သက်ပတ်လုံး ထာဝရ ဘုရား၏ပညတ်ကျမ်းကိုလေ့လာဆည်း ပူးလိုက်နာကျင့်သုံးကာ ထိုကျမ်းတွင်ပါ ရှိသည့်ပညတ်များနှင့်စည်းမျဉ်းများကို ဣသရေလအမျိုးသားတို့အားသင် ကြားပို့ချပေး၏။
ဧဇရအားအာတဇေရဇ်မင်းပေးအပ်သည့် အမိန့်တော်စာ
11အာတဇေရဇ်မင်းသည်ဣသရေလအမျိုး သားတို့အား ထာဝရဘုရားပေးအပ်တော် မူသည့်တရားတော်များနှင့် ပညတ်တော်တို့ ကိုကြေညက်စွာတတ်မြောက်သောယဇ်ပုရော ဟိတ်ဧဇရအား အမိန့်တော်စာကိုပေးတော် မူ၏။ ထိုစာတွင်၊
12``ဧကရာဇ်မင်းအာတဇေရဇ်#* အာတဇေရဇ်။ ၇:၁၂-၂၆ ကိုအာရမိဘာသာဖြင့်ရေးသား ထားသည် (၄:၇ကိုကြည့်ပါ။) ထံမှကောင်းကင်ဘုံရှင်ဘုရားသခင်၏ ပညတ်ကျမ်းတတ်မြောက်သောယဇ်ပုရော ဟိတ်ဧဇရထံသို့၊
13``ငါ၏အင်ပါယာနိုင်ငံတော်တစ်လျှောက်လုံး တွင်ရှိသည့် ဣသရေလအမျိုးသားများ၊ ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ သည်ယေရုရှလင်မြို့သို့ သင်နှင့်အတူသွား လိုပါကသွားခွင့်ပြုသည်။ ဤကားငါ၏ အမိန့်တော်ဖြစ်သည်။- 14ငါဘုရင်မင်းမြတ်နှင့်ငါ၏အတိုင်ပင်ခံအ မတ်ခုနစ်ဦးတို့သည် သင့်အားယေရုရှလင် မြို့နှင့်ယုဒပြည်အခြေအနေကိုစုံစမ်းရန် စေလွှတ်သည်။ သင်သည်သင့်အားပေးအပ်ထား တော်မူသည့် သင့်ဘုရားသခင်၏တရား တော်ကိုလူတို့အဘယ်မျှလိုက်နာကျင့် သုံးကြသည်ကိုစုံစမ်းလော့။- 15သင်သည်ယေရုရှလင်မြို့ဗိမာန်တော်တွင်စံ တော်မူသော ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အား ငါနှင့်ငါ၏အတိုင်ပင်ခံ အမတ်များလှူဒါန်းသည့်ရွှေနှင့်ငွေကိုယူ ဆောင်သွားလော့။- 16ထို့အပြင်သင်သည်ဗာဗုလုန်ပြည်နယ်တစ် ခုလုံးမှကောက်ခံရသမျှရွှေငွေကိုလည်း ကောင်း၊ ဣသရေလအမျိုးသားများနှင့်ယဇ် ပုရောဟိတ်တို့သည် ယေရုရှလင်မြို့တွင်စံ တော်မူသည့် မိမိတို့၏ဘုရားသခင်အား ပေးလှူသည့်ပူဇော်သကာများကိုလည်း ကောင်းယူဆောင်သွားလော့။
17``သင်သည်ဤငွေကိုသတိနှင့်သုံးစွဲ၍ နွား၊ သိုးထီး၊ သိုးသားငယ်၊ ဂျုံစပါးနှင့်စပျစ် ရည်တို့ကိုဝယ်ပြီးလျှင် ယေရုရှလင်မြို့ ဗိမာန်တော်ယဇ်ပလ္လင်တွင်တင်လှူပူဇော် လော့။- 18ကြွင်းကျန်သည့်ရွှေငွေကို သင်နှင့်သင်၏အမျိုး သားများဆန္ဒရှိသည့်အတိုင်း သင်တို့ဘုရားသခင်၏အလိုတော်နှင့်အညီသုံးစွဲနိုင် သည်။- 19ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုတွင်အသုံး ပြုရန် သင့်အားပေးအပ်လိုက်သည့်အသုံး အဆောင်တို့ကို ယေရုရှလင်မြို့တွင်စံတော် မူသောထာဝရဘုရားအားဆက်သလော့။- 20ထို့ပြင်ဗိမာန်တော်အတွက်လိုသေးသော အရာများကို ဘဏ္ဍာတော်တိုက်မှငွေကို ထုတ်၍ဝယ်နိုင်သည်။
21``ငါအာတဇေရဇ်မင်းသည်ကောင်းကင်ဘုံ ရှင် ဘုရားသခင်၏ပညတ်ကျမ်းတတ်မြောက် သောယဇ်ပုရောဟိတ်ဧဇရ တောင်းသမျှ သောအရာတို့ကိုအလျင်အမြန်ထုတ် ပေးကြရန် ဥဖရတ်မြစ်ကြီးအနောက် ဘက်ပြည်နယ်ရှိငွေတိုက်စိုးအပေါင်း တို့အားအမိန့်တော်ရှိသည်။- 22သင်တို့သည်ငွေပေါင်ခုနစ်ထောင့်ငါးရာ၊ ဂျုံ ဆန်တင်းငါးရာ၊ စပျစ်ရည်ဂါလံငါးရာ့ ငါးဆယ်၊ သံလွင်ဆီဂါလံငါးရာ့ငါး ဆယ်အထိလိုသမျှဆားကိုထုတ်ပေး ကြစေ။- 23ကောင်းကင်ဘုံရှင်ဘုရင်ဘုရားသခင်သည် မိမိ၏ဗိမာန်တော်အတွက်လိုအပ်သည့် အရာဟူသမျှကိုပေးရန် သင်တို့သတိ ပြုကြရမည်။ သို့မှသာလျှင်ကိုယ်တော် သည် ငါနှင့်ငါ၏နောက်တွင်အုပ်စိုးမည့် ဘုရင်များအားအမျက်ထွက်တော်မမူ ဘဲနေလိမ့်မည်။- 24သင်တို့သည်ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များ၊ ဂီတပညာသည်များ၊ အစောင့် တပ်သားများနှင့်အလုပ်သမားများထံမှ သော်လည်းကောင်း၊ ဗိမာန်တော်နှင့်သက်ဆိုင် သည့်အခြားသူများထံမှသော်လည်းကောင်း အဘယ်အခွန်တော်ကိုမျှမကောက်မခံ ကြရ။
25``သင်ဧဇရသည်သင့်အားဘုရားသခင်ပေး အပ်တော်မူသည့်ပညာဉာဏ်ကိုအသုံးပြု လျက် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည် နယ်တွင် သင့်ဘုရားသခင်၏တရားတော်ကို လိုက်နာကျင့်သုံးကြသူလူအပေါင်းတို့အား အုပ်စိုးရန်အတွက်အုပ်ချုပ်ရေးမှူးများနှင့် တရားသူကြီးများကိုခန့်ထားလော့။ ထို တရားတော်ကိုမသိသူကိုသင်သည်သင် ကြားပို့ချပေးလော့။- 26အကယ်၍သင့်ဘုရားသခင်၏ပညတ်တော် များကိုဖြစ်စေ၊ အင်ပါယာနိုင်ငံတော်၏ တရားဥပဒေများကိုဖြစ်စေချိုးဖောက် သူအားသေဒဏ်၊ ပြည်နှင်ဒဏ်၊ ထိုသူပိုင်ပစ္စည်း များကိုသိမ်းယူခြင်းဒဏ်၊ သို့မဟုတ်ထောင် ဒဏ်အလျင်အမြန်ခံစေ'' ဟူ၍ဖော်ပြ ပါရှိ၏။
ဘုရားသခင်အားဧဇရထောမနာပြုခြင်း
27ဧဇရက``ငါတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု ကြလော့။ ကိုယ်တော်သည်မင်းကြီးအား ယေရု ရှလင်မြို့ရှိထာဝရဘုရားဗိမာန်တော်ကို ဤသို့ဂုဏ်ပြုစိတ်ကိုပေးတော်မူပါတကား။- 28ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ငါသည် မင်းကြီးနှင့်တကွ သူ၏အတိုင်ပင်ခံအမတ် များ၊ တန်ခိုးကြီးသည့်အရာရှိများ၏ရှေ့ တွင်မျက်နှာသာရစေတော်မူသည်။ ဘုရားသခင်သည်ငါ့အားရဲစွမ်းသတ္တိကိုပေးတော် မူ၍ ငါသည်ဣသရေလသားချင်းစုခေါင်း ဆောင်အမြောက်အမြားကို ငါနှင့်အတူ လိုက်ကြရန်စုရုံးနိုင်လေပြီ'' ဟုဆို၏။
လက်ရှိရွေးချယ်ထားမှု
ဧဇရ 7: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: