ဟေရှာယ 20
20
အဝတ်အချည်းစည်းရှိသောပရောဖက်
1အာရှုရိဘုရင်သာဂုန်၏အမိန့်တော်အရ အာရှုရိတပ်မတော်ဦးစီးချုပ်သည်ဖိလိတ္တိ ပြည်၊ အာဇုတ်မြို့ကိုတိုက်ခိုက်လေသည်။- 2လွန်ခဲ့သောသုံးနှစ်ကထာဝရဘုရားသည် အာမုတ်၏သားဟေရှာယအား မိမိဝတ်ဆင် ထားသည့်လျှော်တေအဝတ်နှင့်ဖိနပ်ကိုချွတ် ပစ်ရန်မိန့်တော်မူခဲ့သည့်အတိုင်း ဟေရှာယ သည်အဝတ်မဝတ်၊ ဖိနပ်မစီးဘဲသွားလာ လျက်နေခဲ့၏။- 3အာဇုတ်မြို့ကျဆုံးသောအခါထာဝရ ဘုရားက``ငါ၏အစေခံဟေရှာယသည် ဖိနပ်မစီးဘဲ အဝတ်အချည်းစည်းနှင့်သုံး နှစ်တိုင်တိုင်သွားလာနေခဲ့သည်မှာ အီဂျစ် ပြည်နှင့်ဆူဒန်ပြည်တို့ကြုံတွေ့ရမည့် အဖြစ်အပျက်နိမိတ်လက္ခဏာပင်ဖြစ်၏။- 4အာရှုရိဘုရင်သည်ဤနိုင်ငံနှစ်ခုမှဖမ်းဆီး ရမိသည့်သုံ့ပန်းများကို အဝတ်အချည်းစည်း နှင့်ခေါ်ဆောင်သွားလိမ့်မည်။ သူတို့သည်လူကြီး လူငယ်မကျန်၊ ဖိနပ်မပါ၊ မိမိတို့အရှက်ကို ပင်မဖုံးနိုင်ဘဲအဝတ်အချည်းစည်းနှင့်လိုက် ပါသွားကာ အီဂျစ်ပြည်ကိုအသရေဖျက် ကြလိမ့်မည်။- 5ဆူဒန်ပြည်ကိုယုံကြည်ကိုးစားကာ အီဂျစ်ပြည် အကြောင်းကိုဝါကြွားပြောဆိုကြသူတို့သည် မျှော်လင့်ခြင်းပျက်ပြားလျက် အမြင်မှန်ရရှိ လာကြလိမ့်မည်။- 6ထိုအချိန်ကာလကျရောက်လာသောအခါ ဖိလိတ္တိကမ်းခြေတွင်နေထိုင်ကြသူတို့သည်``ငါ တို့အားအာရှုရိဘုရင်၏ဘေးမှကာကွယ်စောင့် ရှောက်ရန် ငါတို့မှီခိုအားကိုးခဲ့သည့်လူတို့၏ ဖြစ်အင်ကိုကြည့်ကြလော့။ ငါတို့သည်အဘယ် သို့လျှင်အသက်မသေဘဲကျန်ရှိနိုင်ကြပါ မည်နည်း'' ဟုဆိုကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 20: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar