ဟေရှာယ 32
32
သမာဋ္ဌိရှိသည့်ဘုရင်
1တစ်နေ့သောအခါ၊ သီလသမာဋ္ဌိရှိသည့် ဘုရင်တစ်ပါးနှင့် တရားသဖြင့်အုပ်စိုးသည့် အမျိုးသားခေါင်းဆောင်များပေါ်ထွန်းလာ လိမ့်မည်။- 2သူတို့အားလုံးပင်လေနှင့်မိုးသက်မုန်တိုင်း များမှခိုလှုံရာအရပ်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ခြောက်သွေ့ရာအရပ်၌စီးလျက် နေသည့်ချောင်းများနှင့်လည်းကောင်း၊ ကွင်း ခေါင်ခေါင်နေပူကြဲကြဲတွင်ရှိသောကျောက် တုံးကြီး၏အရိပ်နှင့်လည်းကောင်းတူလိမ့် မည်။- 3သူတို့သည်ပြည်သူတို့၏ချို့တဲ့မှုများကို သိရှိရန်မျက်စိရှင်ရှင်နားပါးပါးနှင့်နေ လိမ့်မည်။- 4စိတ်လိုက်မာန်ပါမပြုကြတော့ဘဲအသိ ပညာနှင့်လုပ်ကိုင်ဆောင်ရွက်ကာ ပြတ်ပြတ် သားသားပြောဆိုကြလိမ့်မည်။- 5လူမိုက်တို့အားဂုဏ်အသရေရှိသူများဟူ ၍သော်လည်းကောင်း၊ သူယုတ်မာတို့အားရိုး ဖြောင့်သူများဟူ၍သော်လည်းကောင်း အဘယ် သူမျှထင်မှတ်ပြောဆိုကြလိမ့်မည်မဟုတ်။- 6လူမိုက်သည်မိုက်မဲသည့်စကားကိုပြောဆို၍ ဆိုးညစ်သောအမှုများကိုပြုရန်ကြံစည် တတ်၏။ သူပြုသောအမှုနှင့်သူပြောသော စကားတို့သည်ဘုရားသခင်အားစော်ကား ရာရောက်၏။ သူသည်ဆာငတ်မွတ်သိပ်သူတို့ကို အဘယ်အခါ၌မျှမကျွေးမွေး။ ရေငတ်သူ တို့ကိုလည်းအဘယ်အခါ၌မျှရေမတိုက်။- 7သူသည်ဆိုးညစ်သူဖြစ်၍ဆိုးညစ်မှုများကို သာပြုတတ်၏။ ဆင်းရဲသူတို့၏အခွင့်အရေး များပျက်စီးရာပျက်စီးကြောင်းကိုလိမ်လည် ၍ကြံစည်တတ်၏။- 8သို့ရာတွင်ရိုးဖြောင့်သူမူကားရိုးဖြောင့်စွာ ပြုကျင့်တတ်လျက် အမှန်တရားဘက်မှစွဲ မြဲစွာရပ်တည်နေတတ်၏။
တရားစီရင်ခြင်းနှင့်ပြန်လည်ထူထောင်ခြင်း
9ပူပင်သောကမရှိဘဲအေးဆေးစွာနေထိုင် ကြသူအချင်းအမျိုးသမီးတို့၊ ငါပြော သည့်စကားကိုနားထောင်ကြလော့။- 10သင်တို့သည်ယခုအခါကျေနပ်ရောင့်ရဲ လျက်ရှိနေမည်ဖြစ်သော်လည်း နောင်နှစ်ခါ ဤအချိန်၌စိတ်ပျက်ရကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့စုသိမ်းရန် စပျစ်သီးများရရှိမည်မဟုတ်သော ကြောင့်ဖြစ်၏။- 11သင်တို့သည်ပူပင်သောကမရှိဘဲအေးဆေး စွာနေထိုင်လျက်ရှိကြ၏။ သို့ရာတွင်ယခု အခါထိတ်လန့်တုန်လှုပ်၍နေကြကုန်လော့။ သင်တို့၏အဝတ်များကိုချွတ်၍ခါးတွင် စောင်စုတ်များပတ်ထားကြလော့။- 12-13သီးနှံကောင်းစွာထွက်သည့်လယ်ယာများနှင့် စပျစ်ဥယျာဉ်များသည်ပျက်စီးသွားပြီ ဖြစ်သဖြင့်လည်းကောင်း၊ ငါ့အမျိုးသား တို့၏မြေယာများကို ဆူးခြုံအမျိုးမျိုး ဖုံးလွှမ်းလျက်နေပြီဖြစ်သဖြင့်လည်းကောင်း၊ သင်တို့သည်ကြေကွဲဝမ်းနည်းလျက်မိမိတို့ ရင်ပတ်များကိုတီးခတ်ကြလော့။ ယခင် အခါကလူတို့ပျော်ရွှင်စွာနေထိုင်ခဲ့ကြ သည့်အိမ်များနှင့် စည်ကားသိုက်မြိုက်စွာရှိ နေခဲ့သည့်မြို့၏အတွက်ငိုကြွေးကြလော့။- 14နန်းတော်ပင်လျှင်အထီးတည်းကျန်ရစ်၍ နေ ပြည်တော်ကြီးသည်လုံးဝလူသူဆိတ်ငြိမ် လျက်နေလိမ့်မည်။ ထိုမြို့တော်ကိုစောင့်ကြပ် ကာကွယ်ရာခံတပ်များနှင့်အိမ်များသည် လည်း ထာဝစဉ်ပျက်စီးယိုယွင်း၍နေလိမ့် မည်။ ထိုအရပ်တွင်မြည်းရိုင်းများလှည့်လည် သွားလာကာသိုးများကျက်စားကြလိမ့်မည်။
15သို့ရာတွင်ဘုရားသခင်သည်မိမိ၏ဝိညာဉ် တော်ကို ငါတို့ထံသို့တစ်ဖန်ပြန်၍စေလွှတ် တော်မူလိမ့်မည်။ ထိုအခါမြေလွတ်မြေရိုင်း များသည်မြေကောင်းမြေသန့်များဖြစ်လာ ကြလျက် လယ်ယာများကောက်ပဲသီးနှံ အမြောက်အမြားထွက်လိမ့်မည်။- 16တိုင်းပြည်အတွင်း၌အရပ်တကာတွင်သူ တော်ကောင်းတရားနှင့် တရားမျှတမှုကို ကျင့်သုံးကြလိမ့်မည်။- 17လူအပေါင်းတို့သည်အမှန်တရားအတိုင်း ကိုပြုကျင့်ကြမည်ဖြစ်၍ ထာဝစဉ်ငြိမ်း ချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှုရှိ လိမ့်မည်။- 18ဘုရားသခင်၏လူမျိုးတော်တို့နေထိုင်ရာ အိမ်များသည်ငြိမ်သက်၍လုံခြုံလိမ့်မည်။ ထို လူမျိုးတော်သည်လည်းပူပင်သောကနှင့် ကင်းဝေးကြလိမ့်မည်။- 19(သစ်တောများအပေါ်သို့မိုးသီးများကျ လိမ့်မည်။ မြို့သည်လည်းပြိုပျက်၍သွားလိမ့် မည်။-) 20ကောက်ပဲသီးနှံများအတွက်မြည်းနှင့်ကျွဲ နွားစားကျက်များအတွက် ရေအလုံအလောက် ရရှိသဖြင့်လူအပေါင်းတို့သည်ရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 32: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar