ဟေရှာယ 64
64
1ကိုယ်တော်ရှင်သည်အဘယ်ကြောင့်မိုးကောင်းကင် ကိုဖွင့်လှစ်၍ ဆင်းသက်ကြွလာတော်မမူပါ သနည်း။ တောင်များသည်ကိုယ်တော်ရှင်ကို မြင်၍ကြောက်လန့်တုန်လှုပ်ကြပါလိမ့်မည်။- 2သူတို့သည်မီးပေါ်တွင် ဆူပွက်နေသည့်ရေကဲ့ သို့တုန်လှုပ်ကြပါလိမ့်မည်။ ကြွလာတော်မူ၍ ရန်သူတို့အား ကိုယ်တော်ရှင်၏တန်ခိုးတော် ကိုပြတော်မူပါ။ လူမျိုးတကာတို့အား ရှေ့တော်၌တုန်လှုပ်စေတော်မူပါ။- 3အခါတစ်ပါးကကိုယ်တော်ရှင်သည်ကြွလာ တော်မူ၍ ကျွန်တော်မျိုးတို့မမျှော်လင့်သည့် ကြောက်လန့်ဖွယ်ရာအမှုများကိုပြုတော်မူ ပါ၏။ တောင်များသည်ကိုယ်တော်ရှင်ကိုမြင် ၍ကြောက်စိတ်နှင့်တုန်လှုပ်ကြပါ၏။- 4မိမိအားမျှော်ကိုးကြသူတို့အတွက်ဤ မည်သောအမှုတို့ကို ကိုယ်တော်ရှင်၏နည်း တူပြုတော်မူသည့်ဘုရားကိုအဘယ်သူ မျှမတွေ့မမြင်ဘူးပါ။ ထိုဘုရားအကြောင်း ကိုကြားလည်းမကြားဘူးကြပါ။-#၁ကော၊ ၂:၉။ 5ကိုယ်တော်ရှင်သည်မှန်ရာကိုပြုကျင့်၍ပျော်မွေ့ တတ်သူများအားလည်းကောင်း၊ ကိုယ်တော်ရှင် ၏အလိုတော်အတိုင်းပြုကျင့်ရန်မမေ့မ လျော့တတ်သူများအားလည်းကောင်းကြိုဆို လက်ခံတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးတို့အားအမျက်ထွက်တော်မူသော် လည်း ကျွန်တော်မျိုးတို့သည်အပြစ်ကူးမြဲ ကူးလျက်နေကြပါ၏။ ကိုယ်တော်အမျက် ထွက်နေပါလျက်ကျွန်တော်မျိုးတို့သည် အမှားကိုပြုမြဲပြုကြပါ၏။ ရှေးယခင် ကစ၍ဤသို့ပြုခဲ့မိကြပါ၏။- 6ကျွန်တော်မျိုးတို့အားလုံးအပြစ်သားများ ဖြစ်ကြပါ၏။ ကျွန်ုပ်တို့၏အကောင်းဆုံး အကျင့်ပင်လျှင်လုံးဝဥဿုံရွံရှာဖွယ်သာ ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်မိမိတို့၏ အပြစ်များကြောင့်လေလွင့်ရွက်ခြောက်များ နှင့်တူကြပါ၏။- 7ကိုယ်တော်ရှင်၏နာမတော်နှင့်ထံတော်သို့ တစ်ဦးတစ်ယောက်မျှဆုတောင်းပတ္ထနာမ ပြုပါ။ ``ကူမတော်မူပါ'' ဟုလည်းတစ်ဦး တစ်ယောက်မျှလာရောက်ပန်ကြားမှုမပြု ပါ။ ကျွန်တော်မျိုးတို့အပြစ်များကြောင့် ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုလွှဲ တော်မူ၍ကျွန်တော်မျိုးတို့အားစွန့်ပစ် တော်မူပါပြီ။
8သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးတို့၏ဖခင်ဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့သည်ရွှံ့စေးနှင့်တူ၍ ကိုယ်တော်ရှင်မူကားအိုးထိန်းသည်နှင့်တူ ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ အားဖန်ဆင်းတော်မူခဲ့သည့်အရှင်ဖြစ် သဖြင့်၊- 9ကျွန်တော်မျိုးတို့အပေါ်၌ အလွန်အမင်း အမျက်ရှတော်မမူပါနှင့်။ သို့မဟုတ်လျှင် လည်းကျွန်တော်မျိုးတို့၏အပြစ်များကို အစဉ်မပြတ်အောက်မေ့သတိရတော်မမူ ပါနှင့်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် ၏လူမျိုးတော်ဖြစ်၍ ကျွန်တော်မျိုးတို့ အားသနားတော်မူပါ။- 10ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့ များသည် သဲကန္တာရသဖွယ်ဖြစ်၍ ယေရု ရှလင်မြို့သည်လည်းပျက်စီးယိုယွင်း လျက် လူသူကင်းမဲ့ရာဖြစ်၍နေပါ၏။- 11ကျွန်တော်မျိုးတို့၏ဗိမာန်တော်၊ ကိုယ်တော် ရှင်အားကျွန်တော်မျိုးတို့ဘိုးဘေးများ ထောမနာပြုရာ မြင့်မြတ်တင့်တယ်သန့်ရှင်း သည့်ဌာနတော်သည်မီးသင့်လောင်၍သွား ပါပြီ။ ကျွန်တော်မျိုးတို့ချစ်မြတ်နိုးသည့် အဆောက်အဦမှန်သမျှသည်လည်း ယိုယွင်းပျက်စီးလျက်ရှိပါ၏။- 12အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အမှုအရာများကြောင့်စိတ်ထိခိုက်လှုပ်ရှား မှုဖြစ်တော်မမူပါသလော။ ကိုယ်တော်ရှင် သည်ငြိမ်သက်စွာနေတော်မူလျက်ကျွန် တော်မျိုးတို့အားမိမိတို့၏ခံနိုင်ရည်ထက် ပို၍ဆင်းရဲဒုက္ခရောက်စေတော်မူပါမည် လော။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 64: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar