ယေရမိ 35
35
ယေရမိနှင့်ရေခပ်အမျိုးသားများ
1ယုဒဘုရင်ယောရှိ၏သား ယောယကိမ်မင်း လက်ထက်၌ထာဝရဘုရားသည်ငါ့အား၊-#၄ရာ၊ ၂၃:၃၆-၂၄:၆။ ၆ရာ၊ ၃၆:၅-၇။ 2``သင်သည်ရေခပ်သားချင်းစုအပေါင်းတို့ ထံသို့သွား၍စကားစမြည်ပြောပြီးလျှင် သူတို့အားဗိမာန်တော်အခန်းတစ်ခုသို့ ခေါ်ဆောင်ကာစပျစ်ရည်ကိုတိုက်လော့'' ဟုမိန့်တော်မူ၏။- 3သို့ဖြစ်၍ငါသည်(အခြားယေရမိ၏သား၊ ဟာဗဇိညာ၏မြေး) ယာဇညာနှင့်သူ၏ ညီအစ်ကိုများ၊ သားများဖြစ်ကြသော ရေခပ်သားချင်းစုအပေါင်းတို့ကို၊- 4ဗိမာန်တော်သို့ဖိတ်ကြားပြီးလျှင်ပရောဖက် ဟာနန်၏တပည့်များနေထိုင်ရာအခန်းသို့ ခေါ်သွား၏။ ဟာနန်ကားဣဂဒါလိ၏သား ဖြစ်သတည်း။ ထိုအခန်းသည်အရာရှိများ ၏အခန်းအနီးဗိမာန်တော်အရာရှိကြီး တစ်ဦးဖြစ်သောရှလ္လုံ၏သားမာသေယ၏ အခန်းအထက်၌ရှိလေသည်။- 5ထိုနောက်ငါသည်စပျစ်ရည်အပြည့်ရှိသည့် ခွက်ဖလားများနှင့် အိုးများကိုရေခပ်အ နွယ်ဝင်တို့၏ရှေ့တွင်ချထား၍သူတို့ အား``စပျစ်ရည်အနည်းငယ်သောက်ကြပါ'' ဟုပြော၏။-
6သို့ရာတွင်ထိုသူတို့က``ရေခပ်၏သား၊ အကျွန်ုပ်တို့၏ဘိုးဘေးဖြစ်သူယောနဒပ် ကအကျွန်ုပ်တို့သည်သားစဉ်မြေးဆက် အ ဘယ်အခါ၌မျှစပျစ်ရည်ကိုမသောက် ရန်ပညတ်ခဲ့သည်ဖြစ်၍အကျွန်ုပ်တို့ သည်စပျစ်ရည်မသောက်ကြပါ။- 7သူသည်အကျွန်ုပ်တို့အားအိမ်များကိုမ ဆောက်ကြရန်နှင့် လယ်များကိုမလုပ်ကြ ရန်သော်လည်းကောင်း၊ စပျစ်ဥယျာဉ်များ ကိုမစိုက်မပျိုး၊ မဝယ်မယူကြရန်သော် လည်းကောင်းမှာကြားထားပါသေး၏။ အ ကျွန်ုပ်တို့သည်သူစိမ်းတစ်ရံဆံအဖြစ်နှင့် နေထိုင်ရာပြည်တွင် ဆက်လက်နေထိုင်နိုင် ကြမည့်အကြောင်းတဲရှင်များတွင်သာ နေကြရန်ကိုလည်းမိန့်မှာခဲ့ပါ၏။- 8အကျွန်ုပ်တို့သည်မိမိတို့ဘိုးဘေးရေခပ် ၏သားယောနဒပ်၏ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးခဲ့ကြပါပြီ။ အကျွန်ုပ်တို့ ကိုယ်တိုင်နှင့်အကျွန်ုပ်တို့၏ဇနီး၊ သားသမီး များသည်စပျစ်ရည်ကိုအဘယ်အခါမျှ မသောက်ကြပါ။- 9အကျွန်ုပ်တို့သည်မိမိတို့နေထိုင်ရန်အိမ်များ ကိုမဆောက်မလုပ်ကြပါ။ စပျစ်ဥယျာဉ်များ၊ လယ်ယာများသို့မဟုတ်ဂျုံစပါးများကို လည်းမပိုင်ကြပါ။- 10အကျွန်ုပ်တို့သည်တဲရှင်များတွင်နေထိုင် ကြပါသည်။ မိမိတို့ဘိုးဘေးယောနဒပ် ၏ပညတ်ကို အကြွင်းမဲ့လိုက်နာခဲ့ကြပါ ပြီ။- 11သို့ရာတွင်ဤမြို့သည်ဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာချင်းနင်းဝင်ရောက်လာသောအခါ၌ ဗာဗုလုန်နှင့်ရှုရိတပ်များကင်းဝေးစေရန် အကျွန်ုပ်တို့သည် ယေရုရှလင်မြို့သို့လာ ရောက်ရန်စိတ်ပိုင်းဖြတ်ခဲ့ကြပါ၏။ ထို့ကြောင့် ယခုအခါယေရုရှလင်မြို့တွင် အကျွန်ုပ်တို့ နေထိုင်လျက်ရှိခြင်းဖြစ်ပါသည်'' ဟုပြန် ပြောကြ၏။
12-13ထိုအခါဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါ့အားယုဒပြည်သားများနှင့်ယေရုရှလင် မြို့သူမြို့သားများထံသို့စေလွှတ်၍သူတို့ အား``သင်တို့သည်အဘယ်ကြောင့်ငါ၏ညွှန် ကြားချက်များကိုမလိုက်နာကြပါ သနည်းဟု ငါထာဝရဘုရားမေး၏။- 14ယောနဒပ်၏သားမြေးတို့သည်စပျစ်ရည် မသောက်ရန်ယောနဒပ်ပေးအပ်ခဲ့သည့်ပညတ် ကိုစောင့်ထိန်းခဲ့ကြလေပြီ။ သူတို့သည်မိမိ တို့ဘိုးဘေး၏အမိန့်ကိုနာခံကြသည်ဖြစ် ၍ ယနေ့တိုင်အောင်အဘယ်သူမျှစပျစ်ရည် ကိုမသောက်ကြ။ သို့ရာတွင်သင်တို့သည် ငါအဖန်ဖန်အထပ်ထပ်သင်တို့အားပြော ဆိုခဲ့သော်လည်းငါ၏စကားကိုနားမ ထောင်။- 15ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။- 16ယောနဒပ်၏သားမြေးများသည်မိမိတို့ ဘိုးဘေး၏အမိန့်ကိုနားထောင်ကြ၏။ သင် တို့မူကားငါ၏အမိန့်ကိုနားမထောင် ကြ။- 17သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည် မိမိကတိထားခဲ့သည့်ဘေး အန္တရာယ်ဆိုးကိုယုဒပြည်သူများနှင့်ယေရု ရှလင်မြို့သူမြို့သားများအပေါ်သို့သက် ရောက်စေမည်။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်ငါပြောသောအခါနားမထောင်၊ ငါ ခေါ်သောအခါ၌မထူးကြသောကြောင့် ဖြစ်၏ဟုမိန့်တော်မူကြောင်းပြောကြား လော့'' ဟုမိန့်တော်မူ၏။
18ထိုနောက်ငါသည်ရေခပ်သားချင်းစုအား ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်မိမိတို့ဘိုးဘေးယောနဒပ်ပေးအပ် သည့်ပညတ်ကိုစောင့်ထိန်းကြလေပြီ။ သူ၏ ညွှန်ကြားချက်များကိုလိုက်နာကျင့်သုံးကာ သူမိန့်မှာသမျှသောအမှုတို့ကိုပြုကြ လေပြီ။- 19သို့ဖြစ်၍ရေခပ်၏သားယောနဒပ်သည်ငါ ၏အမှုတော်ကိုထမ်းဆောင်မည့်သားမြေးများ အစဉ်မပြတ်ထွန်းကားရလိမ့်မည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ငါထာဝရဘုရားကတိ ပြု၏'' ဟုမိန့်တော်မူကြောင်းပြန်ကြား ပြောဆိုလေသည်။
လက်ရှိရွေးချယ်ထားမှု
ယေရမိ 35: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: