ယေရမိ 36
36
ဗိမာန်တော်ထဲ၌စာလိပ်ကိုဗာရုတ်ရွတ် ဖတ်ခြင်း
1ယောရှိ၏သားယုဒဘုရင်ယောယကိမ်နန်းစံ စတုတ္ထနှစ်၌ထာဝရဘုရားသည်ငါ့အား၊-#၄ရာ၊ ၂၄:၁။ ၆ရာ၊ ၃၆:၅-၇။ ဒံ၊ ၁:၁-၂။ 2``သင်သည်စာလိပ်တစ်ခုကိုယူ၍ဣသရေလ ပြည်၊ ယုဒပြည်နှင့်နိုင်ငံတကာတို့ကိုရည်မှတ် ၍ ငါမိန့်မှာတော်မူခဲ့သမျှသောစကားတို့ ကိုရေးမှတ်လော့။ ယောရှိမင်းလက်ထက်၌ငါ ၏ဗျာဒိတ်တော်ကိုစတင်ခံယူရချိန်မှ အစပြု၍ ယနေ့တိုင်အောင်သင့်အားငါမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် လော့။- 3ယုဒပြည်သားများသည်မိမိတို့အတွက် ငါ ရည်မှန်းထားသည့်ဘေးအန္တရာယ်ဆိုး၏အ ကြောင်းကိုကြားသိရပါမူ မိမိတို့၏အကျင့် ဆိုးများကိုစွန့်ပစ်ကောင်းစွန့်ပစ်ကြလိမ့်မည်။ ထိုအခါငါသည်သူတို့ပြုကျင့်သည့်မ ကောင်းမှုဒုစရိုက်များအတွက်အပြစ် ဖြေလွှတ်တော်မူမည်'' ဟုမိန့်တော်မူ၏။
4သို့ဖြစ်၍ငါသည်နေရိ၏သားဗာရုတ်ကို ခေါ်ပြီးလျှင် မိမိအားထာဝရဘုရားမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် ရန်နှုတ်တိုက်ချပေးလေသည်။ ဗာရုတ်သည် လည်းစာလိပ်တစ်ခုတွင်ရေးမှတ်၍ထား၏။- 5ထိုနောက်ငါသည်ဗာရုတ်အား``ငါသည်ဗိမာန် တော်သို့ဝင်ခွင့်မရပါ။- 6သို့ရာတွင်နောက်တစ်ကြိမ်လူတို့အစာရှောင် ကြသောအခါ၌ ငါသည်သင့်အားဗိမာန် တော်သို့သွားစေလိုသည်။ ငါ့အားထာဝရ ဘုရားမိန့်ကြားသဖြင့်သင့်အားငါနှုတ် တိုက်ချပေးခဲ့သမျှသောစကားများကို လူတို့ကြားသိကြစေရန်သင်သည်ထိုစာ လိပ်ကိုကျယ်စွာဖတ်ပြရမည်။ မိမိတို့မြို့ ရွာများမှရောက်ရှိလာကြသောယုဒပြည် သားအပါအဝင်ရှိရှိသမျှသောလူတို့ ကြားသိကြစေရန်သင်သည်ဤစာလိပ် ကိုဖတ်ပြလော့။- 7ထာဝရဘုရားသည်ဤလူတို့အားထိတ် လန့်တုန်လှုပ်ဖွယ်ကောင်းသည့်အမျက်တော် ဖြင့်ခြိမ်းခြောက်တော်မူပြီဖြစ်၍ လူတို့သည် မိမိတို့အကျင့်ဆိုးများကိုစွန့်ပစ်ကာ ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုကောင်းပြုကြပေလိမ့်မည်'' ဟု ညွှန်ကြားပြောဆို၏။- 8ထို့ကြောင့်ဗာရုတ်သည်မိမိအားငါမှာကြား ထားသည့်အတိုင်း တိကျစွာထာဝရဘုရား ၏ဗျာဒိတ်စကားတော်တို့ကိုဗိမာန်တော် ထဲ၌ဖတ်ပြလေ၏။
9ယောရှိ၏သားယုဒဘုရင်ယောယကိမ်နန်း စံပဉ္စမနှစ်၊ နဝမလ၌ဣသရေလပြည်သား တို့သည်ထာဝရဘုရား၏ရှေ့တော်တွင် မျက်နှာ ပွင့်လန်းအံ့သောငှာအစာရှောင်ချိန်ကိုကြေ ညာကြသဖြင့် ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့သည်လည်းကောင်း၊ ယုဒမြို့ အသီးသီးမှလာရောက်ကြသူလူအပေါင်း တို့သည်လည်းကောင်းအစာရှောင်ကြကုန်၏။- 10ထိုအခါဗာရုတ်သည်စာလိပ်ပါငါနှုတ် တိုက်ချပေးသမျှသောစကားတို့ကို ဗိမာန် တော်တွင်းရှိလူတို့ကြားနိုင်လောက်သောအရပ် မှဖတ်ပြလေသည်။ သူသည်ဂေမရိ၏သား ဘုရင်၏အတိုင်ပင်ခံအမတ်ရှာဖန်၏အခန်း မှနေ၍ထိုစာလိပ်ကိုဖတ်သတည်း။ ထိုအခန်း သည်ဗိမာန်တော်အဝင်ဝတံခါးသစ်အနီး အထက်တံတိုင်းအတွင်း၌တည်ရှိလေသည်။
မှူးမတ်များအားစာလိပ်ကိုဖတ်ပြခြင်း
11ဂေမရိ၏သားရှာဖန်၏မြေး၊ မိက္ခာယသည် ထိုစာလိပ်တွင်ပါရှိသည့်ထာဝရဘုရား ၏စကားတော်တို့ကိုကြားလျှင်၊- 12နန်းတော်အတွင်းမှူးမတ်များစည်းဝေးလျက် ရှိရာဘုရင့်အတိုင်ပင်ခံအမတ်၏အခန်းသို့ သွားလေသည်။ ထိုအရပ်တွင်ဘုရင့်အတိုင်ပင်ခံ အမတ်ဧလိရှမာ၊ ရှေမာယ၏သားဒေလာသ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သား ဂေမရိ၊ ဟာနနိ၏သားဇေဒကိနှင့်အခြား မှူးမတ်အပေါင်းတို့ရှိကြ၏။- 13မိက္ခာယသည်လူတို့အားဗာရုတ်ဖတ်ပြသည့် စကားများအနက်မိမိကြားသိခဲ့ရသမျှ ကိုထိုသူတို့အားပြောပြလေသည်။- 14ထိုအခါမှူးမတ်တို့သည်ကုရှိ၏မြစ်၊ ရှေလမိ ၏မြေး၊ နာသနိ၏သားယေဟုဒိကိုဗာရုတ် ထံသို့စေလွှတ်၍ ဗာရုတ်အားမိမိလူတို့ဖတ်ပြ သည့်စာလိပ်နှင့်အတူလာရောက်ရန်မှာကြား လိုက်ကြ၏။ ဗာရုတ်သည်လည်းထိုသူတို့ထံ သို့လာလေသည်။- 15ထိုသူတို့သည်ဗာရုတ်ကိုထိုင်ရန်ပြောကြား ပြီးလျှင်``ဤစာလိပ်ကိုငါ့တို့အားဖတ်ပြ ပါလော့'' ဟုဆိုသဖြင့်ဗာရုတ်သည်ဖတ်၍ ပြ၏။- 16ဖတ်၍ပြီးဆုံးသွားသောအခါမှူးမတ်တို့သည် ထိတ်လန့်သည့်အမှုအရာဖြင့်အချင်းချင်း ကြည့်ကာ``ဤအမှုကိုမင်းကြီးအားငါတို့ သံတော်ဦးတင်ရပါမည်'' ဟုဗာရုတ်အား ပြောကြာပြီးလျှင်၊- 17``သင်သည်အဘယ်သို့လျှင်ဤစကားအလုံး စုံကိုရရှိရေးမှတ်ခဲ့ပါသနည်း။ ယင်းတို့ ကိုသင့်အားယေရမိနှုတ်တိုက်ချပေးပါ သလော'' ဟုမေးမြန်းကြ၏။
18ဗာရုတ်သည်လည်း၊``ဤစကားအလုံးစုံကို ယေရမိကနှုတ်တိုက်ချပေး၍ အကျွန်ုပ်က မင်နှင့်စာလိပ်ပေါ်တွင်ရေးချပါသည်'' ဟု ပြန်လည်ဖြေကြား၏။
19ထိုအခါမှူးမတ်များက``သင်နှင့်ယေရမိ သည်ထွက်ပြေးပုန်းရှောင်နေရကြပေမည်။ သင်တို့ရှိရာကိုအဘယ်သူမျှမသိစေ နှင့်'' ဟုဗာရုတ်အားပြောကြားကြ၏။
စာလိပ်ကိုမင်းကြီးမီးရှို့ပစ်ခြင်း
20မှူးမတ်တို့သည်စာလိပ်ကိုဘုရင့်အတိုင် ပင်ခံအမတ်ဧလိရှမာ၏အခန်းတွင်ထား ခဲ့၍ နန်းတော်သို့သွားရောက်ကာမင်းကြီး အားဖြစ်ပျက်သမျှအကြောင်းစုံကိုသံ တော်ဦးတင်ကြ၏။- 21ထိုအခါမင်းကြီးသည်ယေဟုဒိအားစေ လွှတ်၍စာလိပ်ကိုအယူခိုင်းလေသည်။ ယေဟု ဒိသည်လည်းဧလိရှမာ၏အခန်းမှထိုစာ လိပ်ကိုယူပြီးလျှင် မင်းကြီးနှင့်တကွမင်း ကြီး၏ပတ်လည်တွင်ရပ်လျက်နေသည့် မှူးမတ်များ၏ရှေ့တွင်ဖတ်ပြ၏။- 22ထိုကာလသည်ဆောင်းအခါဖြစ်၍မင်း ကြီးသည် မိမိ၏ဆောင်းရာသီစံနန်း အတွင်းမီးအိုးကင်းရှေ့တွင်ထိုင်လျက်နေ၏။- 23ယေဟုဒိဖတ်၍သုံးလေးပိုဒ်မျှပြီးသည် နှင့်တစ်ပြိုင်နက်မင်းကြီးသည် ထိုအပိုဒ်တို့ ကိုဋ္ဌားနှင့်လှီးဖြတ်၍မီးထဲသို့ပစ်ထည့် လိုက်၏။ သူသည်ဤနည်းအတိုင်းပင်စာ လိပ်တစ်ခုလုံးမီးလောင်ကျွမ်း၍သွား သည့်တိုင်အောင်ပြုလေသည်။- 24သို့ရာတွင်စာလိပ်ပါစကားအလုံးစုံကို ကြားရသူမင်းကြီးနှင့်တကွ အဘယ်မှူး မတ်မျှကြောက်လန့်မှုမဖြစ်ကြ။ နောင်တ ရသည့်လက္ခဏာကိုလည်းမပြကြ။- 25ဧလနာသန်၊ ဒေလာယနှင့်ဂေမရိတို့ သည်မင်းကြီးအား ထိုစာလိပ်ကိုမီးမရှို့ ရန်လျှောက်ထားတောင်းပန်ကြသော်လည်း မင်းကြီးသည်သူတို့၏ပန်ကြားချက်ကို နားမထောင်ချေ။- 26ထိုနောက်သူသည်အာဇရေလ၏သား၊ စရာယ၊ အာဗဒေလ၏သားရှေလမိတို့နှင့်အတူ သားတော်ယေရမေလအား ငါနှင့်ငါ၏စာ ရေးဗာရုတ်ကိုဖမ်းဆီးရန်အမိန့်ပေးလေ သည်။ သို့ရာတွင်ထာဝရဘုရားသည်ငါ တို့နှစ်ယောက်အားဝှက်ထားတော်မူ၏။
အခြားစာလိပ်တစ်ခုတွင်ယေရမိရေးမှတ်စေခြင်း
27ဗာရုတ်အားငါနှုတ်တိုက်ချပေးသည့်စာလိပ် ကိုမင်းကြီးမီးရှို့လိုက်ပြီးနောက်ထာဝရ ဘုရားသည်ငါ့အား၊- 28``သင်သည်အခြားစာလိပ်တစ်ခုကိုယူ၍ ယောယကိမ်မင်းမီးရှို့လိုက်သည့်စာလိပ်တွင် ပါရှိသမျှသောစကားတို့ကိုရေးမှတ်၍ ထားလော့။- 29ယောယကိမ်မင်းအားလည်းထာဝရဘုရား က``သင်သည်စာလိပ်ကိုမီးရှို့ပစ်ပြီးလျှင် ယေရမိအားဗာဗုလုန်ဘုရင်သည်ဤပြည် သို့လာရောက်၍လူများ၊ တိရစ္ဆာန်များကိုသုတ် သင်ဖျက်ဆီးပစ်လိမ့်မည်ဟုအဘယ်ကြောင့် ဟောပြောရပါသနည်းဟုမေးမြန်းခဲ့ပေ သည်။- 30သို့ဖြစ်၍သင်၏သားမြေးများသည်အဘယ် အခါ၌မျှ ဒါဝိဒ်မင်း၏ရာဇပလ္လင်၌ မင်းအဖြစ်ကိုရရှိကြလိမ့်မည်မဟုတ်ဟု ငါထာဝရဘုရားမြွက်ဆို၏။ သင်၏အလောင်း ကိုလည်းနေ့အခါနေပူ၍ညဥ့်အခါ ဆီး နှင်းထိရာအရပ်တွင်ပစ်ထုတ်ထားကြ လိမ့်မည်။- 31သင်တို့ကူးလွန်ခဲ့ကြသည့်အပြစ်များ အတွက် ငါသည်သင်နှင့်သင်၏သားမြေးတို့ အားသင့်မှူးမတ်များနှင့်အတူအပြစ်ဒဏ် ခတ်မည်။ သင်နှင့်ယေရုရှလင်မြို့သူမြို့ သားများ၊ ယုဒပြည်သားများသည်ငါ သတိပေးခဲ့သည်ကိုပမာဏမပြုကြ။ သို့ဖြစ်၍ငါသည်မိမိခြိမ်းခြောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုးကို သင်တို့အပေါ်သို့ သက်ရောက်စေမည်ဟုမိန့်တော်မူကြောင်း ပြန်ကြားပြောဆိုလော့'' ဟုမိန့်မှာ တော်မူ၏။
32ထိုအခါယေရမိသည်အခြားစာလိပ်တစ် ခုကိုယူ၍မိမိ၏စာရေးဗာရုတ်အားပေး၏။ ဗာရုတ်သည်ယောယကိမ်မင်းမီးရှို့လိုက်သည့် စာလိပ်တွင်ပါရှိသမျှသောစကားတို့ကို ငါနှုတ်တိုက်ချပေးသည့်အတိုင်းရေးချလေ သည်။ ငါနှုတ်တိုက်ချပေးသည့်အလားတူ စကားများကိုထပ်လောင်းဖြည့်စွက်၍ ပေးလေသည်။
လက်ရှိရွေးချယ်ထားမှု
ယေရမိ 36: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: