ထိုနောက်ယုဒအမျိုးသားတို့၏ဘာသာရေး ပွဲတော်ရှိသဖြင့် သခင်ယေရှုသည်ယေရု ရှလင်မြို့သို့ကြွတော်မူ၏။- ယေရုရှလင်မြို့သိုးတံခါးအနီးမှာရေကန် ရှိ၏။ ထိုရေကန်ကိုဟေဗြဲစကားဖြင့်ဗေသေ သဒဟုခေါ်၏။ ထိုရေကန်ကိုမုခ်ငါးခုဖြင့် ခြံရံထား၏။- ထိုမုခ်များအောက်တွင်မျက်စိမမြင်သူ၊ ခြေမစွမ်းမသန်သူ၊ လေဖြတ်သူမှစ၍ သူနာအမြောက်အမြားပင်လဲလျောင်း လျက်နေကြ၏။- (ဘုရားသခင်၏ကောင်းကင်တမန်သည်မကြာ မကြာရေကန်သို့ဆင်းသက်ကာရေကိုလှုပ်ရှား လေ့ရှိသဖြင့် ထိုသူတို့သည်ရေလှုပ်ရှားမည်ကို စောင့်မျှော်လျက်နေကြ၏။ ယင်းသို့ရေလှုပ်ရှား လာပြီးနောက် ဦးစွာပထမရေကန်တွင်းသို့ ဆင်းနိုင်သူသည်ရောဂါပျောက်သွားလေသည်။)- ထိုနေရာတွင်သုံးဆယ့်ရှစ်နှစ်ပတ်လုံးမကျန်း မမာဖြစ်နေသူလူတစ်ယောက်ရှိ၏။- ထိုသူလဲလျောင်းနေသည်ကိုသခင်ယေရှု မြင်တော်မူလျှင် ကာလကြာမြင့်စွာဤသို့ လဲလျောင်းနေခဲ့သည့်အဖြစ်ကိုသိတော်မူ၏။ ထို့ကြောင့်ကိုယ်တော်က ``သင်သည်ကျန်းမာ လိုပါသလော'' ဟုမေးတော်မူ၏။ ထိုသူက ``အရှင်၊ ရေလှုပ်ရှားလာသောအခါ အကျွန်ုပ်ကိုရေကန်ထဲသို့ချပေးမည့်သူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်ဆင်းမည်ပြု နေစဉ် အခြားသူတစ်ယောက်သည်ဦးစွာရေ ကန်ထဲသို့ရောက်ရှိသွားတတ်ပါ၏'' ဟု လျှောက်၏။ သခင်ယေရှုက ``ထလော့၊ သင့်အိပ်ရာကိုယူ ၍လှမ်းသွားလော့'' ဟုထိုသူအားမိန့်တော် မူ၏။- ထိုသူသည်ချက်ချင်းကျန်းမာလာသဖြင့် မိမိ၏အိပ်ရာကိုယူ၍လှမ်းသွားလေ၏။ ထိုနေ့ကားဥပုသ်နေ့ဖြစ်၏။- သို့ဖြစ်၍ယုဒအာဏာပိုင်တို့သည်ကျန်းမာ လာသူအား ``ယနေ့သည်ဥပုသ်နေ့ဖြစ်၍သင့် အိပ်ရာကိုမယူဆောင်အပ်'' ဟုဆို၏။ ထိုသူက ``အကျွန်ုပ်အားကျန်းမာစေသူက `သင့်အိပ်ရာကိုယူ၍လှမ်းသွားလော့' ဟုစေ ခိုင်းပါ၏'' ဟုပြန်၍ပြော၏။ သူတို့က ``သင့်အားအိပ်ရာကိုယူ၍လှမ်းသွား လော့ဟုဆိုသူကားမည်သူနည်း'' ဟုမေးကြ၏။ သို့ရာတွင်မိမိအားဤသို့စေခိုင်းသူသည် မည်သူဖြစ်ကြောင်းကို ကျန်းမာလာသောသူ သည်မသိ။ အဘယ်ကြောင့်ဆိုသော်သခင် ယေရှုသည် ပရိသတ်အကြားမှမထင် မရှားထွက်ခွာသွားတော်မူသောကြောင့်တည်း။ ထိုနောက်သခင်ယေရှုသည်ထိုသူ့ကိုဗိမာန် တော်ထဲတွင်တွေ့တော်မူသဖြင့် ``သင်သည်ယခု ကျန်းမာလာလေပြီ။ နောက်ထပ်အပြစ်မကူး နှင့်။ သို့မဟုတ်ပါမူ သင်သည်ဤမျှထက်ဆိုး ရွားသောအဖြစ်မျိုးနှင့်ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။ ထိုသူသည်ထွက်သွား၍မိမိအားကျန်းမာ စေသောသူမှာ သခင်ယေရှုပင်ဖြစ်ကြောင်း ယုဒအာဏာပိုင်တို့အားပြောကြားလေ၏။
ရှင်ယောဟန် 5 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 5:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ