YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 5:1-15

ရှင်ယောဟန် 5:1-15 Judson Bible (JBMLE)

ထို​နောက်​မှ ယု​ဒ​ပွဲ​ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ၏။- ယေ​ရု​ရှ​လင်​မြို့၌ သိုး​တံ​ခါး​နား​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​အ​မည်​ရှိ​သော ရေ​ကန်​ရှိ၏။ ထို​ရေ​ကန်​သည် က​နား​ပြင်​ငါး​ဆောင်​နှင့် ပြည့်​စုံ၏။- ထို​က​နား​ပြင်​တို့၌ မျက်​စိ​ကန်း၊ ခြေ​မ​စွမ်း၊ ကိုယ်​ပိန်​ခြောက်​သော​သူ​တို့​မှ​စ၍ အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ အ​ပေါင်း​တို့​သည် ရေ​လှုပ်​ရှား​ခြင်း​ကို မျှော်​လင့်၍ နေ​ကြ၏။- အ​ကြောင်း​မူ​ကား၊ အ​ချိန်​တန်​လျှင် ကောင်း​ကင်​တ​မန်​သည် ရေ​ကန်​သို့​ဆင်း​သက်၍ ရေ​ကို လှုပ်​ရှား​တတ်၏။ ထို​သို့​ရေ​လှုပ်​ရှား​သည်​နောက်၊ ရှေ့ ဦး​စွာ ဝင်​သော​သူ​သည် မိ​မိ၌​စွဲ​သ​မျှ​သော​အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ခြင်း​သို့ ရောက်​တတ်၏။ ထို​အ​ခါ သုံး​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ရော​ဂါ​စွဲ​သော​သူ​တစ်​ယောက်​သည် ရေ​ကန်​နား​မှာ​ရှိ၏။- ထို​သူ​သည် တုံး​လုံး​နေ​သည်​ကို ယေ​ရှု​မြင်​တော်​မူ၍ ကြာ​လှ​ပြီ​ဟု သိ​တော်​မူ​လျှင်၊ သင်​သည် ကျန်း​မာ​ခြင်း​သို့ ရောက်​လို​သ​လော​ဟု မေး​တော်​မူ၏။- နာ​သော​သူ​က​လည်း၊ သ​ခင်၊ ရေ​လှုပ်​ရှား​သော​အ​ခါ ရေ​ကန်​ထဲ​သို့ အ​ကျွန်ုပ်​ကို သွင်း​ထား​မည့်​သူ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​သွား​စဉ်​တွင် အ​ခြား​သော​သူ​သည် အ​ကျွန်ုပ်​ရှေ့​မှာ ဝင်​တတ်​ပါ​သည်​ဟု လျှောက်၏။- ယေ​ရှု​က​လည်း​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ လှမ်း​သွား​လော့​ဟု မိန့်​တော်​မူ​သည်၊- ခ​ဏ​ချင်း​တွင် ထို​သူ​သည် ပ​က​တိ​အ​ဖြစ်​သို့​ရောက်၍၊ မိ​မိ​အိပ်​ရာ​ကို​ဆောင်​လျက် လှမ်း​သွား၏။ ထို​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​ကြောင့် ယု​ဒ​လူ​တို့​က၊ ဥ​ပုသ်​နေ့​ဖြစ်၏။ အိပ်​ရာ​ကို မ​ဆောင်​အပ်​ဟု ရော​ဂါ​ကင်း​သော သူ​အား​ဆို​ကြ၏။- သူ​က​လည်း၊ အ​ကျွန်ုပ်​ကို ကျန်း​မာ​စေ​သော​သူ​က၊ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဆို​သည်​ဟု ပြန်​ပြော၏။- ယု​ဒ​လူ​တို့​က​လည်း၊ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဟု သင့်​အား​ဆို​သော​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​မြန်း​ကြ၏။- ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​သည်​ကို ရော​ဂါ​ကင်း​သော​သူ​သည် မ​သိ။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ လူ​စု​ဝေး​လျက်​ရှိ​သည်​ဖြစ်၍၊ ယေ​ရှု​သည် မ​ထင်​မ​ရှား ထွက်​ကြွ​တော်​မူ၏။ ထို​နောက်​မှ ယေ​ရှု​သည်​ဗိ​မာန်​တော်၌ ထို​သူ​ကို တွေ့​တော်​မူ​လျှင် သင်​သည် ကျန်း​မာ​ခြင်း​ရှိ၏။ သာ၍​ဆိုး​သော​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။- ထို​သူ​သည်​သွား၍ မိ​မိ​ကို​ကျန်း​မာ​စေ​သော​သူ​သည် ယေ​ရှု​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​အား​ကြား​ပြော​လေ၏။

ရှင်ယောဟန် 5:1-15 Common Language Bible (BCL)

ထို​နောက်​ယု​ဒ​အ​မျိုး​သား​တို့​၏​ဘာ​သာ​ရေး ပွဲ​တော်​ရှိ​သ​ဖြင့် သ​ခင်​ယေ​ရှု​သည်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​တော်​မူ​၏။- ယေ​ရု​ရှ​လင်​မြို့​သိုး​တံ​ခါး​အ​နီး​မှာ​ရေ​ကန် ရှိ​၏။ ထို​ရေ​ကန်​ကို​ဟေ​ဗြဲ​စ​ကား​ဖြင့်​ဗေ​သေ သ​ဒ​ဟု​ခေါ်​၏။ ထို​ရေ​ကန်​ကို​မုခ်​ငါး​ခု​ဖြင့် ခြံ​ရံ​ထား​၏။- ထို​မုခ်​များ​အောက်​တွင်​မျက်​စိ​မ​မြင်​သူ၊ ခြေ​မ​စွမ်း​မ​သန်​သူ၊ လေ​ဖြတ်​သူ​မှ​စ​၍ သူ​နာ​အ​မြောက်​အ​မြား​ပင်​လဲ​လျောင်း လျက်​နေ​ကြ​၏။- (ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​မ​ကြာ မ​ကြာ​ရေ​ကန်​သို့​ဆင်း​သက်​ကာ​ရေ​ကို​လှုပ်​ရှား လေ့​ရှိ​သ​ဖြင့် ထို​သူ​တို့​သည်​ရေ​လှုပ်​ရှား​မည်​ကို စောင့်​မျှော်​လျက်​နေ​ကြ​၏။ ယင်း​သို့​ရေ​လှုပ်​ရှား လာ​ပြီး​နောက် ဦး​စွာ​ပ​ထ​မ​ရေ​ကန်​တွင်း​သို့ ဆင်း​နိုင်​သူ​သည်​ရော​ဂါ​ပျောက်​သွား​လေ​သည်။)- ထို​နေ​ရာ​တွင်​သုံး​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​မ​ကျန်း မ​မာ​ဖြစ်​နေ​သူ​လူ​တစ်​ယောက်​ရှိ​၏။- ထို​သူ​လဲ​လျောင်း​နေ​သည်​ကို​သ​ခင်​ယေ​ရှု မြင်​တော်​မူ​လျှင် ကာ​လ​ကြာ​မြင့်​စွာ​ဤ​သို့ လဲ​လျောင်း​နေ​ခဲ့​သည့်​အ​ဖြစ်​ကို​သိ​တော်​မူ​၏။ ထို့​ကြောင့်​ကိုယ်​တော်​က ``သင်​သည်​ကျန်း​မာ လို​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။ ထို​သူ​က ``အ​ရှင်၊ ရေ​လှုပ်​ရှား​လာ​သော​အ​ခါ အ​ကျွန်ုပ်​ကို​ရေ​ကန်​ထဲ​သို့​ချ​ပေး​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​ဆင်း​မည်​ပြု နေ​စဉ် အ​ခြား​သူ​တစ်​ယောက်​သည်​ဦး​စွာ​ရေ ကန်​ထဲ​သို့​ရောက်​ရှိ​သွား​တတ်​ပါ​၏'' ဟု လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ထ​လော့၊ သင့်​အိပ်​ရာ​ကို​ယူ ၍​လှမ်း​သွား​လော့'' ဟု​ထို​သူ​အား​မိန့်​တော် မူ​၏။- ထို​သူ​သည်​ချက်​ချင်း​ကျန်း​မာ​လာ​သ​ဖြင့် မိ​မိ​၏​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား​လေ​၏။ ထို​နေ့​ကား​ဥ​ပုသ်​နေ့​ဖြစ်​၏။- သို့​ဖြစ်​၍​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ကျန်း​မာ လာ​သူ​အား ``ယ​နေ့​သည်​ဥ​ပုသ်​နေ့​ဖြစ်​၍​သင့် အိပ်​ရာ​ကို​မ​ယူ​ဆောင်​အပ်'' ဟု​ဆို​၏။ ထို​သူ​က ``အ​ကျွန်ုပ်​အား​ကျန်း​မာ​စေ​သူ​က `သင့်​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား​လော့' ဟု​စေ ခိုင်း​ပါ​၏'' ဟု​ပြန်​၍​ပြော​၏။ သူ​တို့​က ``သင့်​အား​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား လော့​ဟု​ဆို​သူ​ကား​မည်​သူ​နည်း'' ဟု​မေး​ကြ​၏။ သို့​ရာ​တွင်​မိ​မိ​အား​ဤ​သို့​စေ​ခိုင်း​သူ​သည် မည်​သူ​ဖြစ်​ကြောင်း​ကို ကျန်း​မာ​လာ​သော​သူ သည်​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင် ယေ​ရှု​သည် ပ​ရိ​သတ်​အ​ကြား​မှ​မ​ထင် မ​ရှား​ထွက်​ခွာ​သွား​တော်​မူ​သော​ကြောင့်​တည်း။ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ထို​သူ့​ကို​ဗိ​မာန် တော်​ထဲ​တွင်​တွေ့​တော်​မူ​သ​ဖြင့် ``သင်​သည်​ယ​ခု ကျန်း​မာ​လာ​လေ​ပြီ။ နောက်​ထပ်​အ​ပြစ်​မ​ကူး နှင့်။ သို့​မ​ဟုတ်​ပါ​မူ သင်​သည်​ဤ​မျှ​ထက်​ဆိုး ရွား​သော​အ​ဖြစ်​မျိုး​နှင့်​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ထို​သူ​သည်​ထွက်​သွား​၍​မိ​မိ​အား​ကျန်း​မာ စေ​သော​သူ​မှာ သ​ခင်​ယေ​ရှု​ပင်​ဖြစ်​ကြောင်း ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​ပြော​ကြား​လေ​၏။

ရှင်ယောဟန် 5:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​ရှိ​သဖြင့် ယေရှု​သည် ဂျေရုဆလင်​မြို့​သို့​တက်​သွား​တော်မူ​၏။ ဂျေရုဆလင်​မြို့​၌ သိုး​တံခါး​အနီး​တွင် ဟေဗြဲ​ဘာသာစကား​အားဖြင့် ဗေသေသဒ​ဟု​ခေါ်​သည့် မုခ်ဆောင်​ငါး​ဆောင်​ရှိ​သော​ရေကန်​တစ်​ကန်​ရှိ​၏။ ထို​မုခ်ဆောင်​တို့​၌ မျက်မမြင်​များ၊ ခြေ​မသန်စွမ်း​သူ​များ၊ အကြောသေ​ချည့်နဲ့​သူ​များ​နှင့် နာမကျန်း​ဖြစ်​သူ​အမြောက်အမြား​တို့​သည် လဲလျောင်း​နေ​ကြ​၏။ [သူ​တို့​သည် ရေ​လှုပ်ရှား​ခြင်း​ကို စောင့်မျှော်​နေ​ခြင်း​ဖြစ်​၏။ အကြောင်းမှာ ကောင်းကင်တမန်​သည် ရေကန်​သို့ တစ်ခါတစ်ရံ​ဆင်း​လာ​ပြီး ရေ​ကို​လှုပ်ရှား​စေ​တတ်​၏။ ထိုသို့ ရေ​လှုပ်ရှား​သည့်​နောက် ရေ​ထဲသို့ အဦးဆုံး​ဆင်း​သော​သူ​သည် မည်သည့်​ရောဂါ​စွဲကပ်​နေ​သည်​ဖြစ်စေ ရောဂါ​ပျောက်ကင်း​တတ်​၏။] ထို​နေရာ​တွင် သုံးဆယ့်​ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​လဲလျောင်း​နေ​သည်​ကို ယေရှု​မြင်​တော်မူ​၍ ကာလ​ကြာမြင့်​စွာ​ခံစား​နေ​ရ​သော​အဖြစ်​ကို​သိ​သဖြင့်“သင်​သည် အကောင်း​ပကတိ​ဖြစ်​လို​သလော”​ဟု မေး​တော်မူ​၏။ နာမကျန်း​ဖြစ်​သူ​က “သခင်​ဘုရား၊ ရေ​လှုပ်ရှား​သောအခါ အကျွန်ုပ်​ကို ရေကန်​ထဲသို့​ချ​ပေး​မည့်​သူ​မ​ရှိ​ပါ။ အကျွန်ုပ်​ဆင်းသွား​မည်​ပြု​စဉ်​တွင် အခြား​သော​သူ​သည် အကျွန်ုပ်​ထက် အလျင်​ဦးစွာ​ဆင်း​သွား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က​လည်း“ထ​လော့။ သင့်​အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့”​ဟု မိန့်​တော်မူ​လျှင် ထို​သူ​သည် ချက်ချင်း​အကောင်း​ပကတိ​ဖြစ်​လာ​၍ မိမိ​၏​အိပ်ရာ​ကို​ဆောင်ယူ​လျက် လမ်းလျှောက်​လေ​၏။ ထို​နေ့​ကား ဥပုသ်နေ့​ဖြစ်​၏။ သို့ဖြစ်၍ ဂျူး​လူမျိုး​တို့​က “ယနေ့​သည် ဥပုသ်နေ့​ဖြစ်​၏။ သင်​သည် ကိုယ့်​အိပ်ရာ​ကို​ဆောင်ယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ”​ဟု ရောဂါ​ပျောက်ကင်း​သော​ထို​သူ​အား ပြောဆို​ကြ​၏။ ထို​သူ​က​လည်း “အကျွန်ုပ်​ကို​အကောင်း​ပကတိ​ဖြစ်​စေ​သော​သူ​က ‘သင့်​အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​ခဲ့​သည်”​ဟု ပြန်​ပြော​လေ​၏။ ဂျူး​လူမျိုး​တို့​က​လည်း “‘အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့’​ဟု သင့်​အား​ဆို​သူ​ကား မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။ သို့ရာတွင် အကောင်း​ပကတိ​ဖြစ်​လာ​သော​သူ​သည် ထိုသို့​မိန့်​တော်မူ​သော​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​မ​သိ။ အဘယ်ကြောင့်​ဆိုသော် ထို​အရပ်​၌ လူ​အစုအဝေး​ရှိ​နေ​စဉ် ယေရှု​သည် မထင်မရှား​ထွက်သွား​တော်မူ​သောကြောင့်​ဖြစ်​၏။ ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်​တော်​၌​တွေ့​၍“ကြည့်​လော့။ သင်​သည် အကောင်း​ပကတိ​ဖြစ်​လေ​ပြီ။ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်။ သို့မဟုတ်​လျှင် ပို၍​ဆိုးရွား​သော​အရာ​သည် သင့်​အပေါ် သက်ရောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို​သူ​သည်​သွား​၍ မိမိ​ကို​အကောင်း​ပကတိ​ဖြစ်​စေ​ခဲ့​သူ​မှာ ယေရှု​ဖြစ်​ကြောင်း ဂျူး​လူမျိုး​တို့​အား ပြောကြား​လေ​၏။