ဆာလံ 129
129
ဣသရေလအမျိုးသားတို့၏ရန်သူများ အရေးရှုံးနိမ့်ကြစေရန်ဆုတောင်းပတ္ထနာ
1ဣသရေလ၊သင်ငယ်စဉ်အခါမှစ၍ ရန်သူများသည်
သင့်ကိုအဘယ်သို့ရက်စက်စွာညှဉ်းဆဲ နှိပ်စက်ကြကြောင်းကိုငါတို့အားဖော်ပြလော့။
2``ငယ်စဉ်အခါမှအစပြု၍ငါ့အားရန်သူတို့သည် ရက်စက်စွာညှဉ်းဆဲခဲ့ကြလေပြီ။
သို့ရာတွင်သူတို့သည်ငါ့အပေါ်တွင် အနိုင်မရခဲ့ကြ။
3သူတို့သည်ငါ၏ကျောကုန်းကိုပြင်းထန်သည့်
ဒဏ်ရာများရစေသဖြင့်ထွန်ကြောင်းများရှိသည့် လယ်ကွက်သဖွယ်ဖြစ်စေကြ၏။
4သို့ရာတွင်ဖြောင့်မတ်တော်မူသောအရှင်
ထာဝရဘုရားသည်ငါ့ကိုကျွန်ဘဝမှ လွတ်မြောက်စေတော်မူလေပြီ''
5ဇိအုန်မြို့ကိုမုန်းသောသူအပေါင်းတို့သည် အရေးရှုံးနိမ့်လျက်တပ်လန်ကြပါစေသော။
6သူတို့သည်အိမ်ခေါင်မိုးပေါ်တွင်ပေါက်၍
မကြီးထွားမီခြောက်သွေ့သွားသည့် မြက်ပင်များကဲ့သို့ဖြစ်ပါစေသော။
7ထိုမြက်တို့ကိုအဘယ်သူမျှစုသိမ်းသယ်ယူမှုကို ပြုလိမ့်မည်မဟုတ်။
8``ထာဝရဘုရားသည်သင်တို့ကိုကောင်းချီး ပေးတော်မူပါစေသော။
ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍
ငါတို့သည်သင်တို့အားကောင်းချီးပေး ပါ၏'' ဟူ၍
အနီးမှဖြတ်သန်းသွားလာသူတို့ကသူတို့အား ပြောဆိုကြလိမ့်မည်မဟုတ်။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 129: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar