YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 28

28
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ#* ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သည်။
1ကျွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ​အ​ရှင်
အို ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ကျွန်​တော်​မျိုး ဟစ်​ခေါ်​ပါ​၏။ ထူး​တော်​မူ​ပါ။
ကိုယ်​တော်​ရှင်​ထူး​တော်​မ​မူ​ပါ​လျှင် ကျွန်​တော်​မျိုး​သည်​သေ​ရွာ​သွား​ရ​ပါ​လိမ့်​မည်။
2ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​သို့ လက်​အုပ်​ချီ​လျက်``ကူ​မ​တော်​မူ​ပါ'' ဟု
ကျွန်​တော်​မျိုး​ဟစ်​အော်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။
3မ​ကောင်း​မှု​ပြု​သည့်​သူ​ယုတ်​မာ​များ​နှင့်​အ​တူ
ကျွန်​တော်​မျိုး​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မ​မူ ပါ​နှင့်။
ထို​သူ​တို့​သည်​နှုတ်​ချို​သော်​လည်း​မုန်း​စိတ်​ရှိ ကြ​ပါ​၏။
4ထို​သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​ကူး​လွန်​သော
အ​ပြစ်​များ​အ​တွက်​သူ​တို့​အား​အ​ပြစ်​ဒဏ် ပေး​တော်​မူ​ပါ။
သူ​တို့​၏​အ​ကျင့်​ဆိုး​များ​အ​တွက် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။
သူ​တို့​အ​ပြစ်​နှင့်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို စီ​ရင်​တော်​မူ​ပါ။#ဗျာ၊ ၂၂:၁။
5သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ကိုယ်​တော်
ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ကြ​ပါ။
သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား
အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၍​ထာ​ဝ​စဉ်​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။
6ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
ကူ​မ​တော်​မူ​ရန်​ငါ​အော်​ဟစ်​သည်​ကို ကိုယ်​တော်​ကြား​တော်​မူ​ပြီ။
7ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။
ငါ​သည်​ကိုယ်​တော်​အား​ကိုး​စား​၏။
ကိုယ်​တော်​သည်​ငါ့​အား​ကူ​မ​တော်​မူ​သ​ဖြင့်
ငါ​သည်​ဝမ်း​မြောက်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၏။
8ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။
မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ရှင်​ဘု​ရင်​အား ကွယ်​ကာ​စောင့်​ရှောက်​၍​ကယ်​မ​တော်​မူ​၏။
9အို ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကယ်​တော်​မူ​ပါ။
ကိုယ်​တော်​ရှင်​ပိုင်​တော်​မူ​သော​သူ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ။
သူ​တို့​အား​သိုး​ထိန်း​သ​ဖွယ်​ထာ​ဝ​စဉ်​ကြည့်​ရှု စောင့်​ရှောက်​တော်​မူ​ပါ။

လက်ရှိရွေးချယ်ထားမှု

ဆာ​လံ 28: BCL

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ