ဆာလံ 61
61
ကွယ်ကာစောင့်ထိန်းတော်မူရန် ဆုတောင်းပတ္ထနာ#* ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသည်။
1အို ဘုရားသခင်၊
ကျွန်တော်မျိုးအော်ဟစ်သံကိုနားထောင်တော် မူပါ။
ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
2ကျွန်တော်မျိုးသည်အိမ်နှင့်ဝေးကွာလျက်
စိတ်ပျက်အားလျော့လျက်နေသဖြင့် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါ။
3ကိုယ်တော်ရှင်သည်ရန်သူတို့၏ဘေးမှ
ကျွန်တော်မျိုးအားကွယ်ကာစောင့်ထိန်း တော်မူသောအရှင်၊
ကျွန်တော်မျိုးအတွက်ခိုင်ခံ့သောရဲတိုက် ဖြစ်တော်မူပါ၏။
4ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏တဲတော်တွင် တစ်သက်လုံးနေခွင့်ကိုပေးတော်မူပါ။
ကိုယ်တော်၏အတောင်တော်အရိပ်အောက်တွင် ဘေးမဲ့လုံခြုံစွာခိုလှုံခွင့်ကိုပေးတော်မူပါ။
5အို ဘုရားသခင်၊
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးပြုသည့် ကတိသစ္စာကိုကြားတော်မူပါပြီ။
ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးကြသူ တို့အား ပေးတော်မူသည့်ပြည်တော်နှင့်
ကောင်းကျိုးချမ်းသာကိုကျွန်တော်မျိုး အား ပေးတော်မူပါပြီ။
6မင်းကြီးအားသက်တော်ရာကျော်ရှည်စေ တော်မူပါ။
ကာလအစဉ်အဆက်သက်တော်ရှည်စေတော် မူပါ။
7အို ဘုရားသခင်၊
သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင်ထာဝစဉ် အုပ်စိုးစေတော်မူပါ။
ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်အားဖြင့်
သူ့အားကာကွယ်စောင့်ထိန်းတော်မူပါ။
8သို့ဖြစ်၍ကျွန်တော်မျိုးသည်မိမိ၏ ကတိသစ္စာဝတ်ကိုနေ့စဉ်ဖြေလျက်
ကိုယ်တော်ရှင်အားအစဉ်အမြဲ ထောမနာသီချင်းဆိုပါမည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 61: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar