YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 71

71
အ​သက်​ကြီး​သူ​၏​ဆု​တောင်း​ပတ္ထနာ
1အို ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော့်​ထံ​ခို​လှုံ​ရန်​ကျွန်​တော်​မျိုး​ချဉ်း​ကပ် ပါ​၏။
ကျွန်​တော်​မျိုး​အား​အ​ဘယ်​အ​ခါ​၌​မျှ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မ​မူ​ပါ​နှင့်။
2ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သည် နှင့်​အ​ညီ၊
ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကယ်​ဆယ်​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​နား​ညောင်း ၍ ကယ်​တော်​မူ​ပါ။
3ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ကျောက်​တောင်​ဖြစ်​တော်​မူ​ပါ​၏။
ကျွန်​တော်​မျိုး​အား​ကာ​ကွယ်​ရန်​အ​တွက်​ခိုင်​ခံ့ သည့် ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ။
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​သော၊
ကျွန်​တော်​မျိုး​ကို​ကာ​ကွယ်​သော​အ​ရှင် ဖြစ်​တော်​မူ​ပါ​၏။
4ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​အား သူ​ယုတ်​မာ​တို့​၏​ဘေး​မှ​ကယ်​တော်​မူ​ပါ။
ရက်​စက်​ဆိုး​ညစ်​သူ​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။
5အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​မျှော်​ကိုး ပါ​၏။
ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​ကိုယ်​တော်​ရှင်​အား ကိုး​စား​ခဲ့​ပါ​၏။
6ကျွန်​တော်​မျိုး​သည်​တစ်​သက်​လုံး​ကိုယ်​တော်​ရှင် ကို မှီ​ခို​ခဲ့​ပါ​၏။
ကျွန်​တော်​မျိုး​မွေး​ဖွား​ချိန်​မှ​စ​၍
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ခဲ့​ပါ​ပြီ။
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​အ​စဉ် မ​ပြတ် ထော​မ​နာ​ပြု​ပါ​မည်။
7ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​တွက် ခိုင်​ခံ့​သည့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​သ​ဖြင့်
ကျွန်​တော်​မျိုး​သည်​လူ​တို့​ရှေ့​တွင်​စံ​န​မူ​နာ ဖြစ်​ပါ​၏။
8တစ်​နေ့​လုံး​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​၍
ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​၏။
9ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​အို​မင်း​သော ကြောင့်
ကျွန်​တော်​မျိုး​အား​ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။
ယ​ခု​အ​ခါ​မ​စွမ်း​မ​သန်​သော​ကြောင့် ကျွန်​တော်​မျိုး​အား​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။
10ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ကျွန်​တော် မျိုး​အား သတ်​လို​ကြ​သ​ဖြင့်​ဆွေး​နွေး​ကြံ​စည်​ကြ ပါ​၏။
11``သူ​၏​ဘု​ရား​သည်​သူ့​ကို​စွန့်​ပစ်​လေ​ပြီ။
သူ့​အား​ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​တော့​သ​ဖြင့်
သူ့​ကို​လိုက်​ဖမ်း​ကြ​ကုန်​အံ့'' ဟု​သူ​တို့​ဆို ကြ​ပါ​၏။
12အို ဘု​ရား​သ​ခင်၊ ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။
ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး အား ကူ​မ​ရန်​အ​လျင်​အ​မြန်​ကြွ​တော်​မူ​ပါ။
13ကျွန်​တော်​မျိုး​ကို​တိုက်​ခိုက်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​၍​ပျက်​စီး​ဆုံး​ပါး​ကြ​ပါ​စေ​သော။
ကျွန်​တော်​မျိုး​ထိ​ခိုက်​ဒဏ်​ရာ​ရ​အောင် ကြိုး​စား​ကြ​သူ​တို့​သည်
အ​ရှက်​ကွဲ​၍​အ​သ​ရေ​ပျက်​ကြ​ပါ​စေ​သော။
14ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​အ​စဉ်​ပင် စောင့်​မျှော်​ပါ​မည်။
ကိုယ်​တော်​ရှင်​အား​အ​ဖန်​ဖန်​အ​ခါ​ခါ ထော​မ​နာ​ပြု​ပါ​မည်။
15ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်
ကောင်း​မြတ်​တော်​မူ​ပုံ​ကို​ပြော​ကြား​ပါ​မည်။
ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​သည်
ကျွန်​တော်​မျိုး​နား​လည်​နိုင်​သည်​ထက်​ပို​၍ နက်​နဲ​ပါ​၏။
သို့​ရာ​တွင်​ထို​ကျေး​ဇူး​တော်​အ​ကြောင်း​ကို ကျွန်​တော်​မျိုး​သည်​တစ်​နေ့​လုံး​ပြော ကြား​ပါ​မည်။
16အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကို အ​မှီ​ပြု​၍ ကျွန်​တော်​မျိုး​သွား​လာ​ပါ​မည်။
ကိုယ်​တော်​ရှင်၊ကိုယ်​တော်​ရှင်​သာ​လျှင် ကောင်း​မြတ်​တော်​မူ​ကြောင်း​ကို
ကျွန်​တော်​မျိုး​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
17ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ငယ် ရွယ်​စဉ် အ​ခါ​မှ​စ​၍​သွန်​သင်​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ၊
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော
အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို​ယ​နေ့​တိုင်​အောင် ပြော​ကြား​လျက်​ရှိ​ပါ​၏။
18ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​အ​သက် ကြီး​၍ ဆံ​ပင်​ဖြူ​လျက်​နေ​ပါ​ပြီ။
အို ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။
ကျွန်​တော်​မျိုး​သည်​နောင်​လာ​လတ္တံ့​သော သား​စဉ်​မြေး​ဆက်​အ​ပေါင်း​တို့​အား
ကိုယ်​တော်​ရှင်​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော် တော် အ​ကြောင်း​ကို​ထုတ်​ဖော်​ကြေ​ညာ​လျက်​ရှိ​နေ​စဉ်
ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။
19အို ဘု​ရား​သ​ခင်၊
ကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။
အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည်
ကြီး​မြတ်​သည့်​အ​မှု​အ​ရာ​များ​ကို​ပြု​တော် မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း။
ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ။
20ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား
များ​ပြား​ဆိုး​ရွား​သော​ဘေး​ဒုက္ခ​များ​နှင့် တွေ့​ကြုံ​စေ​တော်​မူ​သော်​လည်း
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ပြန်​၍
အား​အင်​ပြည့်​ဝ​စေ​တော်​မူ​လျက်​သေ​ဘေး​မှ ကယ်​တော်​မူ​ပါ​လိမ့်​မည်။
21ကျွန်​တော်​မျိုး​အား​ယ​ခင်​အ​ခါ​က​ထက်
ပို​မို​ကြီး​မြင့်​စေ​တော်​မူ​၍​နှစ်​သိမ့်​မှု​ကို တစ်​ဖန် ပေး​တော်​မူ​ပါ​လိမ့်​မည်။
22ကျွန်​တော်​မျိုး​သည်​အ​မှန်​ပင်​ကိုယ်​တော်​ရှင်​အား စောင်း​တီး​၍​ထော​မ​နာ​ပြု​ပါ​မည်။
အို ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​ထော​မ​နာ​ပြု​ပါ​မည်။
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည့်
ကိုယ်​တော်​ရှင်​အား​စောင်း​တီး​၍့​ဋ္ဌမ္မ​သီ​ချင်း များ​ဖြင့် ချီး​မွမ်း​ပါ​မည်။
23ကိုယ်​တော်​ရှင်​အ​တွက်​စောင်း​ကို​တီး​စဉ်
ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ပါ​မည်။
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​သည်​ဖြစ်​၍
ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ သီ​ချင်း​ဆို​ပါ​မည်။
24ကျွန်​တော်​မျိုး​အား​အ​ကျိုး​ယုတ်​စေ​ရန်
ရှာ​ကြံ​သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​၍​အ​သ​ရေ​ပျက် ရ​ကြ​ပြီ​ဖြစ်​သော​ကြောင့်
ကိုယ်​တော်​ရှင်​ဖြောင့်​မတ်​တော်​မူ​ခြင်း
တ​ရား​အ​ကြောင်း​ကို​တစ်​နေ့​လုံး​ပြော​ကြား ပါ​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာ​လံ 71: BCL

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ