၁ ရာဇဝင်ချုပ် 10:13-14
၁ ရာဇဝင်ချုပ် 10:13-14 Common Language Bible (BCL)
ရှောလုမင်းကွယ်လွန်တော်မူရခြင်းအကြောင်း မှာ သူသည်ထာဝရဘုရားအပေါ်သစ္စာဖောက် သောကြောင့်ဖြစ်၏။ သူသည်ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်ခဲ့၏။- ထာဝရဘုရားနှင့်တိုင်ပင်မည့်အစားလူသေ တို့၏ဝိညာဉ်များနှင့်နှီးနှောတိုင်ပင်ခဲ့လေ သည်။ သို့ဖြစ်၍ထာဝရဘုရားသည်ရှောလု အား ကွပ်မျက်တော်မူ၍သူ၏နိုင်ငံကိုယေရှဲ ၏သားဒါဝိဒ်အားအုပ်စိုးစေတော်မူ သတည်း။
၁ ရာဇဝင်ချုပ် 10:13-14 Judson Bible (JBMLE)
ထိုသို့ရှောလုသည် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ လွန်ကျူး၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်လည်းကောင်း၊ ထာဝရဘုရားကို မမေးမြန်းဘဲ နတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့်လည်းကောင်း၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက်၍၊ နိုင်ငံတော်ကို ယေရှဲသားဒါဝိဒ်၌ လွှဲအပ်တော်မူ၏။
၁ ရာဇဝင်ချုပ် 10:13-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရှောလုမင်းကြီးသည် ထာဝရဘုရားအပေါ် သစ္စာမစောင့်၊ ထာဝရဘုရား၏စကားတော်ကို မနာခံ၊ နတ်ဝင်သည်ထံ မေးမြန်းတိုင်ပင်၍ ထာဝရဘုရားထံ မမေးလျှောက်သောကြောင့် ထာဝရဘုရားသည် သူ့ကိုကွပ်မျက်လိုက်သဖြင့် သူအနိစ္စရောက်လေ၏။ နိုင်ငံတော်ကိုလည်း ယေရှဲ၏သားဒါဝိဒ်လက်သို့ လွှဲအပ်တော်မူ၏။