၁ ဓမ္မရာဇဝင် 19:1-2
၁ ဓမ္မရာဇဝင် 19:1-2 Common Language Bible (BCL)
ဒါဝိဒ်အားသတ်ပစ်ရန် မိမိကြံစည်တော်မူကြောင်း ရှောလုသည်သား တော်ယောနသန်နှင့်နန်းတွင်းအရာရှိအပေါင်း တို့အားပြောပြ၏။ သို့ရာတွင်ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်ခင်စွဲလန်းသဖြင့်၊- ``အကျွန်ုပ်၏ခမည်းတော်သည်သင့်အား သေကြောင်းကြံလေပြီ။ နက်ဖြန်နံနက်၌ သတိနှင့်ပုန်းရှောင်၍နေလော့။
၁ ဓမ္မရာဇဝင် 19:1-2 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရှောလုမင်းကြီးသည် မိမိသားတော်ယောနသန်နှင့် အမှုထမ်းတို့အား ဒါဝိဒ်ကိုသတ်ပစ်ရန် အမိန့်ပေးထား၏။ သို့သော် ရှောလုမင်းကြီး၏သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်ခင်နှစ်သက်၏။ ထို့ကြောင့် ယောနသန်က ဒါဝိဒ်အား “ငါ့ခမည်းတော်ရှောလုမင်းကြီးသည် သင့်ကို သတ်ရန်အခွင့်ရှာနေပါ၏။ သို့ဖြစ်၍ သတိထားလော့။ မနက်ဖြန်နံနက်အထိ လုံခြုံရာ၌ပုန်းနေပါလော့။
၁ ဓမ္မရာဇဝင် 19:1-2 Judson Bible (JBMLE)
ထိုကြောင့် ရှောလုသည် ဒါဝိဒ်ကိုသတ်စေခြင်းငှာ၊ သားတော်ယောနသန်နှင့် မိမိကျွန်အပေါင်းတို့ကို မှာထားလေ၏။ သားတော် ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်၍၊ ငါ့အဘရှောလုသည် သင့်ကိုသတ်ခြင်းငှာ ရှာကြံ၏။ သို့ဖြစ်၍ နံနက်တိုင်အောင် ကိုယ်ကိုသတိပြုသဖြင့် ဆိတ်ကွယ်ရာအရပ်၌ ပုန်းရှောင်၍ နေပါလော့။