၁ ဓမ္မရာဇဝင် 19:9-10
၁ ဓမ္မရာဇဝင် 19:9-10 Judson Bible (JBMLE)
ရှောလုသည် လှံတိုကိုကိုင်၍ နန်းတော်၌ထိုင်စဉ်တွင်၊ ထာဝရဘုရားထံတော်မှ ဆိုးသောဝိညာဉ်သက်ရောက်၍၊ ဒါဝိဒ်သည် စောင်းတီးလျက်နေသောအခါ၊ သူ့ကို လှံတိုနှင့် ထရံနားမှာထိုးစမ်းသော်လည်း၊ အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည် ထရံကိုစူးလျက်နေ၏။ ဒါဝိဒ်သည် ပြေး၍ ထိုည၌လွတ်ရ၏။
၁ ဓမ္မရာဇဝင် 19:9-10 Common Language Bible (BCL)
တစ်နေ့သ၌ထာဝရဘုရားထံတော်မှ နတ် မိစ္ဆာသည်ရှောလုအားပူးဝင်လာ၏။ ရှောလု သည်လှံတံတော်ကိုကိုင်၍နန်းတော်တွင် ထိုင်လျက်နေတော်မူ၏။ ဒါဝိဒ်ကားစောင်း တီးလျက်နေ၏။- ရှောလုသည်မိမိ၏လှံတံတော်ဖြင့်ဒါဝိဒ် အားနံရံတွင်ကပ်၍နေအောင်ထိုးလိုက် သော်လည်း ဒါဝိဒ်ရှောင်တိမ်းလိုက်သဖြင့် လှံတံသည်နံရံတွင်စိုက်လျက်နေ၏။ ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွားလေသည်။
၁ ဓမ္မရာဇဝင် 19:9-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ဖန် ရှောလုမင်းကြီးသည် နန်းတော်တွင် လှံကိုကိုင်လျက် ထိုင်နေစဉ် ထာဝရဘုရားထံတော်မှ ဝိညာဉ်ဆိုးသည် သူ့ကိုဝင်ပူးသဖြင့် ဒါဝိဒ်သည် စောင်းတီးပေးလျက်နေ၏။ ထိုအခါ ရှောလုမင်းကြီးသည် ဒါဝိဒ်ကို လှံနှင့် နံရံထုတ်ချင်းပေါက်အောင် ထိုးလိုက်လေ၏။ သို့သော် ရှောလုမင်းကြီးကို ဒါဝိဒ်ရှောင်တိမ်းလိုက်နိုင်သဖြင့် လှံသည် နံရံထဲ စိုက်ဝင်သွား၏။ ထိုညတွင်ပင် ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွား၏။