၁ ဓမ္မရာဇဝင် 21:12-13
၁ ဓမ္မရာဇဝင် 21:12-13 Judson Bible (JBMLE)
ထိုစကားကို ဒါဝိဒ်သည်မှတ်မိ၍၊ ဂါသမင်းကြီးအာခိတ်ကို အလွန်ကြောက်သောကြောင့်၊ ရူးသွပ်ဟန်ဆောင်၍ သူတို့ရှေ့မှာ အရူးကဲ့သို့ပြုလျက်၊ တံခါးရွက်ပေါ်၌ ရေးသား၍ မိမိတံတွေးကို မုတ်ဆိတ်တွင် ယိုစေ၏။
၁ ဓမ္မရာဇဝင် 21:12-13 Common Language Bible (BCL)
ထိုသူတို့၏စကားကိုဒါဝိဒ်နှလုံးသွင်း၍ အာခိတ်မင်းအားအလွန်ကြောက်ရွံ့သော ကြောင့်၊- ရူးသွပ်ဟန်ဆောင်လျက်သူတို့၏ရှေ့တွင် အရူးကဲ့သို့ပြုပြီးလျှင် တံခါးရွက်ပေါ် တွင်ရေးခြစ်၍နေ၏။ မိမိ၏မုတ်ဆိတ်ပေါ် မှာသွားရည်ယိုကျစေ၏။
၁ ဓမ္မရာဇဝင် 21:12-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုစကားတို့သည် ဒါဝိဒ်၏စိတ်ထဲ၌စွဲနေသောကြောင့် သူသည် ဂါသဘုရင်အာခိတ်မင်းကြီးကို အလွန်တရာမှကြောက်ရွံ့လေ၏။ ထို့ကြောင့် သူတို့ရှေ့တွင် စိတ်မနှံ့သူ အရူးကဲ့သို့ အယောင်ဆောင်ရလေ၏။ သူသည် တံခါးရွက်တို့ကို ကုတ်ခြစ်ပြီး မုတ်ဆိတ်များပေါ် သွားရည်များ စီးကျစေ၏။