၂ တိမောသေ 1:12
၂ တိမောသေ 1:12 Judson Bible (JBMLE)
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင်တော်မူသည်ဟု ငါသဘောကျ၏။
၂ တိမောသေ 1:12 Common Language Bible (BCL)
ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။
၂ တိမောသေ 1:12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။