ယေရမိ 37:17
ယေရမိ 37:17 Common Language Bible (BCL)
ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။
ယေရမိ 37:17 Judson Bible (JBMLE)
ဇေဒကိမင်းကြီးသည် လူကိုစေလွှတ်၍ ယေရမိကိုနုတ်ပြီးမှ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ရှိသလောဟု နန်းတော်၌ တိတ်ဆိတ်စွာမေးမြန်းလျှင်၊ ယေရမိက၊ နှုတ်ကပတ်တော်ရှိပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်လက်သို့ ရောက်ပါလိမ့်မည်ဟု ပြန်လျှောက်၏။
ယေရမိ 37:17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဇေဒကိမင်းကြီးသည် လူလွှတ်၍ ယေရမိကို နန်းတော်သို့ခေါ်လာစေပြီးလျှင် “ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်ရောက်လာသေးသလော”ဟု လျှို့ဝှက်စွာမေးမြန်း၏။ ယေရမိက “နှုတ်ကပတ်တော်ရောက်လာပါ၏။ အရှင်မင်းကြီးသည် ဘေဘီလုံဘုရင်၏လက်ထဲသို့ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။