ယေရမိ 40:3-4
ယေရမိ 40:3-4 Common Language Bible (BCL)
ယခုပြုတော်မူလေပြီ။ ဤသို့ဖြစ်ပျက်ရ ခြင်းမှာသင်၏အမျိုးသားတို့သည်ထာဝရ ဘုရားအားပြစ်မှားကာ ကိုယ်တော်၏စကား ကိုနားမထောင်ကြသောကြောင့်ဖြစ်၏။- ယခုသင်၏လက်ကောက်ဝတ်မှသံကြိုးများ ကိုငါဖြုတ်ပေးမည်။ သင်သည်ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်လိုကလိုက်ပါလော့။ သင့်အားကောင်းစွာငါကြည့်ရှုပါမည်။ သင် မလိုက်လိုလျှင်နေနိုင်ပါသည်။ တစ်ပြည် လုံးမှသင်ကြိုက်ရာအရပ်သို့သင်သွား နိုင်သည်'' ဟုပြော၏။
ယေရမိ 40:3-4 Judson Bible (JBMLE)
ခြိမ်းတော်မူသည် အတိုင်းလည်း၊ အမှုကိုရောက်စေ၍ စီရင်တော်မူပြီ။ သင်တို့သည် အမိန့်တော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ဤအမှုသည် သင်တို့အပေါ်သို့ရောက်လေပြီ။ ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှာ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်ခြင်းငှာ အလိုမရှိလျှင် မလိုက်နှင့်။ တစ်ပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့ သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာအရပ်သို့ သွားပါလော့ဟု ဆို၏။
ယေရမိ 40:3-4 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သင်တို့သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားကြသောကြောင့် ဤအမှုဖြစ်ပျက်လေပြီ။ ထာဝရဘုရားသည် ဘေးအန္တရာယ်ကို ကျရောက်စေပြီ။ မိန့်တော်မူသည့်အတိုင်း ပြုလေပြီ။ ကြည့်ရှုလော့။ ယခုတွင် သင့်လက်၌ချည်နှောင်ထားသောကြိုးကို ဖြေပေးမည်။ ငါနှင့်အတူ ဘေဘီလုံမြို့သို့လိုက်လိုလျှင်လိုက်ပါ။ သင့်ကို ကောင်းစွာကြည့်ရှုပါမည်။ ဘေဘီလုံမြို့သို့ ငါနှင့်သင်မလိုက်လိုလျှင်လည်း မလိုက်ပါနှင့်။ တိုင်းပြည်တစ်ပြည်လုံး သင့်ရှေ့မှောက်တွင်ရှိ၏။ ကောင်းမည်၊ အဆင်ပြေမည်ဟု သင်ထင်သည့်နေရာများသို့ သင်သွားနိုင်၏”ဟု ဆိုလေ၏။