YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 15:1-17

ရှင်ယောဟန် 15:1-17 Judson Bible (JBMLE)

ငါ​သည် မှန်​သော​စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ငါ့​ခ​မည်း​တော်​သည်​လည်း ဥ​ယျာဉ်​စောင့်​ဖြစ်​တော်​မူ၏။- ငါ၌​အ​သီး​မ​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို ခုတ်​ပစ်​တော်​မူ၏။ အ​သီး​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို သာ၍ သီး​စေ​ခြင်း​ငှာ သုတ်​သင်​ရှင်း​လင်း​တော်​မူ၏။- သင်​တို့​သည် ငါ​ဟော​ပြော​သော​စ​ကား​အား​ဖြင့် ယ​ခု​ပင် ရှင်း​လင်း​လျက်​ရှိ​ကြ၏။- ငါ၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့၌​တည်​နေ​မည်။ စ​ပျစ်​ခက်​သည် အ​ပင်၌​မ​တည်​လျှင်၊ ကိုယ်​အ​လို​အ​လျောက် အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ၌​မ​တည်​လျှင် အ​သီး​မ​သီး​နိုင်​ကြ။- ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။- ငါ၌ မ​တည်​သော​သူ​သည် သွေ့​ခြောက်​သော​အ​ခက်​ကဲ့​သို့ ပြင်​သို့​ပစ်​လိုက်​ခြင်း​ကို​ခံ​ရ၏။ ထို​သို့​သော အ​ခက်​များ​ကို လူ​တို့​သည်​စု​သိမ်း၍ မီး​ထဲ​သို့ ချ​လိုက်​ကြ​သ​ဖြင့် မီး​လောင်​ခြင်း​သို့ ရောက်​ကြ၏။- သင်​တို့​သည် ငါ၌​တည်၍ ငါ့​စ​ကား​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည်​တောင်း​ချင်​သ​မျှ​ကို တောင်း၍​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် များ​စွာ​သော​အ​သီး​ကို သီး​သော​အား​ဖြင့်၊ ငါ့​ခ​မည်း​တော်​သည် ဘုန်း​ထင်​ရှား​တော်​မူ၍၊ သင်​တို့​သည်​လည်း ငါ၏​တ​ပည့် မှန်​ကြ​လိမ့်​မည်။- ခ​မည်း​တော်​သည် ငါ့​ကို​ချစ်​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​ချစ်၏။ ငါ၏​ချစ်​ခြင်း​မေ​တ္တာ၌ တည်​နေ​ကြ​လော့။- ငါ​သည် ငါ့​ခ​မည်း​တော်၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်၍ ခ​မည်း​တော်၏​မေ​တ္တာ၌ တည်​နေ​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ငါ့​မေ​တ္တာ၌ တည်​နေ​ကြ​လိမ့်​မည်။- သင်​တို့၌ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​စ​ကား​ကို သင်​တို့​အား​ငါ​ဟော​ပြော၏။- ငါ့​ပ​ညတ်​ဟူ​မူ​ကား၊ ငါ​သည် သင်​တို့​ကို​ချစ်​သည်​နည်း​တူ၊ သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လော့။ ကိုယ်​အ​ဆွေ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​အ​သက်​ကို စွန့်​ခြင်း​မေ​တ္တာ​ထက် သာ၍ မြတ်​သော​မေ​တ္တာ​သည် အ​ဘယ်​သူ၌​မျှ​မ​ရှိ။- သင်​တို့​သည် ငါ​ပ​ညတ်​သ​မျှ​တို့​ကို ကျင့်​ဆောင်​လျှင် ငါ၏​အ​ဆွေ​ဖြစ်​ကြ၏။- ယ​ခု​မှ​စ၍ ငါ​သည်​သင်​တို့​ကို ကျွန်​ဟူ၍​မ​ခေါ်။ ကျွန်​မူ​ကား၊ ကိုယ်​သ​ခင်​ပြု​သော​အ​မှု​ကို မ​သိ။ သင်​တို့​ကို အ​ဆွေ​ဟူ၍​ငါ​ခေါ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ၌ ကြား​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​အား ငါ​ပြ​သ၏။- သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။ သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​စေ​ခြင်း​ငှာ ဤ​ပ​ညတ်​တို့​ကို ငါ​ပေး၏။

ရှင်ယောဟန် 15:1-17 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​က ``ငါ​သည်​စ​ပျစ်​ပင်​အ​စစ် ဖြစ်​၍​ငါ့​အ​ဖ​သည်​ဥ​ယျာဉ်​မှူး​ဖြစ်​တော် မူ​၏။- ကိုယ်​တော်​ရှင်​သည်​ငါ​၌​အ​သီး​မ​သီး​သော အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို​ခုတ်​ပစ်​တော်​မူ ၏။ အ​သီး​သီး​သည့်​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ ကို​လည်း​ပို​၍​သီး​စေ​ရန်​သုတ်​သင်​ရှင်း​လင်း တော်​မူ​၏။- ထို​နည်း​တူ​စွာ​ငါ​ဟော​ပြော​သော​တ​ရား အား​ဖြင့် ယ​ခု​သင်​တို့​ရှင်း​လင်း​လျက်​ရှိ​ကြ​၏။- ငါ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း​သင်​တို့​နှင့်​တစ်​လုံး​တစ်​ဝ​တည်း တည်​နေ​မည်။ စ​ပျစ်​ကိုင်း​သည်​အ​ပင်​၌​တည် မ​နေ​လျှင်​အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့ သင် တို့​သည်​ငါ​၌​တည်​မ​နေ​လျှင်​အ​သီး မ​သီး​နိုင်​ကြ။'' ``ငါ​သည်​စ​ပျစ်​ပင်​ဖြစ်​၏။ သင်​တို့​ကား​အ​ကိုင်း အ​ခက်​များ​ဖြစ်​ကြ​၏။ ငါ​နှင့်​ကင်း​လျှင်​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တတ်​နိုင်​ကြ​သော ကြောင့် မည်​သူ​မ​ဆို​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သူ​၌​တည်​နေ​လျှင်​များ​စွာ​သော​အ​သီး ကို​သီး​လိမ့်​မည်။- ငါ​၌​မ​တည်​နေ​သော​သူ​သည်​အ​ပြင်​သို့​ပစ် ထုတ်​ခြင်း​ကို​ခံ​ရ​၍ ခြောက်​သွေ့​သွား​သည့် အ​ကိုင်း​အ​ခက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ လူ​တို့ သည်​ထို​သို့​သော​အ​ကိုင်း​အ​ခက်​များ​ကို စု​သိမ်း​၍​မီး​ရှို့​တတ်​ကြ​၏။- သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​၏​တ​ရား သည်​လည်း​သင်​တို့​၌​တည်​နေ​လျှင် သင်​တို့ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို​ရ​ရှိ ကြ​လိမ့်​မည်။- သင်​တို့​သည်​များ​စွာ​သော​အ​သီး​သီး​ခြင်း အား​ဖြင့် ငါ့​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​၏။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ငါ​၏​တ​ပည့်​များ​ဖြစ်​လာ​ကြ ၏။- ခ​မည်း​တော်​သည်​ငါ့​ကို​ချစ်​သ​ကဲ့​သို့​ငါ သည်​သင်​တို့​ကို​ချစ်​၏။ ငါ​၏​မေတ္တာ​၌​တည် နေ​ကြ​လော့။- ငါ​သည်​ခ​မည်း​တော်​၏​ပ​ညတ်​တို့​ကို​စောင့် ထိန်း​၍​ခ​မည်း​တော်​၏​မေတ္တာ​၌​တည်​နေ​သ​ကဲ့ သို့ သင်​တို့​သည်​ငါ့​ပ​ညတ်​တို့​ကို​စောင့်​ထိန်း လျှင်​ငါ့​မေတ္တာ​၌​တည်​နေ​ကြ​လိမ့်​မည်။'' ``သင်​တို့​သည်​ငါ​၏​ဝမ်း​မြောက်​ခြင်း​ကို​ခံ​စား ရ​လျက် အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​နိုင်​ကြ​စေ ရန်​ဤ​စ​ကား​ကို​ငါ​ပြော​၏။- ငါ့​ပ​ညတ်​ကား​ငါ​သည်​သင်​တို့​ကို​ချစ်​သည့် နည်း​တူ သင်​တို့​သည်​အ​ချင်း​ချင်း​ချစ်​ကြ လော့။- မိ​မိ​၏​မိတ်​ဆွေ​အ​တွက်​အ​သက်​ကို​စွန့်​သော မေတ္တာ​ထက်​ကြီး​မြတ်​သည့်​မေတ္တာ​မ​ရှိ​တော့ ပြီ။- သင်​တို့​သည်​ငါ​ပ​ညတ်​သည့်​အ​တိုင်း​ပြု ကျင့်​လျှင် ငါ​၏​အ​ဆွေ​ဖြစ်​ကြ​၏။- ယ​ခု​မှ​စ​၍​သင်​တို့​အား​အ​စေ​ခံ​ဟူ​၍​ငါ မ​ခေါ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စေ​ခံ​သည် သ​ခင်​ပြု​သည့်​အ​မှု​ကို​မ​သိ​သော​ကြောင့် ဖြစ်​၏။ ခ​မည်း​တော်​ထံ​မှ​ငါ​ကြား​ရ​သ​မျှ တို့​ကို​သင်​တို့​အား​ငါ​ပြော​ကြား​ပြီး​ဖြစ် သ​ဖြင့် သင်​တို့​ကို​အ​ဆွေ​ဟူ​၍​ငါ​ခေါ်​၏။- သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။- ထို့​ကြောင့်​အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု သင်​တို့​အား​ငါ​ပ​ညတ်​၏။''

ရှင်ယောဟန် 15:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် စစ်မှန်​သော​စပျစ်​ပင်​ဖြစ်​၏။ ငါ့​ခမည်းတော်​ကား ဥယျာဉ်မှူး​ဖြစ်​တော်မူ​၏။ ငါ​၌​အသီး​မ​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို ခမည်းတော်​သည် ခုတ်​ပစ်​တော်မူ​၏။ အသီး​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို​မူ ပို၍​အသီး​သီး​စေရန် ကိုင်းဖြတ်​ပြုပြင်​တော်မူ​၏။ သင်​တို့​အား ငါ​ဟောပြော​သော​တရား​စကား​အားဖြင့် သင်​တို့​သည်စင်ကြယ်​လျက်​ရှိ​ကြ​ပြီ။ ငါ​၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​၌​တည်​နေ​မည်။ စပျစ်​ကိုင်း​သည် စပျစ်​ပင်​၌​မ​တည်​မ​နေ​လျှင် အလိုအလျောက်​အသီး​မ​သီး​နိုင်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​၌​မ​တည်​မ​နေ​လျှင် အသီး​မ​သီး​နိုင်။ ငါ​သည် စပျစ်​ပင်​ဖြစ်​၏။ သင်​တို့​သည် အကိုင်းအခက်​များ​ဖြစ်​ကြ​၏။ မည်သူမဆို​ငါ​၌​တည်​နေ​၍ ငါ​သည်​လည်း သူ​၌​တည်​နေ​လျှင် ထို​သူ​သည် များစွာ​သော​အသီး​ကို​သီး​တတ်​၏။ ငါ​နှင့်​ကင်းကွာ​လျှင် သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်​ကြ။ တစ်စုံတစ်ဦး​သည် ငါ​၌​မ​တည်​မ​နေ​လျှင် အကိုင်းအခက်​ကဲ့သို့ အပြင်​သို့​လွှတ်ပစ်​ခြင်း​ခံရ​၍ ညှိုးနွမ်း​ခြောက်သွေ့​သွား​ရ​၏။ လူ​တို့​သည် ၎င်း​တို့​ကို​စုစည်း​လျက် မီး​ထဲသို့​ပစ်ချ​လိုက်​ကြ​သဖြင့် လောင်ကျွမ်း​သွား​၏။ သင်​တို့​သည် ငါ​၌​တည်​နေ​၍ ငါ့​စကား​တို့​သည် သင်​တို့​၌​တည်​နေ​လျှင် သင်​တို့​လိုချင်​သမျှ​တို့​ကို တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​အတွက် ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။ သင်​တို့​သည် များစွာ​သော​အသီး​ကို​သီး​လျက် ငါ​၏​တပည့်​များ​ဖြစ်​ခြင်း​အားဖြင့် ငါ့​ခမည်းတော်​သည် ဘုန်း​ထင်ရှား​တော်မူ​၏။ ခမည်းတော်​သည် ငါ့​ကို​ချစ်​တော်မူ​သကဲ့သို့ ငါ​သည် သင်​တို့​ကို​ချစ်​၏။ ငါ​၏​ချစ်​ခြင်း​မေတ္တာ​၌ တည်​နေ​ကြ​လော့။ ငါ​သည် ငါ့​ခမည်းတော်​၏​ပညတ်​ချက်​များ​ကို စောင့်ထိန်း​၍ ခမည်းတော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​၌ တည်​နေ​သကဲ့သို့ သင်​တို့​သည် ငါ​၏​ပညတ်​ချက်​များ​ကို​စောင့်ထိန်း​လျှင် ငါ​၏​ချစ်​ခြင်း​မေတ္တာ​၌ တည်​နေ​ကြ​လိမ့်မည်။ သင်​တို့​၌ ငါ​၏​ဝမ်းမြောက်​ခြင်း​တည်​နေ​၍ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​သည် ပြည့်ဝ​စုံလင်​မည့်​အကြောင်း ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​၏။ ငါ​၏​ပညတ်​ချက်​ကား ‘ငါ​သည် သင်​တို့​ကို​ချစ်​သကဲ့သို့ သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့’ဟူ၍ ဖြစ်​၏။ မိမိ​၏​မိတ်ဆွေ​များ​အတွက် ကိုယ့်​အသက်​ကို​စွန့်​ခြင်း​ထက် ပို၍​မြတ်​သော​ချစ်​ခြင်း​မေတ္တာ​သည် မည်သူ​၌​မျှ​မ​ရှိ။ သင်​တို့​အား ငါ​ပညတ်​သည့်​အရာ​တို့​ကို သင်​တို့​ကျင့်သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​၏။ ငါ​သည် သင်​တို့​ကို ကျွန်​ဟူ၍​ခေါ်​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ကျွန်​သည် မိမိ​သခင်​ပြု​နေ​သော​အရာ​ကို​မ​သိ။ ငါ့​ခမည်းတော်​ထံမှ ကြားနာ​ခဲ့​သော​အရာ​အားလုံး​ကို သင်​တို့​အား ငါ​သိ​စေ​ခဲ့​ပြီ​ဖြစ်​သောကြောင့် သင်​တို့​ကို မိတ်ဆွေ​ဟူ၍ ငါ​ခေါ်​၏။ သင်​တို့​သည် ငါ့​ကို​ရွေးကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သာလျှင် သင်​တို့​ကို​ရွေးကောက်​သဖြင့် သင်​တို့​သည်​သွား​လျက် အသီး​ကို​သီး​၍ သင်​တို့​၏​အသီး​တည်မြဲ​မည့်​အကြောင်း​နှင့် ငါ့​နာမ​၌ ခမည်းတော်​အား တောင်းလျှောက်​သမျှ​တို့​ကို သင်​တို့​အား ခမည်းတော်​ပေး​တော်မူ​မည့်​အကြောင်း သင်​တို့​ကို ငါ​ခန့်ထား​၏။ သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့​ဟူသော ဤ​ပညတ်​ကို သင်​တို့​အား ငါ​ပေး​၏။