YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 18:28-38

ရှင်ယောဟန် 18:28-38 Judson Bible (JBMLE)

နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယေ​ရှု​ကို က​ယာ​ဖ​ထံ​မှ အိမ်​တော်​ဦး​သို့ ဆောင်​သွား​ကြ၏။ ထို​သူ​တို့​သည် အာ​ပတ်​နှင့်​ကင်း​လွတ်၍ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်​အ​ကြောင်း အိမ်​တော်​ဦး​ထဲ​သို့ ကိုယ်​တိုင်​မ​ဝင်​ကြ။- ထို​ကြောင့် ပိ​လတ်​မင်း​သည် သူ​တို့​ရှိ​ရာ​သို့​ထွက်၍ ဤ​သူ၌​အ​ဘယ်​အ​ပြစ်​ကို တင်​ကြ​သ​နည်း​ဟု မေး​သော်၊- ဤ​သူ​သည် လူ​ဆိုး​မ​ဟုတ်​လျှင် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၌​မ​အပ်​ပါ​ဟု လျှောက်​ကြ၏။- ပိ​လတ်​မင်း​က​လည်း၊ သူ့​ကို​ယူ၍ သင်​တို့ ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ကြ​ဟု​ဆို၏။ ယု​ဒ​လူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သူ​ကို​မျှ မ​သတ်​ပိုင်​ပါ​ဟု​လျှောက်​ကြ၏။- ထို​သို့​လျှောက်​သော်၊ ယေ​ရှု​သည်​အ​ဘယ်​သို့ မိ​မိ​သေ​ရ​မည်​အ​ရိပ်​ကို​ပေး၍၊ မိန့်​တော်​မူ​သော​စ​ကား​တော် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။ ပိ​လတ်​မင်း​သည် အိမ်​တော်​ဦး​ထဲ​သို့ တစ်​ဖန်​ဝင်၍​ယေ​ရှု​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု​မေး၏။- ယေ​ရှု​က​လည်း၊ မင်း​ကြီး​သည် ကိုယ်​အ​လို​အ​လျောက် ဤ​သို့​မေး​သ​လော၊ သို့​မ​ဟုတ် သူ​တစ်​ပါး​တို့​သည် ငါ၏​အ​ကြောင်း​ကို လျှောက်​ကြ​ပြီ​လော​ဟု မေး​တော်​မူ၏။- ပိ​လတ်​မင်း​က၊ ငါ​သည်​ယု​ဒ​လူ​ဖြစ်​သ​လော။ သင်၏​လူ​မျိုး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် သင့်​ကို​ငါ၌​အပ်​ကြ​ပြီ။ သင်​သည် အ​ဘယ်​သို့​ပြု​မိ​သ​နည်း​ဟု မေး​လျှင်၊- ယေ​ရှု​က၊ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​စပ်​ဆိုင်။ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့် စပ်​ဆိုင်​လျှင်၊ ငါ​သည် ယု​ဒ​လူ​တို့​လက်​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​လူ​တို့​သည် တိုက်​လှန်​ကြ​လိမ့်​မည်။ ယ​ခု​မူ​ကား ငါ၏​နိုင်​ငံ​သည် ဤ​ဒေ​သ​အ​ရပ်​နှင့် မ​စပ်​ဆိုင်​ဟု မိန့်​တော်​မူ၏။- ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။- ပိ​လတ်​မင်း​က​လည်း၊ သ​မ္မာ​တ​ရား​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​ပြီး​မှ တစ်​ဖန် ယု​ဒ​လူ​တို့​ရှိ​ရာ​သို့​ထွက်၍၊ ဤ​သူ၌​အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့။

ရှင်ယောဟန် 18:28-38 Common Language Bible (BCL)

လူ​တို့​သည်​သ​ခင်​ယေ​ရှု​အား​က​ယာ​ဖ​ထံ​မှ ဘု​ရင်​ခံ​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ ၏။ အ​ချိန်​ကား​နံ​နက်​စော​စော​ဖြစ်​၏။ ယု​ဒ အ​မျိုး​သား​တို့​သည်​ပ​သ​ခါ​ည​စာ​စား​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​လို​သ​ဖြင့်​အိမ်​တော်​ထဲ​သို့​မ​ဝင် ကြ။- သို့​ဖြစ်​၍​ပိ​လတ်​မင်း​သည်​ထို​သူ​တို့​နှင့်​တွေ့​ဆုံ ရန်​အ​ပြင်​သို့​ထွက်​လာ​ပြီး​လျှင် ``ဤ​သူ​အား အ​ဘယ်​ပြစ်​မှု​နှင့်​စွပ်​စွဲ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က ``ဤ​သူ​သည်​ပြစ်​မှု​တစ်​စုံ​တစ်​ရာ ကူး​လွန်​သူ​မ​ဟုတ်​ပါ​က သူ့​အား​အ​ရှင့်​ထံ​သို့ အ​ကျွန်ုပ်​တို့​ခေါ်​ဆောင်​လာ​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ကြ​၏။ ပိ​လတ်​မင်း​က​လည်း ``သင်​တို့​ကိုယ်​တိုင်​ပင်​သူ့ အား​ယူ​ဆောင်​သွား​ကြ​လော့။ သင်​တို့​၏​တ​ရား ဥ​ပ​ဒေ​အ​ရ​စစ်​ဆေး​စီ​ရင်​ကြ​လော့'' ဟု ဆို​၏။ ယု​ဒ​အ​မျိုး​သား​တို့​က ``အ​ကျွန်ုပ်​တို့​မှာ​လူ တစ်​စုံ​တစ်​ယောက်​ကို​သေ​မိန့်​ပေး​ပိုင်​ခွင့်​မ​ရှိ ပါ'' ဟု​ပြန်​၍​လျှောက်​ကြ​၏။- (ဤ​သို့​လျှောက်​ကြ​ခြင်း​မှာ​မိ​မိ​အ​ဘယ်​သို့ သေ​ရ​မည်​ကို​သ​ခင်​ယေ​ရှု​မိန့်​မြွက်​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။) ပိ​လတ်​မင်း​သည်​အိမ်​တော်​ထဲ​သို့​ပြန်​၍​ဝင် ပြီး​လျှင်​သ​ခင်​ယေ​ရှု​အား​ခေါ်​ယူ​ကာ ``သင် သည်​ယု​ဒ​ရှင်​ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``ဤ​မေး​ခွန်း​ကို မင်း​ကြီး အ​လို​အ​လျောက်​မေး​ပါ​သ​လော။ သို့​မ​ဟုတ် ငါ​၏​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​လျှောက် ထား​ကြ​ပြီ​လော'' ဟု​မေး​တော်​မူ​၏။ ပိ​လတ်​မင်း​က ``သင်​သည်​ငါ့​ကို​ယု​ဒ​အ​မျိုး သား​တစ်​ယောက်​ဟု​ထင်​မှတ်​ပါ​သ​လော။ သင့် ကို​ငါ့​ထံ​သို့​ပို့​အပ်​လာ​သူ​များ​ကား​သင်​၏ အ​မျိုး​သား​များ​နှင့်​သူ​တို့​၏​ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ပင်​ဖြစ်​၏။ သင်​သည်​အ​ဘယ်​အ​မှု ကို​ပြု​မိ​ပါ​သ​နည်း'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​နိုင်​ငံ​သည်​ဤ​လော​က​နှင့် မ​သက်​ဆိုင်။ အ​ကယ်​၍​ငါ့​နိုင်​ငံ​သည်​ဤ​လော​က နှင့်​သက်​ဆိုင်​ပါ​မူ ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့ လက်​သို့​မ​ရောက်​ရ​အောင်​ငါ​၏​တ​ပည့်​တို့​သည် တိုက်​ခိုက်​ကြ​မည်။ အ​မှန်​စင်​စစ်​ငါ​၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​သက်​ဆိုင်'' ဟု​မိန့်​တော်​မူ​၏။ ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​သင်​သည်​ရှင် ဘု​ရင်​လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​ဆို​သည့်​အ​တိုင်း ရှင်​ဘု​ရင်​ဖြစ်​၏။ ငါ​သည်​သမ္မာ​တ​ရား​ကို​ဟော ပြော​ခြင်း​ငှာ​မွေး​ဖွား​ခြင်း​ကို​ခံ​၍​ဤ​လော​က သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​သက်​ဆိုင်​သူ​မှန် သ​မျှ​သည် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​သည်'' ဟု​မိန့်​တော်​မူ​၏။- ပိ​လတ်​မင်း​က ``သမ္မာ​တ​ရား​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။

ရှင်ယောဟန် 18:28-38 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် ယေရှု​ကို ကယာဖ​ထံမှ ဘုရင်ခံ​ရုံးတော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။ အချိန်​ကား နံနက်​စောစော​အချိန်​ဖြစ်​၏။ သူ​တို့​သည် ညစ်ညူး​ခြင်း​နှင့်​ကင်းလွတ်​၍ ပသခါ​ပွဲတော်​ကို​စား​နိုင်​ရန် ရုံးတော်​ထဲသို့​မ​ဝင်​ဘဲ​နေ​ကြ​၏။ ထို့ကြောင့် ပိလတ်​မင်း​သည် သူ​တို့​ရှိ​ရာ​အပြင်​သို့ ထွက်လာ​၍ “သင်​တို့​သည် ဤ​သူ​အပေါ်၌ မည်သည့်​စွပ်စွဲ​ချက်​ကို တင်​ကြ​သနည်း”​ဟု မေး​လေ​၏။ သူ​တို့​က​လည်း “ဤ​သူ​သည် အပြစ်​ကျူးလွန်​သူ​မ​ဟုတ်​လျှင် သူ့​ကို အရှင့်​ထံသို့ အပ်နှံ​ကြ​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​၍​လျှောက်​ကြ​၏။ ထိုအခါ ပိလတ်​မင်း​က “သင်​တို့​ကိုယ်တိုင် သူ့​ကို​ခေါ်သွား​၍ သင်​တို့​၏​ပညတ်​တရား​အတိုင်း စီရင်​ကြ​ပါ”​ဟု ဆို​၏။ ဂျူး​လူမျိုး​တို့​က​လည်း “အကျွန်ုပ်​တို့​၌ မည်သူ့​ကို​မျှ ကွပ်မျက်​ပိုင်​ခွင့်​မ​ရှိ​ပါ”​ဟု လျှောက်​ကြ​၏။ ဤသည်ကား မိမိ​သည် မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အသေခံ​ရ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခဲ့​သော ယေရှု​၏​စကား​ပြည့်စုံ​စေ​မည့်​အကြောင်း​တည်း။ ထို့ကြောင့် ပိလတ်​မင်း​သည် ရုံးတော်​ထဲသို့ ပြန်​ဝင်​၍ ယေရှု​ကို​ခေါ်​ပြီးလျှင် “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု မေး​လေ​၏။ ယေရှု​က“သင်​သည် ကိုယ့်​ဆန္ဒ​အလျောက် ဤသို့​မေး​သလော၊ သို့မဟုတ် အခြား​သော​သူ​တို့​သည် သင့်​အား ငါ့​အကြောင်း​ကို ပြော​ကြ​သလော”​ဟု ပြန်​၍​မေး​တော်မူ​၏။ ပိလတ်​မင်း​က “ငါ​သည် ဂျူး​လူမျိုး​ဖြစ်​သလော။ သင်​၏​အမျိုးသား​ချင်း​နှင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် သင့်​ကို ငါ့​ထံ​အပ်နှံ​ကြ​ပြီ။ သင်​မည်သည့်​အရာ​ကို​ပြု​မိ​သနည်း”​ဟု မေး​လေ​၏။ ယေရှု​က“ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​မ​စပ်ဆိုင်။ ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​စပ်ဆိုင်​ခဲ့​လျှင် ငါ​သည် ဂျူး​လူမျိုး​တို့​လက်​သို့ အပ်နှံ​ခြင်း​မ​ခံရ​ရန် ငါ့​လူ​တို့​သည် တိုက်ခိုက်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် ယခုတွင် ငါ့​နိုင်ငံ​သည် ဤ​နေရာ​မှ​ဖြစ်တည်​သည်​မဟုတ်”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် ပိလတ်​မင်း​က “သို့ဖြစ်လျှင် သင်​သည် ဘုရင်​ပေ​လော”​ဟု ဆို​လျှင် ယေရှု​က“သင်​ဆို​သည့်​အတိုင်း ငါ​သည်​ဘုရင်​ပေ​တည်း။ ငါ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ရန် မွေးဖွား​ခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့​ကြွလာ​၏။ သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​တိုင်း ငါ့​အသံ​ကို​နားထောင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ပိလတ်​မင်း​က “သမ္မာတရား​ဆို​သည်​မှာ အဘယ်​နည်း”​ဟု ဆို​ပြီးလျှင် ဂျူး​လူမျိုး​တို့​ရှိ​ရာ​သို့ တစ်ဖန်​ထွက်သွား​၍ “ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့။